အမြင်မတူတာတွေကို ညှိနှိုင်းဆောင်ရွက်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Thursday, May 3, 2012
အမြင်မတူတာတွေကို ညှိနှိုင်းဆောင်ရွက်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်
ထိုင်း K-Bank နှင့် မြန်မာ AGD ဘဏ် ငွေလွှဲလုပ်ငန်း လုပ်မည်
ထိုင်း K-Bank နှင့် မြန်မာ AGD ဘဏ် ငွေလွှဲလုပ်ငန်း လုပ်မည်
ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသားများ အဆင်ပြေချောမွေ့စွာ ငွေလွှဲနိုင်ရန်အတွက် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေး ဘဏ်လီမိတက်(AGD) သည် ထိုင်းနိုင်ငံ K-Bank (Kasikorn Bank) နှင့် ငွေလွှဲလုပ်ငန်း ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရသည်။ လုပ်ငန်း ပူး ပေါင်း ဆောင်ရွက်မည့် သဘောတူစာချုပ်ကို မေလ ၈ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ချုပ်ဆိုမည်ဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံမှ အလိုရှိသည့် မူးယစ်ရာဇာများသတင်းနှင့်ပတ်သက်၍ ကလို့ထူးဘော ကရင်အမျိုးသားတပ်မတော်မှ သတင်းစာရှင်းလင်းပွဲပြုလုပ်
၂၀၁၂ ခုနှစ် ဧပြီလ ၂၀ ရက်နေ့၊ ထိုင်းနိုင်ငံ အမှတ်(၃) ရုပ်သံလိုင်းမှ
ထုတ်လွှင့်သည့် ထိုင်းနိုင်ငံမှ အလိုရှိနေသော မူးယစ်ရာဇာများသတင်းနှင့်
ပတ်သက်၍ တိုးတက်သော ဗုဒ္ဓဘာသာ၊ ကရင်မျိုးသားတပ်မတော်၊ ကလို့ထူးဘော
ဌာနချုပ်မှ ပြည်တွင်းပြည်ပ မီဒီယာများအား ဖိတ်ခေါ်ပြီး
သတင်းစာရှင်းလင်းပွဲကို ထိုင်းမြန်မာနယ်စပ် ဆုံဆည်းမြိုင်ကျေးရွာတွင် မေလ ၁
ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ပုဇွန်တောင်မြို့နယ် သီတာဓာတ်အားခွဲရုံတွင် မီးလောင်မှုဖြစ်ပွား
ပုဇွန်တောင်မြို့နယ်၊ မဟာဗန္ဓုလ တံတားအနီးရှိ သီတာဓာတ်အားခွဲရုံတွင် မေလ ၂
ရက်နေ့ ည ၈ နာရီခွဲဝန်းကျင်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ၉
နာရီခန့်တွင် မီးငြိမ်းခဲ့ကြောင်း သတင်းရရှိသည်။စစ်ပြေးဒုက္ခသည်များကို ကုလကူညီမည့်အပေါ် KIO ကြိုဆို
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများကြောင့်
ထွက်ပြေးတိမ်းရှောင်နေရသော စစ်ပြေးဒုက္ခသည်များကို ကုလသမဂ္ဂက အကူအညီများ
ဆက်လက် ပေးမည်ဆိုသည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏
ပြောဆိုချက်အား ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) က ကြိုဆိုလိုက်သည်။

