လွှတ်တော်တက်ဖို့ ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်ကိုရောက်ရှိ
Monday, July 9, 2012
ဆန်ဖရန်စ္စကို မြို့တ၀ိုက်က မြန်မာမိသားစု ရန်ပုံငွေ ဈေးရောင်းပွဲ ကျင်းပ
ဆန်ဖရန်စ္စကို မြို့တ၀ိုက်က မြန်မာမိသားစု ရန်ပုံငွေ ဈေးရောင်းပွဲ ကျင်းပ
2012-07-08
ရခိုင်ပြည်နယ်က ဒုက္ခသည်တွေအတွက် အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စ္စကို မြို့တ၀ိုက်က မြန်မာမိသားစုတွေက ကြီးမှူးပြီး ရန်ပုံငွေ ဈေးရောင်းပွဲတော် ကျင်းပရာ အမေရိကန်ဒေါ်လာ တစ်သောင်းကျော် ရရှိတယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။
ဆန်ဖရန်စစ္စကိုမြို့နားမှာ ရှိတဲ့ Newark မြို့မှာ
ဈေးရောင်းပွဲတော် ကျင်းပတာဖြစ်ပြီး သီးခြားလှူဒါန်းငွေမပါဘဲ
ဈေးရောင်းပွဲတော်သက်သက်က ဒေါ်လာသောင်းကျော် ရရှိတာလို့
မြန်မာအများစုနေထိုင်တဲ့ Fremont မြို့သာရေး နာရေး လူငယ်အဖွဲ့က
ကိုဂျေစင်က ပြောပါတယ်။
WFP ဒုက္ခသည်အကူအညီ စစ်တွေ ရွှေစေတီဆရာတော်ငြင်းပယ်
WFP ဒုက္ခသည်အကူအညီ စစ်တွေ ရွှေစေတီဆရာတော်ငြင်းပယ်
2012-07-08
ရခိုင်ပြည်နယ်အတွင်း ဒုက္ခသည်တွေကို စားနပ်ရိက္ခာ အကူအညီတွေ ပေးနေတဲ့ WFPရဲ့ အကူအညီကို စစ်တွေမြို့က နာမည်ကျော် ရွှေစေတီကျောင်းတိုက် ဒုက္ခသည်စခန်း ကျောင်းထိုင် ဆရာတော်က မနေ့က ငြင်းပယ်လိုက်တယ်လို့ သိရပါတယ်။
RFA
ထားဝယ်တက္ကသိုလ် ၃ ခု ကျောင်းသားသမဂ္ဂဖွဲ့
ထားဝယ်တက္ကသိုလ် ၃ ခု ကျောင်းသားသမဂ္ဂဖွဲ့
2012-07-08
ဇူလိုင် ၇ ရက် အရေးအခင်း နှစ် ၅၀ ပြည့်ပြီးတဲ့ နောက်တနေ့ဖြစ်တဲ့ ဒီကနေ့မှာ တနင်္သာရီတိုင်း ထားဝယ်ခရိုင် ကျောင်းသားသမဂ္ဂကို မောင်းမကန် ကမ်းခြေမှာ ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။
ထားဝယ် ၀ိဇ္ဇာသိပံ္ပတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် နဲ့ ကွန်ပြူတာတက္ကသိုလ်က
ကျောင်းသူ ကျောင်းသား ၇၀ ခန့် တက်ရောက်တယ်လို့ အတွင်းရေးမှူး ဖြစ်တဲ့
ဝိဇ္ဇာသိပံ္ပတက္ကသိုလ်က ရူပဗေဒ ကျောင်းသား ကိုဇေယျာမင်းက အာအက်ဖ်အေကို
ပြောပါတယ်။
ကချင် စစ်ဘေးဒုက္ခသည်အတွက် လန်ဒန်မြို့မှာ ရန်ပုံငွေရှာပွဲ ကျင်းပ
ကချင် စစ်ဘေးဒုက္ခသည်အတွက် လန်ဒန်မြို့မှာ ရန်ပုံငွေရှာပွဲ ကျင်းပ
2012-07-07
ကချင်ပြည်နယ်တွင်းက စစ်ဘေး ဒုက္ခသည်တွေကို ထောက်ပံ့ ကူညီဖို့အတွက် ဗြိတိန်နိုင်ငံရောက် ကချင် တိုင်းရင်းသားတွေက ရန်ပုံငွေရှာပွဲတစ်ရပ် မနေ့ ညပိုင်းက လန်ဒန်မြို့မှာ ကျင်းပခဲ့ပါတယ်။
RFA
နိုင်ငံတကာ လေကြောင်းလိုင်း တိုးချဲ့ပြေးဆွဲမည်
နိုင်ငံတကာ လေကြောင်းလိုင်း တိုးချဲ့ပြေးဆွဲမည်
2012-07-07
