Saturday, March 16, 2013

ဖီဖာမှထုတ်ပြန်သော မတ်လအတွက် ကမ္ဘာ့အဆင့် သတ်မှတ်ချက်အရ မြန်မာလက်ရွေးစင် အမျိုးသားအသင်း အာဆီယံဒေသတွင်း၌ အဆင့်(၄)နေရာ ရောက်ရှိလာ

မြန်မာ့လက်ရွေးစင် အမျိုးသား ဘောလုံးအသင်းသည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) မှ ထုတ်ပြန်သော မတ်လအတွက် ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် ရမှတ် (၁၄၇) မှတ်ရရှိခဲ့ပြီး အဆင့် (၉) ဆင့် တက်လာကာ အဆီယံဒေသ အတွင်း၌ အဆင့်(၄)နေရာ ရောက်ရှိလားကြောင်း သိရှိရသည်။ မြန်မာ အသင်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် အဆင့်(၁၆၄)ရှိခဲ့ပြီး ယခုထုတ်ပြန်မှုအရ အဆင့်(၉)ဆင့် တက်လာပြီး ကမ္ဘာ့အဆင့် (၁၅၅)သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

မြန်မာအသင်းသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ကျင်းပခဲ့သော AFC Challenge Cup ခြေစစ်ပွဲစဉ်များတွင် ဂူအမ်နှင့် အိန္ဒိယအသင်းများကို အနိုင်ရရှိပြီး တိုင်ပေအသင်းနှင့် သရေကျကာ ရလဒ်များ ကောင်းမွန်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ အဆင့်မြင့်တက် လာခဲ့ခြင်းလည်း ဖြစ်သည်။

မတ်လရပ်တည်မှုအရ အာဆီယံဒေသတွင် မြန်မာအသင်းသည် အဆင့် (၄) နေရာသို့ ရောက်ရှိလာခဲ့ပြီး ဗီယက်နမ်အသင်းက ရမှတ် (၂၃၉) မှတ်ဖြင့် အဆင့်(၁)နေရာကို ဦးဆောင်ထားသည်။     မတ်လကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် စပိန်အသင်းက ရမှတ်(၁၆၁၀)ဖြင့် ဦးဆောင်ထားပြီး အာရှအဆင့် (၁) နေရာကို ဂျပန်အသင်းက ရမှတ်(၈၁၁)မှတ်ဖြင့် ရရှိထားသည်။

အရှေ့တောင်အရှအသင်းများရပ်တည်မှု

အဆင့်                  အသင်း(ရမှတ်)

၁၂၉။            ဗီယက်နမ်(ရမှတ်-၂၃၉မှတ်)

၁၃၅။            ထိုင်း(ရမှတ်-၂၂၀မှတ်)

၁၄၅။            ဖိလစ်ပိုင်(ရမှတ်-၁၇၃မှတ်)

၁၅၅။            မြန်မာ(ရမှတ်-၁၄၇မှတ်)

၁၆၂။            စင်ကာပူ(ရမှတ်-၁၃၃မှတ်)

၁၆၄။            မလေးရှား(ရမှတ်-၁၂၉မှတ်)

၁၆၆။            အင်ဒိုနီးရှား(ရမှတ်-၁၂၁မှတ်)

၁၆၈။            လာအို(ရမှတ်-၁၁၈မှတ်)

၁၈၅။            ကမ္ဘောဒီးယား(ရမှတ်-၅၈မှတ်)

၁၈၆။            ဘရူနိုင်း(ရမှတ်-၅၂မှတ်)

၁၈၆။            အရှေ့တီမော(ရမှတ်-၅၂မှတ်)

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။