Thursday, August 29, 2013

ဝန်ကြီးဌာနများ၌ လူမှုဆက်ဆံရေး ကဏ္ဍတွင် ၀န်ထမ်းပိုမိုခန့်ထားပြီး သတင်းထုတ်ပြန်ရန် အကြံပြု

ဝန်ကြီးဌာနများ၌ လူမှုဆက်ဆံရေး ကဏ္ဍတွင် ၀န်ထမ်းများ ပိုမိုခန့်ထားပြီး သတင်းအချက်အလက်များ ထုတ်ပြန်ပေးရန် မြန်မာအစိုးရကို အမေရိကန်နိုင်ငံမှ အစိုးရ-မီဒီယာ ဆက်ဆံရေးပညာရှင် မာဂရိ(တ်)ဟော(က်)ဇီဆာလီဗန်က တိုက်တွန်းခဲ့သည်။

သြဂုတ် ၂၈ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်ရှိ Yangon Journalism School တွင် ပြုလုပ်ခဲ့သည့် "အစိုးရ အရာရှိများနှင့် အောင်မြင်သည့်ဆက်ဆံရေး တည်ဆောက်ခြင်း" ဆွေးနွေးပွဲတွင် အစိုးရ-မီဒီယာ ဆက်ဆံရေး ပညာရှင် မာဂရိ(တ်)ဟော(က်)ဇီဆာလီဗန်နှင့် သတင်းထောက်များ တွေ့ဆုံစဉ် ၎င်းကထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

"၀န်ကြီးဌာနရဲ့ အကြီးတန်း အရာရှိတွေက သတင်းမီဒီယာတွေကို သတင်းအချက်အလက်တွေ ပိုပေးဖို့နဲ့ ဒီလိုပြုပြင်ပြောင်းလဲရေး ကာလမှာ သတင်းအချက်အလက်တွေ ပိုပေးဖို့ဆိုတာတွေကို အကြံပေးခဲ့ပါတယ်" ဟု ၎င်းက ပြောကြားသည်။

မာဂရိ(တ်)ဟော(က်)ဇီဆာလီဗန်သည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက နေပြည်တော်၌ ၀န်ကြီးဌာနများမှ အဆင့်မြင့် အရာရှိကြီးများ၊ ၀န်ကြီးဌာနများ၏ ပြောရေးဆိုခွင့် ရှိသူများနှင့် တွေ့ဆုံပြီး ဆွေးနွေးမှု ပြုလုပ်ခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။