မြန်မာနိုင်ငံမှာ နိုင်ငံတကာ လေကြောင်းလိုင်း ၈ လိုင်းထက်မနည်း ပြေးဆွဲဖို့ စီစဉ်နေပါပြီ။ အဲဒီ လေကြောင်းလိုင်းတွေ ကတော့ ဂျပန်က All Nippon လေကြောင်းလိုင်း၊ Qatar လေကြောင်းလိုင်း၊ သိရိလင်္ကာ လေကြောင်းလိုင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံက Biman လေကြောင်းလိုင်း၊ Hong Kong Express လေကြောင်းလိုင်း၊ ပါကစ္စတန် လေကြောင်းလိုင်း၊ ကိုရီးယား လေကြောင်းလိုင်းနဲ့ တိုင်ပေ အခြေစိုက် EVA လေကြောင်းလိုင်းတို့ ဖြစ်ပါတယ်။ဇူလိုင် (၇) ရက် အထိမ်းအမှတ် မကွေးမြို့မှာ ကျင်းပ
ဇူလိုင် (၇) ရက် အထိမ်းအမှတ် မကွေးမြို့မှာ ကျင်းပ
2012-07-07
ဇူလိုင်လ (၇) ရက်နေ့က ကျောင်းသားသမဂ္ဂ ဖျက်ဆီးခံရခြင်း နှစ် (၅၀) ပြည့် အထိမ်းအမှတ်ကို မြေလတ် ဗကသ ကျောင်းသားများက မကွေးမြို့မှာ ကျင်းပခဲ့ကြပါတယ်။
မကွေးမြို့က သမိုင်းဝင် မြို့မရပ်ကွက် မင်းကျောင်း
ဘုန်းကြီးကျောင်းမှာ အခမ်းအနား ကျင်းပခဲ့ပြီး သံဃာတော်တွေကိုလည်း
ဆွမ်းကပ်လှူခဲ့ပါတယ်။
Sunday, July 8, 2012
ဂျက်ကီချန်း၏ မြန်မာပြည်ခရီးစဉ် သတင်းစာရှင်းလင်းပွဲ
ဂျက်ကီချန်း၏ မြန်မာပြည်ခရီးစဉ် သတင်းစာရှင်းလင်းပွဲ

၂၀၁၂ခုနှစ် ဇူလိုင်လ(၇)ရက်နေ့ ညနေ(၃)နာရီခွဲခန့်အချိန်တွင် ဆီဒိုးနားဟိုတယ်ရှိ ရန်ကင်းခန်းမတွင် ယူနီဆက်ချစ်ကြည်ရေးအထူးသံတမန် ကမ္ဘာကျော်ရုပ်ရှင်သရုပ်ဆောင် ဂျက်ကီချန်း၏ ကလေးသူငယ်များအပေါ် လူကုန်ကူးမှုတိုက်ဖျက်ရေး မြန်မာပြည်ခရီးစဉ် သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခဲ့ပြီး မြန်မာပြည်မှ ရှမ်းတရုတ်လူမျိုးများနှင့် ပြည်တွင်းပြည်ပသတင်းထောက် (၂၀၀)ကျော် တက်ရောက်ခဲ့ကြသည်။

၂၀၁၂ခုနှစ် ဇူလိုင်လ(၇)ရက်နေ့ ညနေ(၃)နာရီခွဲခန့်အချိန်တွင် ဆီဒိုးနားဟိုတယ်ရှိ ရန်ကင်းခန်းမတွင် ယူနီဆက်ချစ်ကြည်ရေးအထူးသံတမန် ကမ္ဘာကျော်ရုပ်ရှင်သရုပ်ဆောင် ဂျက်ကီချန်း၏ ကလေးသူငယ်များအပေါ် လူကုန်ကူးမှုတိုက်ဖျက်ရေး မြန်မာပြည်ခရီးစဉ် သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခဲ့ပြီး မြန်မာပြည်မှ ရှမ်းတရုတ်လူမျိုးများနှင့် ပြည်တွင်းပြည်ပသတင်းထောက် (၂၀၀)ကျော် တက်ရောက်ခဲ့ကြသည်။
7 July အဖမ်းခံရသူတွေ ပြန်လွတ်
ရန်ကုန်တက္ကသိုလ် ပင်မဝင်းထဲမှာ ဗုံးခွဲဖျက်ဆီးခံခဲ့ရတဲ့ သမဂ္ဂအဆောက်အဦး
ပြန်လည် တည်ဆောက်ရေး ကြိုးပမ်းနေကြတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဗကသ ကျောင်းသားခေါင်းဆောင်တွေ ဖြစ်ကြတဲ့
ကိုဒီငြိမ်းလင်း၊ မဖြိုးဖြိုးအောင်၊ ကိုရဲမြတ်ဟိန်း၊ ကိုစည်သူမောင်တို့
ဒီနေ့ ညပိုင်းကပဲ ပြန်လည် လွတ်မြောက်လာကြပါတယ်။ သူတို့ဟာ ဒီကနေ့ အနှစ် (၅၀)