လိုင်ဇာဒေသတွင် တွေ့ရသော ကချင် စစ်ပြေးဒုက္ခသည် ကလေးတဦး (ဓာတ်ပုံ - ဧရာဝတီ)
NLD လွှတ်တော်အမတ်တွေ မူလရပ်တည်ချက် ဆက်လက်ဆုပ်ကိုင်သွားမည်
အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပါမည်ဆိုတဲ့ စာသားအတိုင်း
ကျမ်းသစ္စာကျိန်ဆို ခဲ့ကြပေမဲ့ လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD
ပါတီရဲ့ မူလရပ်တည်ချက်တွေအတိုင်း ဆက်လက် လုပ်ဆောင် သွားကြမယ်လို့ NLD
လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။ ဒီကနေ့ ကျမ်းသစ္စာ
မြန်မာပြည် လျှပ်စစ်မီး ဘယ်လိုထုတ်မှာလဲ
သမ္မတ ဦးသိန်းစိန် အစိုးရက စီးပွားရေးမြို့တော် ရန်ကုန်ကို ၂၄
နာရီမီးပေးနိုင်ရေး ကြိုးပမ်းနေကြသော်လည်း မန္တလေးမြို့နှင့်
တခြားသောမြို့ကြီးများတွင် ယခုရက်ပိုင်းအတွင်း လျှပ်စစ်မီးပြတ်တောက်မှု
ပိုမိုဆိုးရွားလာနေသည်။
ကျောင်းပြောင်းလက်မှတ်
![]() |
| အ.ထ.က (၅) ဗိုလ်တထောင် |
၂၀၁၂ - ၂၀၁၃ ပညာသင်နှစ် ကျောင်းပြောင်းလက်မှတ်များ
အခုရက်ပိုင်းအခြေခံပညာအထက်တန်းေ ကျာင်းတွေမှာ ကျောင်းသားမိဘ၊ အုပ်ထိန်းသူတွေ ကျောင်းပြောင်းလက်မှတ် အလျင်အမြန် ရယူနိုင်ဖို့ကြိုးစားနေတဲ့မြင် ကွင်းက အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများအတွက် အထူးအံ့သြစရာတစ်ခုအဖြစ်တွေ့ရပါ တယ်။
ပဲခူး တရားသူကြီး ဇနီးကို အမှုဖွင့်၊ တရားခံပျောက်ဆုံးနေဟု ရဲကပြော
အိမ်အကူအလုပ်သမ မအေးယုအောင်အား မီးပူဖြင့် လက်ရောက် ကျူးလွန်ခဲ့သည်ဟု
စွပ်စွဲခံထားရသော ပဲခူးမြို့ ဒုတိယ မြို့နယ် တရားသူကြီး၏ ဇနီး
ဒေါ်ဖြူဝင်းသက်ကို ကာယကံရှင်များက အမှုဖွင့် တိုင်ကြားထားသော်လည်း တရားခံမှာ
ပျောက်ဆုံး နေကြောင်း ရဲကပြောသည်။

မအေးယုအောင် (၀ဲဘက်)နှင့် မိခင် ဒေါ်ကြူကြူ (ယာဘက်) (ဓာတ်ပုံ - ဧရာဝတီ)
ရေတပ်မှ သိမ်းထားသော နယ်မြေ ဖြတ်သန်းလျှင် ပစ်ခတ်မည်ဟု သတိပေး
ဓည၀တီ ရေတပ်စခန်းမှ ပြည်သူများပိုင်သော မြေကို
သိမ်းယူသည်သာမက ယခုအခါ ၎င်းမြေပေါ်သို့ တက်ရောက်သူ မည်သူကို မဆို
(ကျွဲ၊နွားများ ) အပါအ၀င် ပစ်ခတ် ဖမ်းဆီးမည်ဟု အမိန့်ထုတ်ထားကြောင်း
ကျောက်ဖြူ ဒေသခံများက ပြောသည်။
ဧက ၁၀၀ ခန့်ရှိသော ကျောက်ဖြူမြို့နယ်
ကလန်းတဲ ကျေးရွာအုပ်စုမှ လယ်သမားများ စုပေါင်း ပိုင်ဆိုင်သော
စားကျက်မြေကို သိမ်းယူပြီး ၁၀ နှစ်ခန့်အကြာတွင် ယခုကဲ့သို့
အမိန့်ထုတ်လာခြင်း ဖြစ်သည်။
Subscribe to:
Posts (Atom)






