Saturday, March 30, 2013
29.3.2013 မှ 4.4.2013 ထိ ၇ ရက်သားသမီး ဟောစာတမ်း
တနင်္ဂနွေ
ရည်ရွယ်ချက်များ မျှော်လင့်ချက်တွေ အောင်မြင်မည်။ အချစ်ရေး အဆင်ပြေမည်။ ခွဲခွာနေသော ချစ်သူနှင့် ပြန်ဆုံမည်။ လက်ထပ်ရကိန်းမြင်သည်။ မိဘသားချင်း တို့ သဘောမတူ ပြဿနာ တက်မည်။ သို့သော် ယူဖြစ်မည်။ ကျန်းမာရေး အနည်းငယ် ဂရုစိုက်ပါ။ စီးပွားရေး အဆင်ပြေလာမည်။ ငွေရမည်။ ထီပေါက်ကိန်းမုချရှိသည်။ အလုပ်ပြောင်းရွှေ့ ရမည်။ ခရီးဝေးယာယီသွားရမည်။ လက်ဆောင်လှလှလေး တွေရမည်။
အကျိုးပေးဂဏန်း - ၁ ၊ ၅ ၊ ၈။
အထူးဟော - စိတ်ချမ်းသာမည်။
ယတြာ - တနင်္ဂနွေနေ့ တွင် သက်ကြီးရွယ်အိုတွေကို ခေါင်းလျှော်ရည်လှူပါ။
တနင်္လာ
ကံကောင်းမည်။ လက်ဆောင်တွေရမည်။ ဖြေဆိုမှုများ ၊ အင်တာဗျူးများ အောင်မြင်မည်။ ပညာရေး ထူးချွန်စွာအောင်မြင်မည်။ ခရီးယာယီသွားရမည်။ ကျန်းမာရေးမှာ ၀မ်း ၊ ရင် ဂရုစိုက်ပါ။ ထိခိုက်ရှနာ အနည်းငယ်မြင်သည်။ အန္တရာယ်လုံးဝမရှိပါ။ လူချစ်လူခင်များမည်။ စီးပွားရေးကောင်းသည်။ ၀င်ငွေကောင်းသည်။ အချစ်ရေးကောင်းမည်။ ဘုရားဖူးထွက်ရမည်။ တရားဓမ္မ ကျင့်ကြံ မှုတွေ ပြုဖြစ်မည်။ ငွေပေးချေမှုများ ပြန်မရနိုင်ပါ။ စက်ပစ္စည်း ၀င်မည်။ ထွက်မည်။
အကျိုးပေးဂဏန်း - ၂ ၊ ၄ ၊ ၈။
အထူးဟော - မင်္ဂလာရှိသော ကာလဖြစ်ပါသည်။
ယတြာ - တနင်္လာနေ့ တွင် ငါးတွေကို အစာကျွေးပါ။
အင်္ဂါ
ကိုယ့်ဘက်က စေတနာ နှင့် ဆောင်ရွက်မှုတွေအပေါ် နားမလည်သူတွေကြောင့် စိတ်ဆင်းရဲမှု နှင့် ဒေါသထွက်စရာများ ဖြစ်နေရတတ်သည်။ အချစ်ရေး မှာ မကောင်းမှန်းသိလျက် နှင့် လက်မလွှတ်နိုင် တာတွေကြောင့် ချစ်သူ ဦးရေးများပြားလာလိမ့်မည်။ ကျန်းမာရေးမှာ အနည်းငယ်ချူချာ နိုင်တာကြောင့် ဂရုစိုက်သင့်ပါတယ်။ အလုပ်ကိစ္စတွေ များပြားမှုကြောင့် စိတ်ရှုပ်ရတတ်ပါသည်။ ငွေကြေးကိစ္စ စိတ်ရှုပ်ရနိုင်၍ ဂရုစိုက်ပါ။ မြေကိစ္စ ၊ အမွေကိစ္စ တွေရှုပ်ရတတ်ပါသည်။ ထီပေါက်ကိန်းရှိသည်။ ထီထိုးပါ။
အကျိုးပေးဂဏန်း - ၃ ၊ ၆ ၊ ၉။
အထူးဟော - သင်ကံကောင်းပါမည်။
