Sunday, June 3, 2012

ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ဆက်သွားရင် စစ်ရေးပူးပေါင်း ဆောင်ရွက်မည်

ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ဆက်သွားရင် စစ်ရေးပူးပေါင်း ဆောင်ရွက်မည်
2012-06-02
မြန်မာနိုင်ငံဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်မှာ ဆက်သွားမယ် ဆိုရင် အမေရိကန် အနေနဲ့  မြန်မာနဲ့ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်သွားမယ်လို့  အမေရိကန် ကာကွယ်ရေး ၀န်ကြီး Leon Panetta က ဒီကနေ့ ပြောပါတယ်။
AFP

စင်္ကာပူနိုင်ငံမှာ ကျင်းပသည့် အာရှလုံခြုံရေးဆိုင်ရာ ညီလာခံတွင် အမေရိကန် ကာကွယ်ရေးဝန်ကြီး Leon Panetta ၂၀၁၂ ခုနှစ် ဇွန်လ ၂ ရက်နေ့က မိန့်ခွန်း ပြောဆိုနေစဉ်။
ကာကွယ်ရေး ၀န်ကြီး Leon Panetta က စင်္ကာပူနိုင်ငံ မှာ ကျင်းပတဲ့  အာရှလုံခြုံရေး ဆိုင်ရာ ညီလာခံမှာ မိန့်ခွန်း ပြောရာမှာ အမေရိကန် အနေနဲ့  မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အားပေးနေကြောင်း၊ ကာကွယ်ရေးပိုင်း ပူးပေါင်း ဆောင်ရွက်မှုမှာ မြန်မာနဲ့အမေရိကန် ၂ နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ဖို့ ဆွေးနွေးသွားမှာ ဖြစ်ကြောင်း ဒါ့အပြင် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေ တိုးတက်မှုတွေ ရှိဖို့ လိုအပ်ကြောင်း ဆက်လက် သတိပေး ပါတယ်။

အာရှလုံခြုံရေးဆိုင်ရာ ညီလာခံကို နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေး ဌာနက ကြီးမှုးပြုလုပ်တာ ဖြစ်ပြီး နိုင်ငံပေါင်း ၂၇ နိုင်ငံက ကိုယ်စားလှယ်တွေ တက်ရောက်ကြပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။