Sunday, June 3, 2012

ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် စစ်တပ်က ရာနှုန်းပြည့် ထောက်ခံကြောင်း ကာကွယ်ရေး ၀န်ကြီးပြောဆို

မြန်မာ့တပ်မတော်ဟာ သမ္မတ ဦးသိန်းစိန် ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေအပေါ် ရာနှုန်းပြည့် ထောက်ခံ ပြီး၊ အရပ်သား အစိုးရရဲ့အမိန့်ကို ဆက်လက် နာခံ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးလှမင်း က စနေနေ့က
ပြောကြားလိုက်ပါတယ်။

    စင်္ကာပူနိုင်ငံမှာ ကျင်းပတဲ့ အာရှလုံခြုံရေးညီလာခံမှာ ပြောဆိုခဲ့တာပါ။
မြန်မာစစ်တပ်ဟာ ဘယ်တုန်းကမှ ပုန်ကန်တဲ့စစ်တပ်မဖြစ်ခဲ့ကြောင်း၊ သမ္မတကြီးရဲ့ ဒီမိုကရေစီပိုမိုဖေါ်ဆောင်ရေး၊ တိုးပြည်ပိုမိုပွင့်လင်းလာရေး
ဆောင်ရွက်ချက်တွေအပေါ် စစ်တပ်က ထောက်ခံနေတာဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီးလှမင်း က ပြောဆိုခဲ့ပါတယ်။

ကာကွယ်ရေးဝန်ကြီး ရဲ့ပြောဆိုချက်ဟာ ထိုင်းနိုင်ငံဘန်ကောက်မြို့ အရှေ့ အာရှ စီးပွားရေးညီလာခံမှာ ပြောကြားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကို ပြန်လှန်ချေပလိုက်တာဖြစ်တယ်လို့ The Wall Street Journal သတင်းစာက ရေးသားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် က -ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ မြန်မာ ပြည် အပြောင်းအလဲတွေအပေါ် သိပ်အကောင်းမြင်လွန်းနေပုံရကြောင်း၊
ဝေဖန်ဆန်းစစ်တဲ့ အကောင်းမြင်မှုမျိုး နဲ့ကြည့်ဖို့လိုကြောင်း၊
မြန်မာပြည်အပြောင်းအလဲဟာ စစ်တပ်ရဲ့ထောက်ခံချက်အပေါ် မူတည်နေကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

လက်ရှိ လွှတ်တော်မှာ ပါဝင်နေတဲ့ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာနှုန်းဆိုတာဟာလည်း နောင်မှာ အရေအတွက်လျော့ကျသွားနိုင်ကြောင်း၊ တပ်မတော်ရဲ့ အခန်းကဏ္ဍ ဟာ မူသေမဟုတ်ကြောင်း၊ သင့်တော် တဲ့အချိန်မှာ အပြောင်းအလဲတွေ လုပ်သွားမှာဖြစ်ကြောင်း လည်း ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်း က ပြောပါတယ်။
By: RFA Burmese

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။