ယတြာ - အင်္ဂါနေ့နံနက် တွင် တောင်အရပ်က လမ်းကို သန့်ရှင်းရေးလုပ်လိုက်ပါ။
ဗုဒ္ဓဟူး
အချစ်ရေး ၊ ပညာရေး အလုပ်အကိုင်အရေးတို့ အတွက် စိတ်ရှုပ်ရခြင်း နှင့် အလုပ်ရှုပ်ရခြင်း များဖြစ်နေပါမည် ။ သို့သော လည်း အောင်မြင်မှု တွေ ဖြစ်လာပါမည်။ သင့်ရဲ့ ရှုပ်နေရသော အလုပ်များကို ကူညီသူ တွေ ရှိနေမှာပါ။ ခရီးသွားစရာ တွေပေါ်သော်လည်း ခရီးမထွက်နိုင် ဖြစ်နေမည်။ စီးပွားရေး လုပ်ငန်း လုပ်ဖြစ်မည်။ ခရီးဝေးယာယီ ရောက်မည်။ အောင်မြင်မည်။ ရှယ်ယာ လုပ်ငန်းများ အဆင်ပြေမည်။ စက် ၊ မြေ တို့ အသစ်ဝင်မည်။ လူလိမ် ငွေလိမ် ခံရမည်။ ခြေ၊လက် ဂရုစိုက်ပါ။ နာကျင်မှု ဖြစ်မည်။
အကျိုးပေးဂဏန်း - ၄ ၊ ၉ ၊ ၆။
အထူးဟော - ကံကောင်းမည်။
ယတြာ - ဗုဒ္ဓဟူးနေ့ တွင် ရေကုသိုလ်ပြုပါ။
ကြာသပတေး
အရာရာကိုတွေး၍ ပူမိမည်။ အထူးသဖြင့် အချစ်ရေး နှင့် စီးပွားရေး အတွက် အမျိုးမျိုးဆုံးဖြတ်ချက် တွေချမိမည်။ သို့သော်သင်ပူပန်စရာမလို မဟုတ်ပါ။ အဆင်ပြေအောင်မြင်ပါမည်။ ခရီးယာယီ တွေ သွားရမည်။ လမ်းခရီး အန္တရာယ်မရှိပါ။ အချစ်ရေး အိမ်ထောင်ရေး အဆင်ပြေမည်။ လက်ထပ်ဖြစ်မည်။ မိဘသဘောတူ ပေးစား သူကို ယူဖြစ်မည်။ သက်၏ စည်းကမ်း ကြီးမှု့ကြောင့် လုပ်တူကိုင်ဖက်တို့ အပြစ်တင်ခြင်းခံရမည်။ စက် ၊ မြေ တို့ဝင်မည်။ ကြီးသူ ၁ ဦး ချူချာမည်။ ကိုယ်ပိုင်လုပ်ငန်း များအောင်မြင်မည်။ ရှယ်ယာလုပ်ငန်းများ အဆင်ပြေမည်။ ထီထိုးပါ။ ထီပေါက်မည်။ ၅ ထိပ် ၅ ပိတ်ကိုထိုးပါ။ အတိုက်အခံ တွေပေါ်နိုင်မည်။
အကျိုးပေးဂဏန်း - ၁ ၊ ၅ ၊ ၇။
အထူးဟော - အားလုံးအဆင်ပြေမည်။
ယတြာ - ကြာသပတေးနေ့ နံနက်တွင် ဘုရားကို အောင်သပြေ ၁၉ ညွန့် လှူပါ။
သောကြာ
သံယောဇဉ် ကြီးမားမှု စွဲလန်းကြီးမားမှုတွေ ကြောင့်စိတ်ရှုပ်ရတတ်၏။ ကိုယ်ချစ်ရသောသူကို မိဘက သဘောမတူ ဖြစ်နေမည်။ သို့သော် ကိုယ်ချစ်တဲ့သူကိုပင် ယူဖြစ်မည်။ မရောက်ဘူးသော ခရီးရောက်မည်။ အတိုက်အခံတွေပေါ်မည်။ ၀င်ငွေ ထွက်ငွေ ကြမ်းမည်။ ရစရာရှိသော ငွေတောင်းမရ ဖြစ်မည်။ အိမ်ထောင်ရှိသောသူတို့ ဖောက်ပြန်မည်။ ခြေ ၊ လက်ခိုက်မိမည်။ စက် ၊ ပစ္စည်း ၊ ရွှေ တို့ပျောက်မည်။ မီးလန့်တတ်၍ ဂရုစိုက်ပါ။ အလုပ်အကိုင် ရာထူးတက်မည်။ အိမ် နေရာတို့ ပြောင်းရွှေ့ရမည်။
