Friday, July 20, 2012

လှိုင်သာယာ အစာအဆိပ်သင့် ဖြစ်ပွားမှု (ရုပ်/သံ)



မင်းဘူး-စကုမြိုနယ် ၊ စကုမြို့တွင် (၆၅)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို စကုမြို့ ( NLD )ဓာတ်ပုံများ

မကွေးတိုင်းဒေသကြီး ၊ မင်းဘူး-စကုမြိုနယ် ၊ စကုမြို့တွင် (၆၅)နှစ်မြောက်
အာဇာနည်နေ့ အခမ်းအနားကို စကုမြို့ ( NLD ) အဖွဲ့မှ ကို နေမျိုးကျော်
ဦးဆောင် ကျင်းပခဲ့ပါသည်။

ဗန်းမော် ရှပ်ပြေးယာဉ် တိမ်းမှောက်မှု နောက်ဆုံးရသတင်း

ယနေ့ ရှပ်ပြေးရေယာဉ်တိမ်းမှောက်တဲ့ ဗန်းမော် ဆိပ်မှာ ကယ်ဆယ်ရေးများကို တွေ့ ရစဉ်
ယနေ့ မနက်ပိုင်း ကချင်ပြည်နယ် ဗန်းမော်မြို့ ကနေ ကသာ မြို့ ကို ထွက်ခွါသွားတဲ့ ရှပ်ပြေးရေယာဉ်ဟာ ထွက်ထွက်ချင်းမှာ တိမ်းမှောက်မှုဖြစ် ပွါးခဲ့ပါတယ်။ ဒေသခံတွေကတော့ တိမ်မှောက်မှုဖြစ်ပွါးတဲ့ နေရာ
ဟာ ဗန်းမော် ရှပ်ပြေဆိပ်ကမ်း အနီး ဧရာဝတီမြစ်ထဲမှာပဲ တိမ်းမှောက်ခဲ့တယ်လို့ ဆိုပါတယ်။

ဗန်းမော် ရှပ်ပြေးယာဉ် တိမ်းမှောက်မှု

Add caption

ပဲဂိုထောင် မီးရှို့မှုဖြင့် အဖမ်းခံ သံဃာများ စွဲချက် မတင်မီပြန်လွှတ်

ပုသိမ်၊ ဇူလိုင် ၁၉၊ ၂၀၁၂ YPI

ယခင်လလယ်က ဧရာဝတီတိုင်း ရေကြည်မြို့နယ်၊ တစောင်းရိုးကျေးရွာရှိ အစ္စလာမ် ဘာသာဝင်တစ်ဦးပိုင် ပဲဂိုထောင်အား မီးရှို့ခဲ့မှုဖြင့် ဖမ်းဆီးခြင်းခံထားရသည့် သံဃာတော်၁၂ဦးအား ယခုလ ၁၀ ရက်နေ့က အမှုစွဲချက်မတင်မီ ရုပ်သိမ်းကာ တရားသေ ပြန်လွှတ်ပေးလိုက်ကြောင်း  သိရသည်။

စစ်တွေ GTC ကျောင်းကြိုပို့ယာဉ်ကို ဘင်္ဂါလီများ နှောင့်ယှက်သောကြောင့် ကျောင်းမတက်ရဲ

ဇူလိုင် ၁၈၊ ၂၀၁၂ (YPI) – ယမန်နေ့က စစ်တွေ အစိုးရနည်းပညာ ကောလိပ်မှ ကျောင်းကြို ပို့ယာဉ်ကို ရိုဟင်ဂျာ အမည်ခံ ဘင်္ဂါလီ လူအုပ်စုက ဟန့်တားနှောက် ယှက်ခဲ့သောကြောင့် ကျောင်းသား ကျောင်းသူများနှင့် ဆရာ၊ဆရာမများမှာ ၎င်းလုံခြုံရေး အတွက်စိုး ရိမ်ကြပြီး ကျောင်းမတက် ရဲဖြစ်နေကြသည်။

ကိုယ်ဝန်ဆောင်တဦးကို ရက်ရက်စက်စက် သတ်ဖြတ်မှု ပြင်ဦးလွင်မြို့ တွင် ဖြစ်ပွါး

တမ္ပဝတီ NLD အဖွဲ့ဝင်များ ၁၃၀၀ ပြည့် အာဇာနည် ၁၇ ဦး ဗိမ္မာန်သို့ သွားရောက် အလေးပြု


မြင့်မြတ်တဲ့ အာဇာနည်စိတ်ဓာတ် မွေးမြူဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း


