Friday, March 15, 2013

ကုန်သည်များ ဈေးကစား၍ ရွှေနှင့်ဒေါ်လာတန်ဖိုး ရုတ်တရက်မြင့်တက်


မတ်လ (၁၃)ရက်နေ့၌ ရွှေဈေးနှင့် ဒေါ်လာဈေးများ ရုတ်တရက် ဈေးခုန်တက် လာကြောင်း သက်ဆိုင်ရာဈေးကွက်များမှ သိရသည်။

 ရွှေဈေးသည် ယမန်နေ့က အခေါက်ရွှေတစ်ကျပ်သားလျှင် ၇၃၉၅၀၀ ကျပ်ရှိရာမှ လက်ရှိအချိန်တွင် ၇၄၆၅၀၀ ကျပ်သို့ ခုန်တက်သွားခြင်းဖြစ်သည်။

ဂဏန်းလေးလုံးဝန်းကျင်ဖြင့် မိုဘိုင်းကတ်တစ်သန်းရောင်းမည်


မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာ လာမည့် ဧပြီ ပထမအပတ်အတွင်း ချထားပေးမည့် တန်ဖိုးနည်း မိုဘိုင်းလ်လိုင်းကတ် တစ်သန်းအထိ ရောင်းချပေးသွားမည်ဖြစ်ကြောင်းမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရှိရသည်။

“လက်ရှိမြန်မာ နိုင်ငံတွင်လူဦးရေသန်းခြောက်ဆယ်ကျော် ရှိတဲ့ အတွက် တယ်လီဖုန်း သိပ်သည်းဆနှုန်း ထပ်မံဖြည့်စွက်သည့်အနေနဲ့ ချထားပေးဖြစ်တယ်"ဟုမြန်မာ့ဆက်သွယ်ရေးမှ အင်ဂျင်နီယာ တစ်ဦး ကပြောသည်။

ဆည်တဲ ကျေးရွာတွင် ဒေါ်အောင်ဆန်းစုကြည် ဆန္ဒပြခံရ

ရန်ကုန်(မဇ္ဈိမ)။           ။ (၂:၁၅) ဒေါ်အောင်ဆန်းစုကြည်သည် နေ့လည် ၂ နာရီ ၁၅ မိနစ်တွင် ဆည်တဲ ကျေးရွာမှ
ပြန်လည်ထွက်ခွာပြီး လိပ်ခွံတောင်ပေါ်မှ  သပိတ်စခန်းသို့ သွားရောက်ခဲ့ကြောင်း ဆည်တဲ ကျေးရွာမှ ဒေသခံ တဦးက မဇ္ဈိမသို့ ပြောသည်။

မြန်မာလုပ်သား များသည့် နိုင်ငံများတွင် အလုပ်သမား သံအရာရှိများ ထားမည်

ရန်ကုန် (မဇ္ဈိမ)။   ။ မြန်မာနိုင်ငံမှ အလုပ်သမား အများဆုံး သွားရောက် လုပ်ကိုင်နေသည့် နိုင်ငံများတွင် အလုပ်သမားသံအရာရှိများ ထားရှိရန် စီစဉ်နေကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဒုတိယ ဝန်ကြီး က ပြောသည်။

“ထိုင်းနိုင်ငံနဲ့ ကိုရီးယားနိုင်ငံတို့တွင် အလုပ်သမားသံအရာရှိများ ခန့်ထား ဆောင်ရွက်လျက် ရှိသကဲ့သို့ မကြာမီ ကာလတွင် မလေးရှားနိုင်ငံတွင်လည်း ထားရှိနိုင်ရန်အတွက် ဆောင်ရွက်လျက် ရှိပါတယ်” ဟု မတ်လ ၁၂ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စု ဒု-ဝန်ကြီး ဒေါ်ဝင်းမော်ထွန်း က အသိပေး ပြောဆိုသွားခြင်း ဖြစ်သည်။

မြစ်ဆုံနှင့် အခြား ရေကာတာများ လုံးဝ ရပ်ဆိုင်းရေး မြစ်ချောင်းများနေ့ လှုပ်ရှားမှု

ချင်းမိုင်(မဇ္စျိမ)။   ။ မြစ်ဆုံ ရေကာတာနှင့် အခြား ရေကာတာ ၇ ခု အပြီးပိုင် ရပ်ဆိုင်းရန် လှုပ်ရှားမှု အခမ်းအနား တခုကို ယနေ့ကျရောက်သော နိုင်ငံတကာ မြစ်ချောင်းများဆိုင်ရာ လှုပ်ရှားမှု အထိမ်းအမှတ်နေ့တွင် မြစ်ကြီးနားမြို့ လူထုအခြေပြု အဖွဲ့များနှင့် ဒေသခံများက ကျင်းပခဲ့ကြသည်။