အကျိုးပေးဂဏန်း - ၆ ၊ ၉ ၊ ၁။
အထူးဟော - စွန့်စားမှုပြုပါမှ အောင်မြင်မည်။
ယတြာ - သောကြာနေ့ တွင် မြောက်အရပ်၌ သန့်ရှင်းရေး လုပ်ပါ။
စနေ
အားနာတတ်သောစိတ်ကြောင့် ရမည့်အခွင့်အရေးများ လက်လွှတ်ရတတ်ပါသည်။ စီးပွားရေး အလုပ်အကိုင် များ မမျှော်လင့်ဘဲ ရရှိမည်။ အလုပ်များပေါ်ပေါက်လာပါမည်။ ငွေဝင်လာမည်။ ခရီးယာယီ ခရီးဝေး များသွားရမည်။ အချစ်ရေး အဆင်ပြေမည်။ ကိုယ်ချစ်တဲ့သူကို မိဘတို့က သဘောမတူ ၊ မိဘ သဘောတူသူကို ကိုယ်က မချစ်ဖြစ်နေမည်။ အတိုက်အခံ ကြုံမည်။ ကျော်လွှားဖြစ်မည်။ သင်၏ စိတ်ကူး ယဉ်တစ်ချို့ အကောင်အထည်ဖော် ဖြစ်မည်။ အောင်မြင်ရန် ရာနှုန်းပြည့် နေ၍ လုပ်လိုက်ပါ။ အောင်မြင်ပါတယ်။
အကျိုးပေးဂဏန်း - ၁ ၊ ၇ ၊ ၉။
အထူးဟော - ကံကောင်းပြီ။
ယတြာ - စနေနေ့ တွင် ထီး ၉ လက် လှူပါ။
မိတ္ထီလာမြို့ ကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံနေရသူများမှာ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ ၀မ်းပျက်ဝမ်းလျှောခြင်းနှင့် အခြားဝေဒနာများ ခံစားနေရ
မိတ္ထီလာမြို့ ကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံနေရသူ အချို့မှာ ရာသီဥတု ပူပြင်းခြင်း၊ အမိုးအကာ မလုံလောက်ခြင်းနှင့် အိမ်သာ မလုံလောက်ခြင်းတို့ကြောင့် ကိုယ်လက်မအီမသာဖြစ်ကာ ၀မ်းပျက်၊ ၀မ်းလျှောဝေဒနာများ ခံစားနေရကြောင်း သိရသည်။
"ရာသီဥတု အပြောင်းအလဲကြောင့် နည်းနည်းပါးပါး ၀မ်းလျှောတာပဲ ခရိုင်အားကစားဝင်းထဲမှာ တွေ့ရတယ်။ ဆရာဝန်တွေလည်း စောင့်ရှောက်မှု ပေးနေပါတယ်။ လမ်းအဝေးကြီး လျှောက်ရတာရယ်၊ စိတ်ပင်ပန်းမှု့ ဒဏ်တွေကြောင့် စိတ်ဓာတ်ကျနေတာတွေ၊ ကိုယ်လက်မအိမသာ ဖြစ်တာတွေလည်း ရှိပါတယ်၊ ကယ်ဆယ်ရေး စခန်းတွေကနေ မီးဖွားလူနာ နှစ်ယောက်ကို ဆေးရုံပို့ပေးခဲ့ရတာလည်း ရှိတယ်၊ ကျွန်တော်တို့ ကြက်ခြေနီကတော့ နယ်ခံကြက်ခြေနီကော အခြားဝမ်းတွင်း သာစည်မြို့က ကြက်ခြေနီတွေပါ လာပြီး အကူအညီပေးနေပါတယ်" ဟု မိတ္ထီလာ ကြက်ခြေနီအသင်း ဒုတိယတန်းခရိုင်ဦးစီးမှူး ကိုနေဦးက ပြောပြသည်။