ရန်ကုန်မြို့ပေါ် လုံခြုံရေး တင်းကျပ်ထားတဲ့ ၆၅ နှစ်မြောက် အာဇာနည်နေ့


မန္တလေး အစိမ်းရောင် လုပ်ငန်းငယ်များ ဖယ်ရှားပြောင်းရွှေ့ခံရ

နယူးဒေလီ (မဇ္ဈိမ)။   ။ မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်၊ မြို့တော်ဥယျာဉ် သာယာလှပရေး အကောင်အထည်
ဖော်ဆောင်ရွှက်ခဲ့သည့် ပန်းပညာရှင်များ၏ ပျိုးပင်လုပ်ငန်း ဆိုင်ခန်းများအား ဇူလိုင် ၁၉ ရက်နေ့က စည်ပင်မှ စတင် ဖယ်ရှားနေကြောင်း သိရသည်။

အာဇာနည်နေ့၌ ရွှေတိဂုံဘုရားသို့ လာရောက်သူဦးရေ ပုံမှန်နေ့ထက် သုံးဆကျော်များပြား

ဇူလိုင်လ ၁၉ ရက်၊ အာဇာနည်နေ့၌ ရွှေတိဂုံဘုရားသို့ တက်ရောက်သူဦးရေမှာ ပုံမှန်နေ့များထက် သုံးဆကျော် များပြားကြောင်း ရွှေတိဂုံဘုရား ဂေါပကအဖွဲ့မှ ရရှိသည့် စာရင်းများအရ သိရှိရသည်။
ပျမ်းမျအားဖြင့် ရွှေတိဂုံဘုရားသို့ နေ့စဉ်တက်ရောက်သူဦးရေမှာ ၂၅၀၀၀ မှ ၃၀၀၀၀ ၀န်းကျင်သာ ရှိပြီး အာဇာနည်နေ့၌ လူဦးရေ ကိုး သောင်းကျော်တက်ရောက်ခဲ့ကြောင်း ရွှေတိဂုံဘုရားလုံခြုံရေးအဖွဲ့မှ ညနေ ၅ နာရီ ၀န်းကျင်၌ရရှိခဲ့သော စာ ရင်းများအရ သိရသည်။

၆၅ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အခမ်းအနား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၌ ပြုလုပ်

၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သော ၆၅ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်တွင် ဇူလိုင်လ ၁၉ ရက်နေ့ နံနက်က ကျင်းပခဲ့သည်။

ကာကွယ်ရေး ဦးစီးချုပ် အိန္ဒိယနိုင်ငံကို သွားမည်

ကာကွယ်ရေး ဦးစီးချုပ် အိန္ဒိယနိုင်ငံကို သွားမည်
2012-07-19
အိန္ဒိယ မြန်မာနှစ်နိုင်ငံ စစ်ရေးဆိုင်ရာ ဆက်ဆံမှု ခိုင်မာမြဲမြံရေးအတွက် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ လာမယ့် သြဂုတ်လဆန်းပိုင်းမှာ အိန္ဒိယနိုင်ငံကို လာရောက်မှာ ဖြစ်ကြောင်း အိန္ဒိယ သတင်းမီဒီယာတွေက မနေ့က ဖော်ပြခဲ့ကြပါတယ်။
AFP

ဘင်္ဂါလီ ရိုဟင်ဂျာကိစ္စ နိုင်ငံတကာ စည်းဝေးပွဲ ကျင်းပမည်

ဘင်္ဂါလီ ရိုဟင်ဂျာကိစ္စ နိုင်ငံတကာ စည်းဝေးပွဲ ကျင်းပမည်
2012-07-19
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ဘင်္ဂါလီ ရိုဟင်ဂျာတွေ ကိစ္စနဲ့ပတ်သက်ပြီး အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေ အတွင်း ဖြေရှင်းနိုင်ရေးအတွက် လာမယ့် သြဂုတ်လ (၁၄) ရက်နေ့မှာ နိုင်ငံတကာ စည်းဝေးပွဲတစ်ရပ် ကျင်းပမယ်လို့ မလေးရှား Bernama သတင်းက ဖော်ပြပါတယ်။