Wednesday, September 12, 2012

ကချင်စစ်ပြေးဒုက္ခသည်များအတွက် နယ်စပ်ဂိတ် များကို ဖွင့်ထားပေးရန် အမေရိကန်က တရုတ်အား တိုက်တွန်း


မြန်မာနိုင်ငံ မြောက်ပိုင်း ကချင် ပြည်နယ်တွင် ဖြစ်ပွား နေသော စစ်ပွဲ များကြောင့် ထွက်ပြေး တိမ်းရှောင် နေကြသည့် မြန်မာ ဒုက္ခသည်များ အတွက် တရုတ်နိုင်ငံက ၎င်းတို့၏ နယ်စပ်ဂိတ်များကို ဖွင့်ထားပေးရန်၊ ဒုက္ခသည်များကို  လက်ခံထားပေးရန် တရုတ်အစိုးရအား အမေရိကန်အစိုးရက တိုက်တွန်း ပြောဆိုလိုက်ကြောင်း သိရသည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဗစ်တိုးရီးယားနျူလင်က “ကျွန်မတို့အနေနဲ့ မြန်မာစစ်ပြေး ဒုက္ခသည်တွေကို နိုင်ငံတကာ အသိုင်းအဝိုင်းက ကူညီအောင်လည်း တိုက်တွန်းဆွေးနွေးထားပါတယ်။ နယ်စပ်မှာရှိနေတဲ့ အဖွဲ့အစည်းတွေနဲ့ ပြန်လည် ရင်ကြားစေ့ရေး လုပ်ဆောင်ပြီး သူတို့တစ်တွေကို နိုင်ငံရေး လုပ်ငန်းစဉ်ထဲမှာ ထည့်သွင်း ပါဝင်စေဖို့ကိုလည်း မြန်မာအစိုးရကို ပြင်းပြင်းထန်ထန် တိုက်တွန်းထားပါတယ်။ 
မြန်မာအရပ်သား ဒုက္ခသည်တွေကို ကုလသမဂ္ဂအနေနဲ့ ကူညီချင်တာတောင် တရုတ်ဘက်က နယ်စပ်ဂိတ်တွေကို ပိတ်ထားရင် ဘယ်လိုမှ ကူညီလို့ မရနိုင်ပါဘူး။ ဒါကြောင့် တရုတ်အစိုးရကို နယ်စပ်ဂိတ်တွေ ဖွင့်ပေးဖို့ တိုက်တွန်းရခြင်း ဖြစ်ပါတယ်။ နောက်ပြီး တရုတ်အစိုးရအနေနဲ့ ပြန်လည် ရင်ကြားစေ့ရေး လုပ်ဆောင်နေတဲ့ မြန်မာအစိုးရကို အကူအညီတွေ ပေးဖို့ကိုလည်း ထည့်သွင်း တိုက်တွန်းထားပါတယ်” ဟု ပြောကြားခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။