"အဓိကကတော့ နေရာကျဉ်းကျဉ်းလေးနဲ့ လူများနေတာကြောင့် ၀မ်းပျက်၊ ၀မ်းလျှောကို တွေ့လာရပါတယ်၊ နောက်အိမ်သာနဲ့ သန့်ရှင်းရေး အားနည်းနေတော့ ခရိုင်ကွင်းထဲမှာ ၀မ်းပျက်ဝမ်းလျှော အတွေ့များတယ်၊ နေပူလို့ ခေါင်းကိုက်တာတွေလည်း ရှိတယ်၊ အခြားတော့ ပွန်းပဲ့ဒဏ်ရာတွေ အတွေ့ရများတယ်၊ ပြဿနာတွေနဲ့ စိတ်ဖိစီးမှု များလာတဲ့အခါ ခန္ဓာကိုယ်ရဲ့ တုန့်ပြန်မှု အားနည်းလာပြီး ရောဂါဝေဒနာ ၀င်လာနိုင်တယ်၊ ကယ်ဆယ်ရေး စခန်းတိုင်းမှာ ဒီလိုပြဿနာလေးတွေ တွေ့ရတယ်၊ ဆေးဝါး၊ ဓာတ်ဆားတော့ တတ်နိုင်သမျှ လှူထားတယ်" ဟု မိတ္ထီလာမြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဒေါက်တာဝင်းစိုးဦးက ပြောသည်။
မိတ္ထီလာမြို့ အထက (၁)၊ အထက (၃)၊ အထက (၅)၊ ပညာရေးကောလိပ်၊ ခရိုင်အားကစားကွင်း၊ မကျီးကုန်း ဘုန်းတော်ကြီးကျောင်း၊ သမုန်းကုန်း ဘုန်းတော်ကြီးကျောင်းနှင့် ကိုးန၀င်း ဘုန်းတော်ကြီးကျောင်း စသော ကယ်ဆယ်ရေးစခန်းများတွင် ဒုက္ခသည် ၈၅၀၂ ဦး ခိုလှုံလျက်ရှိကြောင်း သိရှိရသည်။
ကိုးရက်ကြာ ပိတ်ထားခဲ့ရသော မိတ္ထီလာမြို့ စည်ပင်သာယာဈေးအား မတ်လ ၃၀ ရက် နံနက် ၉ နာရီတွင် ပြန်လည်ဖွင့်လှစ်

မိတ္ထီလာဈေးအား မတ်လ ၃၀ ရက်နေ့ မနက် ၁၀ နာရီ ၀န်းကျင်က တွေ့ရစဉ်
ကိုးရက်ကြာ ပိတ်ထားခဲ့ရသော မိတ္ထီလာမြို့ စည်ပင်သာယာ ဈေးကြီးနှင့် ကပ်လျှက်တည်ရှိသော ပိတောက်မြိုင် ဈေးတို့အား မတ်လ ၃၀ ရက်နေ့ နံနက် ၉ နာရီတွင် ပြန်လည် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
