Saturday, May 25, 2013

ပုသိမ်ကြီးမြို့နယ် ရွှေဘုံသာမြတ်စွာဘုရား ကဆုန်ညောင်ရေသွန်းပွဲနှင့် လှေပြိုင်ပွဲ ကျင်းပ


5.25.21

ရွှေဘုံသာမြတ်စွာဘုရား ကဆုန်ညောင်ရေသွန်းပွဲတော်တွင် လှေပြိုင်ပွဲ ကျင်းပနေစဉ် (ဓာတ်ပုံ- အောင်သူ)

မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ဆင်ရွာကြီးကျေးရွာရှိ ရွှေဘုံသာမြတ်စွာဘုရား ကဆုန်ညောင်ရေသွန်း ပွဲတော်တွင် လှေပြိုင်ပွဲများပါ ထည့်သွင်း ကျင်းပခဲ့သည်။

အဆိုပါ လှေပြိုင်ပွဲကို နှစ်စဉ်ထည့်သွင်း ကျင်းပလေ့ရှိပြီး ကဆုန်လဆန်း ၁၃ ရက်နှင့် ၁၄ ရက်များမှ စတင်၍ ကဆုန်လပြည့်နေ့အထိ ကျင်းပပြုလုပ်ရာ ပုသိမ်ကြီး မြို့နယ် အနီးဝန်းကျင်ရှိ နွယ်နီ၊ ကံသာ၊ ငြိမ်းချမ်းသာစံ၊ နတ်စိမ်း စသည့်ကျေးရွာများ အပါအ၀င် ဆင်ရွာကြီးကျေးရွာရှိ အောင်မင်္ဂလာ၊ စည်ပင်သာ၊ မဟာဝန်ဆင်မှူး၊ ရွှေရတနာ ရပ်ကွက်များမှ လှေအသင်း ၁၆ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

''ရေကြောင်း အတတ်ပညာ စွမ်းရည်မြင့်မားအောင်ဆိုပြီး အခုလို လှေပြိုင်ပွဲ ထည့်သွင်း ကျင်းပတာပါ။ စိတ်ဓာတ်တက်ကြွပြီး ဇာတိစိတ်၊ ဇာတိမာန် ရှင်သန်စေဖို့ ဟိုးအရင်ကတည်းက ပြုလုပ်ခဲ့ပေမယ့် အခုနောက်ပိုင်း ပျော်ပွဲရွှင်ပွဲ သဘောမျိုးလောက်ပဲ ထည့်သွင်းကျင်းပ လာကြတယ်'' ဟု ဆင်ရွာကြီးကျေးရွာရှိ အသက် ၈၉ နှစ်အရွယ်ဦး လူမော်က ပြောကြားသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။