
လွှတ်တော်အစည်းအဝေးတစ်ခု ကျင်းပစဉ်အတွင်း လွှတ်တော်ကိုယ်စားလှယ်များအား တွေ့ရစဉ်
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်၌ စတင်ဆွေးနွေးပြီး ပြင်ဆင်ချက်များဖြင့် အတည်ပြု၍ ပြည်သူ့လွှတ်တော်သို့ ပေးပို့လာခဲ့ကြောင်း၊ ပြည်သူ့လွှတ်တော်က ၁၆-၃-၂၀၁၂ တွင် ဆွေးနွေးကာ ပြင်ဆင်ချက်များဖြင့် သဘောတူပြီးနောက် အတည်ပြုသည့် ဥပဒေကြမ်းနှင့် ပြင်ဆင်ချက်ကို အမျိုးသားလွှတ်တော်သို့ ပေးပို့ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။
နိုင်ငံခြားသားက မတည်ရင်းနှီးငွေ ရာခိုင်နှုန်းပြည့်ဖြင့် ဆောင်ရွက်ခြင်းကို နိုင်ငံသားများမလုပ်နိုင်သည့် အဆင့်မြင့်နည်းပညာပါရှိသော လုပ်ငန်းများတွင်သာ ရင်းနှီးမြှုပ်နှံခွင့်ပြုခြင်း ပြုလုပ်နိုင်သည် . . . |
ထိုသို့ ဆွေးနွေးရာတွင် ပြည်တွင်းလုပ်ငန်းရှင်အများစု စိုးရိမ်နေသည့် ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းအခန်း ၄ ပုဒ်မ ၇ တွင် ပါဝင်သည့် 'နိုင်ငံခြားသားက နိုင်ငံခြား မတည်ငွေရင်း ရာခိုင်နှုန်းပြည့်ဖြင့် ဆောင်ရွက်ခြင်း ပြုလုပ်နိုင်သည်'ဆိုသည့် လွှတ်တော်က အတည်ပြုထားသည့်အချက်ကို အကြံပြုချက်ဖြစ်သော 'နိုင်ငံခြားသားက မတည်ရင်းနှီးငွေ ရာခိုင်နှုန်းပြည့်ဖြင့် ဆောင်ရွက်ခြင်းကို နိုင်ငံသားများ မလုပ်နိုင်သည့် အဆင့်မြင့်နည်းပညာပါရှိသော လုပ်ငန်းများတွင်သာ ရင်းနှီးမြှုပ်နှံခွင့်ပြုခြင်း ပြုလုပ်နိုင်သည်'ဆိုသည့် အချက်ဖြင့် ပြင်ဆင်ဆွေးနွေးနိုင်ရန် တင် ပြသွားမည်ဟု ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဒေါက်တာစောလှထွန်းက ပြောကြားခဲ့သည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။