မိုဘိုင်းဖုန်းများ၌ 3G Data Service များ ပိုမိုတိုးချဲ့တပ်ဆင်ရန်နှင့် New Hardware Board များ ထပ်မံတိုးချဲ့ရန် Software Upgrade ပြုလုပ်သွားမည် ဖြစ်သဖြင့် ဒီဇင်ဘာလ(၆) ရက်နေ့မှ (၂၆)ရက်နေ့အထိ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် အပါအဝင် နယ်မြို့ကြီး(၁၀)မြို့တွင် GSM ဖုန်းများ (၁၀)မိနစ်ခန့် ဆက်သွယ်မှုယာယီဆိုင်းငံ့ထားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အသိပေးထုတ်ပြန်သည်။
"၁၀ မိနစ်လောက်ကတော့ သိပ်ပြဿနာမရှိပါဘူး။ ကျင့်သားလည်း ရနေပါပြီ။ လုပ်ငန်းလုပ်တဲ့သူတွေတော့မသိဘူး။ ကျွန်တော်တို့လူငယ်တွေအတွက်ကတော့ ဘာမှမဖြစ်ပါဘူး"ဟု ရန်ကုန်မြို့နေ GSM ဖုန်းသုံးစွဲသူ လူငယ်တစ်ဦးက ပြောသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော GSM/UMTS မိုဘိုင်းတိုးချဲ့တပ်ဆင်ရေး စီမံချက်အရ ZTE Radio Access Network(RAN) Equipment များမှာ 3G Data Service များပိုမိုတိုးချဲ့ တပ်ဆင်နိုင်ရန် အတွက် iBSC, , RNC, OMMB, OMMR နှင့် SDR များအား Software Upgrade ပြုလုပ်ခြင်းလုပ်ငန်းများ ပြုလုပ်သွား မည်ဖြစ်သည်။
လုပ်ငန်းဆောင်ရွက်နေသည့် အချိန်များတွင် သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး၊ မြို့များ၌ တပ်ဆင်ထားသော GSM မိုဘိုင်းဖုန်းများသည် (၁၀)မိနစ်ခန့်ဆက်သွယ်ခြင်းဝန်ဆောင်မှု(Voice Service)နှင့် အချက်အလက်ဝန်ဆောင်မှု(Deta Service)များအရ (၁၀)မိနစ် အကြာ ဆိုင်းငံ့သွားမည်ဖြစ်သည်။
ဆက်သွယ်မှု ယာယီဆိုင်းငံ့ထားမည့် မြို့ကြီး(၁၀)မြို့မှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မကွေး၊ မုံရွာ၊ မြစ်ကြီးနား၊ လားရှိုး၊ မူဆယ်၊ မိထ္တီလာနှင့် ပခုက္ကူတို့ ဖြစ်သည်။ အောက်ဖော်ပြပါဇယား၌ Upgrade ပြုလုပ်ခြင်းကြောင့် မိုဘိုင်းဆက်သွယ်မှု လိုင်း ပြတ်တောက်မည့်အချိန်နှင့် မြို့များအား ဖော်ပြလိုက်ပါသည်။
နေ့စွဲ | အကြောင်းအရာ | ဆိုင်းငံ့ချိန်နှင့် နေရာ
|
၆.၁၂.၂၀၁၂ | မကွေးရှိ iBSC, , RNC, OMMB, OMMR တို့အား Upgrade ပြုလုပ်ခြင်း | နံနက်(၀၂း၄၀)နာရီမှ (၀၂း၅၀)နာရီထိ (၁၀)မိနစ် မကွေးတိုင်းဒေသကြီး (ပခုက္ကူ၊ ဂန့်ဂေါ်ခရိုင်မှအပ)
|
၈.၁၂.၂၀၁၂ | ရန်ကုန်(အလုံ)ရှိ iBSC, , RNC, OMMB, OMMR တို့အား Upgrade ပြုလုပ်ခြင်း | နံနက်(၀၂း၄၀)နာရီမှ (၀၂း၅၀)နာရီထိ (၁၀)မိနစ် ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်း
|
၁၁.၁၂.၂၀၁၂ | မန္တလေး(ပြည်ကြီးတံခွန်)ရှိ iBSC, , RNC, OMMB, OMMR တို့အား Upgrade ပြုလုပ်ခြင်း | နံနက်(၀၂း၄၀)နာရီမှ (၀၂း၅၀)နာရီထိ (၁၀)မိနစ် မန္တလေးတိုင်းဒေသကြီး (မိတ္ထီလာခရိုင်မှအပ)
|
၁၃.၁၂.၂၀၁၂ | နေပြည်တော်(ပင်မအိတ်ချိန်း)ရှိ iBSC, , RNC, OMMB, OMMR တို့အား Upgrade ပြုလုပ်ခြင်း | နံနက်(၀၂း၄၀)နာရီမှ (၀၂း၅၀)နာရီထိ (၁၀)မိနစ် နေပြည်တော် (မြောက်ပိုင်း) (3G Only)
