Wednesday, September 12, 2012

Omyanmar Online Shopping Mall တွင် MyanPayဖြင့် ဝန်ဆောင်မှု တိုးချဲ့ ဆောင်ရွက်မည်


မြန်မာနိုင်ငံ၏ Online Shopping Website များတွင် တစ်ခု အပါအဝင် ဖြစ်သော Omyanmar Online Shopping ဝက်ဘ်ဆိုဒ်တွင် MyanPay အွန်လိုင်းငွေပေးချေမှု စနစ်အား ထည့်သွင်းအသုံးပြု၍ တိုးချဲ့ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း Omyanmar အား ဆောင်ရွက်နေသောIbiz Service Company မှ သိရှိရသည်။ ၄င်းOmaynmar Online Shopping ဝက်ဘ်ဆိုဒ်သည် မြန်မာနိုင်ငံ၏ Online Shopping ဝက်ဘ်ဆိုက်များတွင် တိုးမြှင့်ဝန်ဆောင်မှုပေးခြင်းဖြစ်ကြောင်းသိရသည်။

“ကျွန်တော်တို့ရဲ့ Omyanmar က ၂၀ဝ၉ ခုနှစ်က တည်းကစတင်ပြီးOnline Shopping Mall အနေနဲ့ စတင်ဆောင်ရွက်ခဲ့ တာဖြစ်ပါတယ်။Omyanmar ရဲ့ ဝန်ဆောင်မှုပုံစံက အခုပြင်ပShopping Center တွေမှာ အခန်းတွေငှားပြီး ဆိုင်ဖွင့်ရောင်းသလိုမျိုး Online Shopping Center တစ်ခုအတွင်းမှာဆိုင်တွေ ဖွင့်ပြီး Online ကနေ ကုန်ပစ္စည်းတွေ မည်သူမဆိုရောင်းဝယ်နိုင်အောင် စီစဉ်ပေးတဲ့ ဝန်ဆောင်မှုပါ။ အရင်က အွန်လိုင်းပေး မန့်မရှိသေးတဲ့အတွက် အွန်လိုင်းစီးပွားရေးလုပ်ငန်းတွေအနေနဲ့ လုပ်ငန်းလုပ်ဆောင်ရာမှာ အခက်အခဲတွေ ရှိပါတယ်။
အခု မြန်မာနိုင်ငံမှာMyanPay အွန်လိုင်းပေးမန့်ရှိလာပြီဖြစ်တဲ့အတွက် အဲဒီအွန်လိုင်းပေးမန့်ကို ကျွန်တော်တို့Shopping Mall မှာ သုံးစွဲလိုက်တဲ့ သဘောပါပဲ။ အခုလကုန်ကစပြီး Omyanmar မှာ ငွေ ပေးချေမှုနဲ့ပတ်သက်ပြီး MyanPay Online Payment Gateway ကို အသုံးပြုမှာပါ” ဟု အဆိုပါ ဝန်ဆောင်မှု ကို ဆောင်ရွက်သောIbiz Service Provider Company မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ Omyanmar Online Shopping Mall တွင် ယခုလက်ရှိ ဆိုင်ခန်းပေါင်း ၃၇ ခန်းရှိပြီး မိုဘိုင်းဖုန်း အရောင်းဆိုင်များ၊ နာရီအရောင်းဆိုင်များ၊ ကွန်ပျူတာပစ္စည်းအရောင်းဆိုင်များ၊ အဝတ်အထည်အ ရောင်းဆိုင် များ၊ အိမ်သုံးပစ္စည်းအရောင်းဆိုင်များစသည့် ကုန်ပစ္စည်းအရောင်းဆိုင်များ အပြင် ဝန်ဆောင်မှုများ အတွက် ဖွင့်လှစ်ထားသော ဆိုင်ခန်းများပါ ပါဝင်ကြေင်း သိရသည်။ ထို Omyanmar Online Shopping Mall ၏ ဝက်ဘ်ဆိုက် မှာ www.omyanmar.com ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက ဖုန်း ၆၆၃၆၂၁၊ ဝ၉- ၅၄၀၈၇၁၀ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။