Thursday, March 21, 2013

MNL အမှတ်ပေးပြိုင်ပွဲ မတ်လ (၂၃၊ ၂၄) ရက်တွင် ပြန်လည်ကျင်းပမည်၊ KBZ - ရတနာပုံ၊ ဧရာဝတီ-ရန်ကုန် တို့ တွေ့ဆုံသော ပွဲကောင်းများ ပါဝင်နေ


3.20.5

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် MFF က ကျင်းပပြုလုပ်လျက်ရှိသည့် ၂၀၁၃ MNL အမှတ်ပေး ဘောလုံးပြိုင်ပွဲ ပွဲစဉ် (၆)ကို လာမည့် မတ်လ ၂၃၊ ၂၄ ရက်များတွင် ပြန်လည် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ ယင်းပြိုင်ပွဲကို မြန်မာ့လက်ရွေးစင် အသင်း၏ AFC Challenge Cup ခြေစစ်ပွဲကြောင့် ဖေဖော်ဝါရီလ ၁၀ ရက် ပွဲစဉ်များ အပြီးတွင် ခေတ္တရပ်နား ထားခြင်းလည်း ဖြစ်သည်။

ယခုတစ်ပတ် ပြန်လည်ကျင်းပမည့် ပွဲစဉ် (၆)တွင် အသင်းကြီး အချင်းချင်း တွေ့ဆုံသော ပွဲကောင်းများ ပါဝင်နေပြီး အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှ လက်ရှိချန်ပီယံ ရန်ကုန်အသင်းနှင့် ဧရာဝတီအသင်း၊ KBZ အသင်းနှင့် ရတနာပုံအသင်းတို့ ယှဉ်ပြိုင်ကစားရမည် ဖြစ်ကြောင်း သိရသည်။ ရတနာပုံ အသင်းသည် ရာသီအစတွင် ရလဒ်များ ဆိုးရွားခဲ့သော်လည်း ပြီးခဲ့သည့်ပွဲစဉ် (၅)တွင် အဓိကပြိုင်ဘက် ဇေယျာရွှေမြေ အသင်းကို အနိုင်ရပြီး လမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိလာသည့် အသင်းလည်း ဖြစ်သည်။ KBZ အသင်းသည် လက်ရှိတွင် အမှတ်ပေးဇယား တတိယ နေရာတွင် ရပ်တည်နေသည့် အသင်းလည်း ဖြစ်သည်။

အမှတ်ပေးဇယား ဒုတိယနေရာမှ ဇေယျာရွှေမြေ အသင်းသည် အိမ်ကွင်း၌ ရခိုင်အသင်းနှင့် ကစားရမည်ဖြစ်ပြီး မကွေးအသင်းမှာလည်း ဟံသာဝတီ အသင်းနှင့် တွေ့ဆုံနေလျက် ရှိသည်။ ပွဲစဉ် (၅)အပြီးတွင် ရန်ကုန်အသင်းက ထိပ်ဆုံးနေရာတွင် ဦးဆောင်နေပြီး ဇေယျာရွှေမြေ အသင်းက ဒုတိယ၊ KBZ အသင်းက တတိယနေရာတို့တွင် ရပ်တည်နေသည်။ ပြိုင်ပွဲဝင် အသင်း ၁၂ သင်းတွင် မနောမြေနှင့် ရခိုင်တို့မှာ အမှတ်မရရှိသေးပေ။

3.20.5

3.20.5


No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။