သန်လျင်မြို့နယ်ရှိ
ကြယ်စင်မြို့တော်အဆင့်မြင့်အိမ်ရာတိုက်ခန်းသစ်ပေါင်း ၄၃၃ အခန်းကို နိုဝင်ဘာ
၂၃ မှ စတင် ရောင်းချသွားမည်ဟု Yoma Strategic Holdings က
ထုတ်ပြန်ကြေညာသည်။
အဆိုပါ အထူးသီးသန့် အဆင့်မြင့်အိမ်ရာ (ဇုန်ဘီ)ရှိ တိုက်ခန်းအသစ်များကို
စင်ကာပူနိုင်ငံ ကြယ်စင် မြို့တော် (Star City) အရောင်းပြခန်း၊ ရန်ကုန်မြို့
သန်လျင်ရှိ အရောင်းပြခန်းနှင့် မန္တလေးမြို့ရှိ Mandalay Hill Resor
ဟိုတယ်တို့တွင် ဘိုကင်လက်ခံပြီး ရောင်းချသွားမည်။