"ဈေးက အခုဖွင့်ထားပြီ ဆိုပေမယ့် ဆိုင်ခန်းအများစုကတော့ မထွက်ကြသေးဘူး၊ ညနေ ဘယ်နှစ်နာရီ ပိတ်မယ်ဆိုတဲ့ ညွှန်ကြားချက်တော့ မရှိသေးဘူး၊ မိတ္ထီလာတစ်မြို့လုံး အကောင်းကျန်တာဆိုလို့ ဒီဈေးတစ်ခုပဲ ရှိတယ်။ အရင်တုန်းကတော့ ဒီဈေးက စည်းကမ်းထိန်းသိမ်းမှု အရမ်းအားနည်းတယ်၊ အခုတော့ ဘယ်လိုလာမယ် မသိသေးဘူး။ မီးသတ်ကားနဲ့ မီးသတ်အင်အားကို နေ့ညမပြတ် အဆင်သင့် ထားပေးစေချင်တယ်၊ နောက်ပြီး တကယ်လို့ အရေးကြုံလာရင် တာဝန်ရှိသူတွေ အနေနဲ့ ပြတ်ပြတ်သားသား လျှင်လျှင်မြန်မြန် အရေးယူ ဆောင်ရွက်ဖို့ လိုအပ်တယ်" ဟု မိတ္ထီလာမြို့ စည်ပင်သာယာဈေး အတွင်းရှိ သဇင်ပလတ်စတစ် ရောင်းဝယ်ရေးမှ ကိုမင်းအောင်နိုင်က ပြောသည်။

မိတ္ထီလာဈေးအား မတ်လ ၃၀ ရက်နေ့ မနက် ၁၀ နာရီ ၀န်းကျင်က တွေ့ရစဉ်
ဈေးပြန်ဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ မိတ္ထီလာမြို့ စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးကလည်း "ဒီနေ့မနက် ကိုးနာရီမှာ ဈေးကို ပုံမှန်အတိုင်း ပြန်ဖွင့်ထားပါတယ်။ ညနေငါးနာရီလောက်မှ ဈေးပြန်ပိတ်ပါမယ်။ မနက်ဖြန်လည်း ပုံမှန်အတိုင်း ပြန်ဖွင့်နိုင်ဖို့ ရှိပါတယ်၊ လုံခြုံရေး အနေနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေ၊ နောက် ဈေးအကျိုးတော်ဆောင်အဖွဲ့၊ ဈေးမိဈေးဖတွေ အားလုံးရှိပါတယ်" ဟု ပြောသည်။
မိတ္ထီလာဈေးကြီးမှာ အနီးအနားရှိ မြို့နယ်များဖြစ်သော ရမည်းသင်း၊ ပျော်ဘွယ်၊ သာစည် အစရှိသော မြို့များမှပင် လာရောက် ဈေးဝယ်လေ့ရှိသော ဈေးကြီးတစ်ခုဖြစ်ပြီး မှတ်ပုံတင်ထားသော ဆိုင်ခန်းပေါင်း လေးထောင်ကျော်နှင့် ယာယီပျံကျ ဆိုင်ခန်းပေါင်း သုံးထောင်ကျော် ရှိကြောင်း သိရသည်။
ကောလာဟလ သတင်းများကြောင့် ပြည်သူများအကြား စိုးရိမ်ထိတ်လန့် နေခဲ့ကြရာမှမတ် ၂၉ ရက် ယနေ့တွင် တည်ငြိမ်မှုများ ရှိလာပြီး ရန်ကုန်မြို့နေလူထု ပုံမှန်အတိုင်း လှုပ်ရှားသွားလာနေပြီဖြစ်

ယုဇနပလာဇာ အနီးဝန်းကျင်အား မတ်လ ၂၉ ရက်နေ့က တွေ့ရစဉ်
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မိတ္ထီလာ၊ ပဲခူးတိုင်း အနောက်ခြမ်းတို့၌ ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်များကြောင့် ပြည်သူများအကြား စိုးရိမ်ထိတ်လန့်မှုများ ရှိနေခဲ့ရာမှ ယနေ့ မတ် ၂၉ ရက်တွင်တည်ငြိမ်မှုများ ရှိလာပြီး ရန်ကုန်မြို့နေ လူထုလည်း ပုံမှန်အတိုင်း လှုပ်ရှားသွားလာနေပြီ ဖြစ်ကြောင်း သိရသည်။
