Thursday, March 21, 2013

မိတ္ထီလာ ပဋိပက္ခနင့်ပတ်သတ်၍ သံဃာ ၁ ပါးနင့် လူတစ်ဦးသေဆုံး

၁၇း၅၅ အချိန်တွင် အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ အောက်ပါ ၆ ဦး(သံဃာ ၁ ပါး၊ ကျား ၅ ဦး)တို့ မိတ်္ထီလာ ဆေးရုံသို့ ရောက်ရှိ ဆေးကုသမှု ခံယူလျက်ရှိပြီး သံဃာ ၁ ပါးမှာ မန္တလေး ဆေးရုံကြီးသို့ လွှဲပြောင်း ကုသရန် စီစဉ် လျက်ရှိကြောင်း သိရှိရသည်-

(က) သံဃာ ၁ ပါး(ဘွဲ့အမည် စိစစ်ဆဲ)၊ မီးလောင် ဒဏ်ရာ။

(ခ ) မောင်မောင်သိန်း (၂၂) နှစ်၊ (ဘ) ဦးလှထွန်း၊ ၀မ်းတော်ပြည့် တိုးချဲ့ရပ်၊ မိတ်္ထီလာမြို့ နေသူ၏ ဦးခေါင်းဝဲ ဘက်ဂျိုစောင်း၊ ယာလက်မောင်း ပေါက်ပြဲပြတ်ရှ၊ ယာခြေမပေါက်ပြဲ၊ ဦးခေါင်းထိပ်ယာဂျိုစောင်းပေါက်ပြဲ၊ ၀ဲဒူးပွန်းပဲ့ဖူးရောင်ဒဏ်ရာ(မစိုးရိမ်ရ)။

(ဂ ) ကိုမင်း(၁၈)နှစ်၊ (ဘ)ဦးတင်ရွှေ၊ ရွှေမန်းသာရပ်၊ အောင်လံမြို့နေသူ၏ ၀ဲလက် ဖမိုးပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)။

(ဃ) ခင်မောင်လွင်(၅၀)နှစ်၊ (ဘ)ဦးသန်းဆွေ၊ သာယာကုန်း(၁)ရပ်ကွက်၊ မိတ်္ထီလာမြို့ နေသူ၏ ၀ဲဂျိုစောင်း/၀ဲနားရွက်/၀ဲနားထင်ပေါက်ပြဲ၊ ၀ဲလက်ဖျံဖူး ရောင်ဒဏ်ရာ(မစိုးရိမ်ရ)။

(င) ကိုဇော်(၂၃)နှစ်၊ (ဘ)ဦးသန်းထွန်း၊ အောင်ဇေယျာရပ်ကွက်၊ မိတ်္ထီလာမြို့ နေသူ၏ ယာပါး ပေါက်ပြဲ၊ ဦးခေါင်း ထိပ်ပေါက် ပြဲဒဏ်ရာ (မစိုးရိမ်ရ)။

(စ ) သန်းမြင့်နိုင်(၂၆)နှစ်၊ (ဘ) ဦးမောင်မောင်မြင့်၊ သီရိ မင်္ဂလာ ရပ်ကွက်၊ မိတ်္ထီလာမြို့ နေသူတွင် မီးလောင်ဒဏ်ရာ။

၂၀၅၅ အချိန်တွင် ဆေးရုံ တက်ရောက် ကုသ လျက်ရှိသော သံဃာနှင့် သန်းမြင့် နိုင်တို့သည် မီးလောင် ဒဏ်ရာဖြင့် သေဆုံး ခဲ့ကြောင်း သိရှိ ရသည်။ ၂၁၄၅ အချိန်တွင် ပုဒ်မ ၁၄၄ ထုတ်ပြန် ခဲ့ကြောင်း သတင်း ရရှိသည်။ 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။