Saturday, May 25, 2013

ကျောက်တံတားနှင့် ဗိုလ်တထောင်မြို့နယ်တို့ အတွင်းရှိ အဆောက်အအုံများကို ဖြိုဖျက်ခြင်းထက် အကြီးစား ပြင်ဆင်မှုကိုသာ ဦးစားပေး ခွင့်ပြုသွားမည်

5.25.4

ကျောက်တံတားမြို့နယ်အတွင်း ပြင်ဆင်မှုပြုလုပ်နေသည့် ရှေးဟောင်း အဆောက်အအုံ တစ်လုံးအား မေ ၂၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ကျော်ထင်)

ရန်ကုန်မြို့ရှိ ရှေးဟောင်း အထိမ်းအမှတ် အဆာက်အအုံများ အများဆုံး တည်ရှိရာဇုန်အဖြစ် သတ်မှတ်ထားသည့် ကျောက်တံတားနှင့် ဗိုလ်တထောင်မြို့နယ်တို့ အတွင်းရှိ အဆောက်အအုံများအား ဖြိုဖျက်၍ အသစ်ပြန်လည် ဆောက်လုပ်ခြင်းထက် အကြီးစား ပြင်ဆင်မှုကိုသာ ဦးစားပေး ခွင့်ပြုသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာရေး ကော်မတီ၊ အဆောက်အအုံ ဌာနမှ သိရသည်။

အဆိုပါမြို့နယ်များ အတွင်းရှိ အဆောက်အအုံများမှာ ရှေးဟောင်းအဆောက်အအုံ အများစု ဖြစ်သောကြောင့် ယင်းတို့ကို ထိန်းသိမ်းနိုင်ရန်အတွက် အသစ်ပြန်လည် ဆောက်လုပ်ခြင်းကို ကန့်သတ်လိုက်သည့် သဘောဖြစ်ပြီး အသစ်ဆောက်လုပ်ခြင်းထက် အကြီးစား ပြင်ဆင်မှုကိုသာ ဦးစားပေး ခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ သို့သော် အန္တရာယ်ရှိ၍ မဖြစ်မနေ ဖြိုဖျက်ဆောက်ရမည့် အဆောက်အအုံများ ရှိလာပါကမူ ပြန်လည် ညှိနှိုင်းကာ စဉ်းစားဆုံးဖြတ် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲသို့ အဖြစ်မနေ ဖြိုဖျက်၍ ပြန်လည်ဆောက်လုပ်ရန် တင်ပြမှုများ ရှိလာပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ရန်ကုန်မြို့ရှိ ရှေးဟောင်းအဆောက်အအုံ ထိန်းသိမ်းရေးအဖွဲ့ YHT (Yangon Heritage Trust) တို့ ပြန်လည်ညှိနှိုင်းခြင်း ဆုံးဖြတ်ခြင်း ဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် လေးလခန့်က ကျောက်တံတားမြို့နယ်၊ ပန်းဆိုတန်း လမ်းမပေါ်ရှိ ရှေးဟောင်းလူနေ အဆောက်အအုံ တစ်ခုမှာ အန္တရာယ်ရှိသောကြောင့် အန္တရာယ်ရှိ အဆောက်အအုံအဖြစ် လျောက်ထားကာ အသစ်ပြန်လည် ဖြိုဖျက်၍ ဆောက်လုပ်မည့်အပေါ် ဆောက်လုပ်မည့် ကန်ထရိုက်တာမှ ၎င်းတို့ ပုံစံဖြင့် တည်ဆောက်မည့် ကိစ္စအပေါ် ရန်ကုန်မြို့ရှိ ရှေးဟောင်းအဆောက်အအုံ ထိန်းသိမ်းရေးအဖွဲ့ YHT က ကန့်ကွက်ခဲ့ကြောင်း၊ ထို့နောက် YHT နှင့် ကန်ထရိုက်တို့၏ ပြန်လည်ညှိနှိုင်းမှုအရ အဆောက်အအုံ၏ ရှေ့မျက်နှာစာ လုံးဝဖြိုဖျက်ခြင်း မပြုဘဲ ချန်လှန်ထားကာ အဆောက်အအုံ အတွင်းပိုင်း ဒီဇိုင်းကိုလည်း မြန်မာနိုင်ငံ ဗိသုကာအသင်းမှ ရေးဆွဲပေးသည့် ရှေးဟောင်း ဒီဇိုင်းအတိုင်းပင် ဆောက်လုပ်ရန် သဘောတူညီခဲ့ကြသည်ဟု သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။