မတ် ၂၄ ရက်မှစ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘာသာရေး အဓိကရုဏ်းအသွင်ဆောင် အခြေအနေများ ဖြစ်ပေါ်စေရန် ဆူပူလှုံ့ဆော်မှုများ ရှိနေခြင်းကြောင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံးမှ ဆိုင်ခန်းအားလုံးကို ည ၉ နာရီမတိုင်မီ ပိတ်သိမ်းရန်နှင့် အခြားလုံခြုံရေးဆိုင်ရာ ဒေသန္တရအမိန့်များ ထုတ်ပြန်ခဲ့ရသည်။ ထို့အတူ မတ် ၂၅ ရက်က မင်္ဂလာဈေးအနီး ဆူပူမည်ဟူသော ကောလာဟလ သတင်းများကြောင့် ညနေပိုင်းတွင် မင်္ဂလာဈေးနှင့် သိမ်ဖြူလမ်းပေါ်ရှိ ဈေးဆိုင်များကို ပိတ်သိမ်းခဲ့ကြပြီး ပြည်သူများမှာလည်း အထိတ်တလန့်နှင့် အသွားအလာ နည်းပါးသွားခဲ့ရသည်။
ထို့အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် ရန်ကုန်မြို့ အခြေစိုက် နိုင်ငံရေးပါတီများကို မတ် ၂၆ ရက်က ခေါ်ယူတွေ့ဆုံခဲ့ပြီး လက်ရှိရန်ကုန်မြို့တွင် ဖြစ်ပေါ်နေသော စုရုံးလှုံ့ဆော်မှု ဖြစ်စဉ်များတွင် နိုင်ငံရေးပါတီဝင်များ ပါဝင်ပတ်သက်မှု ရှိနေသည့်အပေါ် ထိန်းသိမ်းပေးရန်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခင်ထက် လုံခြုံရေးယူထားမှုများကို ရှင်းပြခဲ့သည်။
ယင်းနောက်မတ် ၂၅ ရက်ညပိုင်းမှစကာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ရန်ကုန်မြို့တွင်း လုံခြုံရေးအခြေအနေကို တိုးမြှင့်ခဲ့ပြီး သက်ဆိုင်ရာ မြို့နယ်ရပ်ကွက်များ အသီးသီးတွင်လည်း ရပ်ကွက်သူ၊ ရပ်ကွက်သားများက ရပ်ကွက်တွင်း သီးသန့်လုံခြုံရေးများ လုပ်ဆောင်လာကြသည်ဟု သိရသည်။
သို့သော် မတ် ၂၈ ရက်ညပိုင်းအထိ လုံခြုံရေး ဆောင်ရွက်မှုများ ရှိနေခဲ့သည့် နည်းတူ ည ၉ နာရီမတိုင်မီ ဆိုင်များပိတ်သိမ်းရန် ညွှန်ကြားမှုများ ဆက်လက်ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။

မင်္ဂလာဈေး အနီးဝန်းကျင်အား မတ်လ ၂၉ ရက်နေ့က တွေ့ရစဉ်