ပြည်တဲ့ 7 July အခမ်းအနားကို ရန်ကုန်မှာ လုပ်ဖို့ စီစဉ်နေရင်း မနေ့ညက
အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ သူတို့ကို ဘာကြောင့်ဖမ်းခဲ့တာလဲ ဆိုတာနဲ့
ပတ်သက်လို့ ဒီနေ့ ညနေပိုင်းမှာ ပြန်လွတ်လာတဲ့ မဖြိုးဖြိုးအောင်နဲ့
ဆက်သွယ်ထားတဲ့ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက တင်ပြထားပါတယ်။
ဇူလိုင် ၇ ရက် အခမ်းအနား ၈၈ ရုံးချုပ်မှာကျင်းပ
ဇူလိုင် ၇ ရက် အခမ်းအနား ၈၈ ရုံးချုပ်မှာကျင်းပ
2012-07-07
နှစ် (၅၀) ပြည့် ဇူလိုင် ၇ ရက် အောက်မေ့ဖွယ် အခမ်းအနားကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်မှာ ရှိတဲ့ ၈၈ မျိုးဆက် ကျောင်းသားများ ရုံးချုပ်မှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။
88 Generation Students Group
ဖာမိုဆို အထည်ချုပ်စက်ရုံ ဆန္ဒပြလုပ်သားများ ညှိနှိုင်းမှု ရရှိ
ဖာမိုဆို အထည်ချုပ်စက်ရုံ ဆန္ဒပြလုပ်သားများ ညှိနှိုင်းမှု ရရှိ
2012-07-07
လုပ်ခလစာ တိုးမြှင့်ရေးအတွက် အလုပ်မဆင်းဘဲ ဆန္ဒပြမှု နေတဲ့ မင်္ဂလာဒုံမြို့နယ်ရှိ ဂျပန်လူမျိုးပိုင် ဖာမိုဆို အထည်ချုပ်စက်ရုံမှာ အလုပ်ရှင်နဲ့အလုပ်သမား ပြေလည်မှု ရရှိသွားပြီ ဖြစ်ပါတယ်။
RFA
မဲဆောက်မြို့ က ဇူလိုင် ၇ အခမ်းအနား ထိုင်းအာဏာပိုင်တွေ ခွင့်မပြု
မဲဆောက်မြို့ က ဇူလိုင် ၇ အခမ်းအနား ထိုင်းအာဏာပိုင်တွေ ခွင့်မပြု
2012-07-07
ဇူလိုင် (၇) ရက်နေ့ အထိမ်းအမှတ် အခမ်းအနား တရပ်ကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ OTOPခမ်းမမှာ ကျင်းပဖို့ ၁၉၆၂ခုနှစ်က ၂၀၀၇ ခုနှစ်ထိ ကျောင်းသား နိုင်ငံရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူတွေ စုပေါင်း စီစဉ်ခဲ့ပေမယ့် ဒီကနေ့ နေ့လည်မှာ ဒေသတွင်း ထိုင်းအာဏာပိုင်တွေရဲ့ တားမြစ်မှုကြောင့် ဖျက်သိမ်းလိုက်ရ ပါတယ်။
ပွဲဖြစ်မြောက်ရေး ဦးဆောင်စီစဉ်ရာမှာ ပါဝင်တဲ့ ၁၉၇၄
ကျောင်းသားနိုင်ငံရေး လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူ ဦးအောင်စောဦးက
ရန်ကုန်တက္ကသိုလ် ရာပြည့်အကြိုပွဲအတွက် ပြင်ဆင်ထား စင်မြင့်ထက်ကနေ ဒီကနေ့
ကျင်းပမယ့်ပွဲ ဖျက်သိမ်းကြောင်း အခုလို ပြောကြားခဲ့ပါတယ်။
နယူးဒေလီမြို့မှာ ဇူလိုင် ၇ အခမ်းအနား ကျင်းပ
နယူးဒေလီမြို့မှာ ဇူလိုင် ၇ အခမ်းအနား ကျင်းပ
2012-07-07
ဒီကနေ့ကျရောက်တဲ့ နှစ် ၅၀ ပြည့် ဇူလိုင် ၇ အခမ်းအနား ကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ ရွှေဝါရောင် ကျောင်းတိုက်မှာလည်း မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေက ကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။
RFA
Subscribe to:
Posts (Atom)