တားမြစ်ခံထားရသည့် ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့ လိုင်ဇာမြို့ရောက်ပြီ

ချင်းမိုင်(မဇ္စျိမ)။   ။ ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် မန္တလေးနှင့် မြင်းခြံမြို့မှ လမ်းလျှောက်လာသူများ ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၂ နာ၇ီတွင် လိုင်ဇာမြို့သို့ ရောက်ရှိလာပြီး ပြည်သူလူထု ၅၀၀ ခန့် ကြိုဆိုခဲ့သည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ ကြိုဆိုရေးကော်မတီ တာဝန်ခံ ဦးဒွဲပီဆား က ပြောသည်။

“ကျနော်တို့က ငြိမ်းချမ်းရေး ရလိုတယ်။ ကချင်ပြည်နယ်မှာ တိုက်ပွဲဖြစ်တယ်။ ကချင်မှ မပြီးခင်၊ ရှမ်းပြည်နယ် ဘက်တွေမှာလည်း တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်။ အဲဒီကနေ ကယား၊ ကရင် စသဖြင့် တိုက်ပွဲတွေ ကြီးထွားလာနိုင်
လို့ တိုက်ပွဲတွေ ချုပ်ငြိမ်းစေချင်လို့ ဆန္ဒကို ဖော်ပြတာပါ ဆိုတာပါပဲ”ဟု မဇ္ဈိမကို ပြောသည်။ 

KIO နယ်မြေရှိ ကျောင်းများ ဧပြီ ၁ ရက်နေ့မှ ၁၀ တန်းဖြေမည်

ချင်းမိုင်(မဇ္စျိမ)။   ။ မြန်မာနိုင်ငံ တဝှမ်း တက္ကသိုလ်ဝင်တန်း စာမေးပွဲများကို ယနေ့ မတ်လ ၁၃ ရက်နေ့တွင် စတင်
 ဖြေဆိုနေပြီ ဖြစ်သော်လည်း ကချင်လွတ်လပ်ရေး အဖွဲ့ KIO ထိန်းချုပ် နယ်မြေများမှ ၁၀ တန်း ကျောင်းသူ/သားများ
အတွက်မူ လာမည့် ဧပြီလ ၁ ရက်နေ့မှ ဖြေဆိုကြမည် ဖြစ်သည်။

မကြာသေးမီက တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့် ကျောင်းစာသင်ရက်များ ပျက်ခဲ့ရပြီး သင်ရိုးကုန်ရန် အချိန်
နောက်ကျခဲ့၍ စာမေးပွဲလည်း နောက်ကျ စစ်ရကြောင်း KIO ပညာရေးဌာနမှ အထွေထွေ အတွင်းရေးမှူးက မဇ္စျိမကို ပြောသည်။ 

Wednesday, March 13, 2013

ကြေးနီစီမံကိန်းကို ဆက်လက်ဆောင်ရွက်သင့်


လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး ကော်မရှင်ရဲ့ လေ့လာတွေ့ရှိ အကြံပြုချက်တွေအတိုင်း ပြင်ဆင်မယ်ဆိုရင် စီမံကိန်းကို ဆက်လက်ဆောင်ရွက်စေသင့်ပါကြောင်း မတ်လ ၁၂ ရက် ဒီကနေ့မှာထုတ်ပြန်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
အစီရင်ခံစာမှာပါတဲ့ တွေ့ရှိချက်တွေထဲက တစ်ချို့ကတော့ ဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွဲရာမှာ မီးစုန်းဓာတ် (ဖော့စဖောရပ်) ဓာတ်ပါဝင်သည့် မီးခိုးဗုံးကို အသုံးပြုခဲ့တဲ့အကြောင်း၊ ဒီလိုသုံးခဲ့တဲ့အတွက် ရဟန်းသံဃာနဲ့ လူပုဂ္ဂိုလ်အချို့မှာ မီးလောင်ဒဏ်ရာတွေ ရရှိခဲ့တဲ့အကြောင်းကိုလည်း ဖော်ပြ ထားပါတယ်။

လူတစ်စုမှ အသက်(၁၄) နှစ်အရွယ် ကျောင်းသူတဦးအား ဖျားယောင်း သွေးဆောင်မှုအား တရားမျှတစွာ ဖြေရှင်းပေးရန် တိုင်ကြားစာ