မိတ္ထီလာမြို့နှင့် ပဲခူးတိုင်းအနောက်ခြမ်းတို့၏ နောက်ဆက်တွဲ သတင်းများနှင့် ကောလာဟလ သတင်းများ အဓိက ရိုက်ခတ်ခဲ့သော မင်္ဂလာဈေး အနီးတစ်ဝိုက်နှင့် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဆူးလေဘုရားဝန်းကျင် မြို့လယ်နေရာများတွင် မတ် ၂၉ ရက် မွန်းလွဲတွင် မြို့နေပြည်သူများမှာ ပုံမှန်လှုပ်ရှား သွားလာနေပြီ ဖြစ်သည်။
''ကြားစကတော့ ကြောက်ကြောက်လန့်လန့်နဲ့ အများပိတ်သလို ဆိုင်တွေပိတ်ခဲ့ရတယ်။ နောက်မှ ကောလာဟလတွေဆိုတာ သိရတယ်။ အခုတော့ ဈေးဆိုင်ကို ပုံမှန်ပြန်ဖွင့်နေပါပြီ။ အရောင်းအဝယ်ကတော့ နည်းနည်းအေးနေ သေးတာပေါ့'' ဟု မင်္ဂလာဈေးတွင် အလှကုန်နှင့် လူသုံးကုန်ပစ္စည်း ရောင်းချသူတစ်ဦးက ပြောသည်။
မတ် ၂ဝ ရက်က မိတ္ထီလာမြို့ ပဋိပက္ခများမှ စတင်ကာ ရမည်းသင်း၊ တပ်ကုန်း၊ လယ်ဝေး စသည့်မြို့နယ်များအတွင်းရှိ ကျေးရွာအချို့သို့ ကူးစက်ခဲ့သည်။ယင်းမှဇီးကုန်း၊ အုတ်ဖို၊ ကြို့ပင်ကောက်၊ နတ္တလင်း စသည့်ပဲခူးတိုင်းအနောက်ခြမ်း မြို့နယ်အတော်များများတွင် အကြမ်းဖက်သူများ၏ လှုံ့ဆော်မှုများကြောင့် ပဋိပက္ခများ ဆက်တိုက် ဖြစ်ပွားခဲ့ပြီး ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ရသည်။
မတ် ၂၈ ရက်နေ့ ညပိုင်းတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် ပြည်သူသို့ ရှင်းလင်းချက် ပြောကြားခဲ့ပြီး ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုကိုထိပါးသည့် လုပ်ရပ်မှန်သမျှကို လုံးဝလက်ခံမည် မဟုတ်ဘဲ ရဲတပ်ဖွဲ့ အနေဖြင့် ရဲဝံ့ပြတ်သားစွာ ဆောင်ရွက်ရန် ညွှန်ကြားခဲ့သည်။
နိုင်ငံတော် သမ္မတမှ ပြည်သူသို့ ရှင်းလင်းချက် ပြောကြားပြီးနောက် မတ် ၂၉ ရက်နေ့ မွန်းလွဲအထိ ရရှိသော သတင်းများအရမူ မိတ္ထီလာမြို့ပေါ်တွင် ဆူပူမှုများ မရှိတော့ဘဲ ပဲခူးတိုင်းအနောက်ခြမ်း မြို့နယ်များတွင်လည်း တည်ငြိမ်မှုများ ပြန်လည်ရရှိလာကာ ပုံမှန်နီးပါး အခြေအနေသို့ ပြန်လည်ရောက်ရှိလာနေပြီ ဖြစ်ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ပဋိပက္ခဖြစ်စဉ်များအား ဦးဆောင်ခဲ့သူ ၁၉ ဦးအား ဖမ်းဆီးခဲ့ပြီး နယ်မြေလုံခြုံရေးအရ ၅ ဦးကို အာမခံဖြင့် လွှတ်ပေးထား
