Thursday, March 21, 2013

ထောင်ဂဏန်းဖုန်း မည်သို့ ရောင်းချမည်ဆိုသည်ကို ဆက်သွယ်ရေးပင် မသိသေး

ဧပြီလ ၁ ရက်၌ စတင်၍ အထူး နှုန်းဖြင့် ချထား ပေးမည့် ဖုန်းများအား မည်သို့ ရောင်းချ ပေးမည် ဆိုသည်ကို ယနေ့ အချိန် အထိ မသိ သေးကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

''ဘယ်လို ပုံစံနဲ့ ရောင်းပေးမယ် ဆိုတာကို ဘာမှ ညွှန်ကြားစာ မလာသေး ဘူး။ အထက် လူကြီးတွေ ဆုံးဖြတ် ပြီးမှ သိရမှာပါ။ လူတစ်ယောက်ကို တစ်လုံးပဲ ရောင်းမလား၊ လိုသလောက် ရောင်းမလား ဆိုတာ မသိဘူး။ ကျွန်တော်တို့ ကတော့ အထက်က ခိုင်းတာပဲ လုပ်ရ တာပါ''ဟု မြန်မာ့ ဆက်သွယ် ရေးမှ အရာရှိ တစ်ဦးက ပြောသည်။

သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းမှ ကျပ်ထောင်ဂဏန်းသာရှိမည့် နှုန်းထားဖြင့် ဧပြီလ ၁ ရက်နေ့တွင် ဖုန်း များရောင်းချပေးမည်ဟု ပြောကြားထားသည်။ အဆိုပါ သတင်း များကြောင့် ဖုန်းဝယ် ယူချင် သူအချို့မှ အလွယ် တကူ ဖုန်းဝယ် ယူခွင့် မရမည်ကို စိုးရိမ် နေသည့် အပြင် တစ်ဆင့် ပြန်ရောင်းမည့် မိုဘိုင်း ဟန်းဆက် အရောင်း ဆိုင်များ မှာလည်း ရောင်းခွင့် မရမည်ကို အလားတူ စိုးရိမ် လျက်ရှိ နေကြောင်း သိရသည်။

''သမ ဝါယမမှာ ဆန်၊ ဆီ ဝယ်ရ သလို တန်းစီ ရမယ့်အခြေအနေ ထပ်ဖြစ်မယ် ထင်ပါတယ်။ ဒီတစ်ကြိမ် ဖုန်းဝယ် ရမှာ နှစ်သိန်း ဖုန်းဝယ် ရသလို မျိုးထက် ပိုပြီး ခက်ခဲမယ် ထင်တယ်။ မှောင်ခို ဈေးကွက်လည်း ရှိလာ နိုင်တယ်။ ကျွန်တော်တို့ သုံးချင်တဲ့ သူတွေ ကတော့ ဘယ်လိုပဲ တန်းစီပြီး ရောင်းပေး ပါစေ အလုံးရေ မကန့် သတ်ဘဲ ရောင်းပေး စေချင်တယ်။ တန်းစီပြီး ဖုန်းဝယ် ရမယ့် အဖြစ်ကို ထပ်ပြီး မကြုံစေ ချင်ပါဘူး''ဟု မြောက်ဥက္ကလာပ မြို့နယ်မှ ကို သိန်းသန်းဦးက ပြောသည်။

ယင်းအပြင် ပုဇွန်တောင် မြို့နယ် မှ Htoo မိုဘိုင်း ဖုန်းဆိုင် ပိုင်ရှင် ကလည်း ဆင်းကတ် များအား ဈေးနှုန်း မြှင့်တင ရောင်းရ ခြင်းမှာ ကတ်အလွယ် တကူ ဝယ်ယူ နိုင်ခြင်း မရှိသည့် အတွက် ဖြစ်ကြောင်း အလွယ် တကူ ဝယ်ယူရောင်း ချခွင့် ရရှိ မည်ဆိုပါက ဈေးနှုန်း မြှင့်တင် ရောင်းချ ကြမည် မဟုတ်ဟု ပြောသည်။ 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။