Saturday, March 16, 2013

အခွန်ကင်းရှင်းကြောင်း သက်သေခံ မယူဘဲ ပြည်ပသို့ သွားရောက်နိုင်

ရန်ကုန် (မဇ္ဈိမ)။   ။ မြန်မာနိုင်ငံသားများအနေဖြင့် ပြည်ပသို့ အကြောင်းအမျိုးမျိုးဖြင့် ခရီးထွက်ခွါရာတွင် မတ်လ ၁၅ ရက်နေ့မှ စတင်၍ အခွန်ကင်းရှင်းကြောင်း သက်သေခံ လက်မှတ် မလိုဘဲ ထွက်ခွါနိုင်ပြီဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ သိရသည်။

"ပြည်သူလူထု၏ အခက်အခဲအတားအဆီးများကို ဖြေလျှော့ဆောင်ရွက်ပေးသည့်အနေဖြင့် ပြည်ပ ထွက်ခွါမည့် သူများ အားလုံးဟာ (အခွန်ကြွေးကျန်ရှိသူတွေမှ အပ) သက်သေခံလက်မှတ် ဂ ပုံစံ ( ပတခ-၀င-၁၂) ထောက်ခံချက် မလိုဘဲ ပြည်ပကို ခရီးသွားလာနိုင်ပြီ ဖြစ်ပါတယ်" ဟု ဝန်ကြီးဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။

ယခင်က ပြည်ပသို့ ခရီးသွားမည့် နိုင်ငံသားများအနေဖြင့် ပြည်တွင်းအခွန်များဦးစီးဌာန၏ အခွန်ကင်းရှင်းကြောင်း သက်သေခံ လက်မှတ် ဂ ပုံစံ ရယူရန် လိုအပ်ခဲ့သည်။

"အဟန့်အတားတခုကို ထပ်ပြီးဖြည်လျှော့ပေးတာပါပဲ။ ဒီပုံစံ တခုကို ရရှိဖို့ အချိန်တွေ၊ ငွေတွေ၊ လုပ်အားတွေ
ပေးဆပ်ကြရတာပါ။ အထူးသဖြင့် အချိန်လု လုပ်ကိုင်နေရတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေအတွက် အတော်အဆင်
ပြေသွားမယ်။ အရေးတကြီးကိစ္စ ပေါ်လာရင် ချက်ချင်း သွားလို့ရပြီ" ဟု ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဒုတိယ ဥက္ကဋ္ဌ ဦးနှင်းဦး က ဆိုသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။