|
၁၃.၁၂.၂၀၁၂ | မုံရွာရှိ iBSC, OMMB, OMMR တို့အား Upgrade ပြုလုပ်ခြင်း | နံနက်(၀၂း၄၀)နာရီမှ (၀၂း၅၀)နာရီထိ (၁၀)မိနစ် စစ်ကိုင်းတိုင်းဒေသကြီး
|
၁၄.၁၂.၂၀၁၂ | မုံရွာရှိ RNC, OMMB, OMMR တို့အား Upgrade ပြုလုပ်ခြင်း | နံနက်(၀၂း၄၀)နာရီမှ (၀၂း၅၀)နာရီထိ (၁၀)မိနစ် စစ်ကိုင်းတိုင်းဒေသကြီး (3G Only)
|
၁၅.၁၂.၂၀၁၂ | မြစ်ကြီးနားရှိ iBSC, , RNC, OMMB, OMMR တို့အား Upgrade ပြုလုပ်ခြင်း | နံနက်(၀၁း၄၀)နာရီမှ (၀၁း၅၀)နာရီထိ (၁၀)မိနစ် ကချင်ပြည်နယ်
|
၁၅.၁၂.၂၀၁၂ | မိတ္ထီလာရှိ iBSC, OMMB, OMMR တို့အား Upgrade ပြုလုပ်ခြင်း | နံနက်(၀၁း၄၀)နာရီမှ (၀၁း၅၀)နာရီထိ (၁၀)မိနစ် မိတ္ထီလာခရိုင်
|
၁၆.၁၂.၂၀၁၂ | လားရှိုးရှိ RNC, OMMB, OMMR တို့အား Upgrade ပြုလုပ်ခြင်း | နံနက်(၀၂း၄၀)နာရီမှ (၀၂း၅၀)နာရီထိ (၁၀)မိနစ် ရှမ်းပြည်နယ်မြောက်ပိုင်း (3G Only)
|
၁၇.၁၂.၂၀၁၂ | လားရှိုးရှိ iBSC, OMMB, OMMR တို့အား Upgrade ပြုလုပ်ခြင်း | နံနက်(၀၁း၄၀)နာရီမှ (၀၁း၅၀)နာရီထိ (၁၀)မိနစ် ရှမ်းပြည်နယ်မြောက်ပိုင်း (မူဆယ်ခရိုင်မှအပ)
|
၁၇.၁၂.၂၀၁၂ | မူဆယ်ရှိ iBSC, OMMB, OMMR တို့အား Upgrade ပြုလုပ်ခြင်း | နံနက်(၀၁း၄၀)နာရီမှ (၀၁း၅၀)နာရီထိ (၁၀)မိနစ် ရှမ်းပြည်နယ်မြောက်ပိုင်း (မူဆယ်ခရိုင်မှအပ)
|
၁၈.၁၂.၂၀၁၂ | ရန်ကုန်တိုင်းဒေသကြီး(တောင်ပိုင်း)၊ နေပြည်တော်(မြောက်ပိုင်း)၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) တို့ရှိ ရေဒီယိုစခန်းများတွင် တပ်ဆင် ထားသော SDR (3G) များကို Upgrade ပြုလုပ်ခြင်း | နံနက်(၀၁း၄၀)နာရီမှ (၀၁း၅၀)နာရီထိ (၁၀)မိနစ် ဖော်ပြပါဒေသများ( 3G Only ) |
၁၉.၁၂.၂၀၁၂ | ပခုက္ကူရှိ iBSC, OMMB, OMMR တို့အား Upgrade ပြုလုပ်ခြင်း | နံနက်(၀၁း၄၀)နာရီမှ (၀၁း၅၀)နာရီထိ (၁၀)မိနစ် ပခုက္ကူခရိုင်၊ ဂန့်ဂေါ်ခရိုင်
|
၂၁.၁၂.၂၀၁၂ | မန္တလေး၊ မိတ္ထီလာ၊ မုံရွာ၊ မြစ်ကြီးနား၊ လားရှိုး၊ မူဆယ်တို့ရှိ ရေဒီယိုစခန်းများတွင် တပ်ဆင်ထားသော SDR(2G) များကို Upgrade ပြုလုပ်ခြင်း | နံနက်(၀၁း၄၀)နာရီမှ (၀၁း၅၀)နာရီထိ (၁၀)မိနစ် ဖော်ပြပါဒေသများ |
၂၄.၁၂.၂၀၁၂ | နေပြည်တော်(ပင်မအိတ်ချိန်း)ရှိ iBSC, OMMB, OMMR တို့အား Upgrade ပြုလုပ်ခြင်း | နံနက်(၀၂း၄၀)နာရီမှ (၀၂း၅၀)နာရီထိ (၁၀)မိနစ် နေပြည်တော်(မြောက်ပိုင်း) |
၂၆.၁၂.၂၀၁၂ | ရန်ကုန်တိုင်းဒေသကြီး(တောင်ပိုင်း)၊ နေပြည်တော်(မြောက်ပိုင်း)၊ မကွေးတိုင်းဒေသကြီးတို့ရှိ ရေဒီယိုစခန်းများတွင် တပ်ဆင် ထားသော SDR (2G) များကို Upgrade ပြုလုပ်ခြင်း | နံနက်(၀၁း၄၀)နာရီမှ (၀၁း၅၀)နာရီထိ (၁၀)မိနစ် ဖော်ပြပါဒေသများ |

No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။