Thursday, December 6, 2012

၂၀၁၃ ဧပြီလကုန်ပိုင်းတွင် ပြည်ပသို့သယ်ဆောင် ဖုန်းပြောခွင့် ရရှိနိုင်မည်

ပြည်တွင်းမှာ အသုံးပြုလျက် ရှိနေတဲ့ မိုဘိုင်းဖုန်း များကို အာဆီယံ နိုင်ငံတွေ အတွင်း သယ်ယူ ပြောဆို နိုင်ခွင့်နဲ့ပတ်သက်ပြီး လာမယ့် ၂၀၁၃ ခုနှစ် ဧပြီ

လကုန်ပိုင်း လောက်မှာ ရရှိအောင် ပြုလုပ် သွားမှာ ဖြစ်တယ်လို့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ လက်ရှိမှာ အာဆီယံ နိုင်ငံများ အတွင်းရှိ ဖုန်းများ အားလုံးကို ပြည်တွင်းသို့ သယ်ဆောင် အသုံးပြု နေနိုင်ပြီ ဖြစ်ပါတယ်။

 

ဒါ့အပြင် အာဆီယံ ၁၀ နိုင်ငံ သာမက တရုတ်၊ ကိုရီးယားနဲ့ ဂျပန် နိုင်ငံမှ ဖုန်းများ ကိုလည်း ပြည်တွင်းမှာ အသုံးပြု နေနိုင်ပြီဖြစ်တဲ့ အတွက် ပြည်တွင်းရှိ ဖုန်းများကိုပါ အခြား အာဆီယံ နိုင်ငံများ အတွင်း သယ်ဆောင်ပြီး အသုံးပြု နေနိုင်အောင် စီစဉ် ဆောင်ရွက် ရတာ ဖြစ်ပါတယ်။ ဒါတင်မကဘဲ ပြည်တွင်း မှာလည်း မိုဘိုင်းလ် ဖုန်းတွေကို အများပြည်သူတွေ အများအပြား အသုံးပြု နိုင်အောင် စီစဉ် ဆောင်ရွက် လျက်ရှိတဲ့ အပြင် လာမယ့်နှစ် မှာလည်း မိုဘိုင်းလ်ဖုန်း စတင် တပ်ဆင်ခ တွေကို ဈေးနှုန်း ထပ်မံ လျှော့ချ ပေးသွားဖို့စီစဉ်ထားတယ် လို့လည်း သိရပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။