မတ်လ ၂၃ရက်နေ့ ညပိုင်း မှစ၍ ပဲခူးတိုင်းဒေသကြီးအတွင်း ပဋိပက္ခဖြစ်စဉ်များအား ဦးဆောင်ခဲ့သူ ၁၉ ဦးအား ဖမ်းဆီးခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး လှမြင့်က မတ်လ ၂၉ ရက် ညနေပိုင်းတွင် Eleven Media Group သို့ ပြောကြားခဲ့သည်။
မင်းလှမြို့နယ်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့သော ဦးဆောင်သူ ၅ ဦးကို နယ်မြေလုံခြုံရေးအရ အာမခံဖြင့် ပြန်လွှတ်ပေး ထားရကြောင်း ဒုတိယရဲမှူးကြီး လှမြင့်က အတည်ပြု ပြောကြားခဲ့သည်။
မတ်လ ၂၃ ရက်နေ့မှ ၂၈ ရက်နေ့အထိ ပဲခူးတိုင်း ဒေသကြီး သာယာဝတီ ခရိုင်အတွင်း ဖြစ်ပွားခဲ့သော အဆောက်အဦ နေအိမ်များ ဖျက်ဆီးမှုတွင် ဦးဆောင်ခဲ့သူ ဇီးကုန်းမြို့နယ်မှ ၁၀ဦး၊ မင်းလှ မြို့နယ်မှ ၅ ဦး၊ မိုးညိုမြို့နယ်မှ ၂ ဦး၊ နတ္တလင်းမြို့နယ်မှ ၂ ဦး စုစုပေါင်း ၁၉ ဦးအား ဖမ်းဆီးခဲ့ပြီး မတ်လ ၂၈ ရက်တွင် မင်းလှ မြို့၌ လက်နက်ကိုင်ဆောင်ထားသူ တစ်ဦးအား ထပ်မံ ဖမ်းဆီးခဲ့ကြောင်း သိရသည်။
"အဓိက ဖမ်းဆီးထားတဲ့ သူတွေက အဆောက်အဦတွေကို ဖျက်ဆီးတဲ့နေရာမှာ ဦးဆောင်သူတွေ ဖြစ်တယ်။ သူတို့ရဲ့ ကွင်းဆက်အနေနဲ့ ဘာတွေရှိလဲ ပြီးတော့ သူတို့ရဲ့ နောက်ကွယ်မှာရှိတဲ့ သူတွေကို ထပ်မံဖမ်းဆီးနိုင်ဖို့ ဆက်လက် ဆောင်ရွက်နေတယ်။ မင်းလှမြို့နယ်က လူငါးဦးကို လွှတ်ပေးခဲ့ရတာကလည်း ဒေသခံတွေက သူတို့ကို လွှတ်ပေးဖို့ တောင်းဆိုတဲ့ အတွက် နယ်မြေလုံခြုံရေးအရ အာမခံနဲ့ လွှတ်ပေးခဲ့ခြင်း ဖြစ်တယ်။ သူတို့ငါးဦးကို ဖြစ်စဉ်အပေါ် မူတည်ပြီး ပြန်လည် ဖမ်းဆီးသွားမှာပါ" ဟု ဒုတိယရဲမှူးကြီး ဦးလှမြင့်က ပြောကြားသည်။
ပဲခူးတိုင်းဒေသကြီး သာယာ ဝတီခရိုင်အတွင်း ကြိုပင်ကောက်၊ ဇီးကုန်း၊ အုတ်ဖို၊ နတ္တလင်း၊ မင်းလှ မြို့နယ်၊ ပုတီးကုန်း၊ မိုးညို၊ အင်းမနှင့် အိုးသည်ကုန်း စသည့် မြို့များသည် ပဋိပက္ခ ဖြစ်ပွားခဲ့ရာ အဓိက ဒေသများ ဖြစ်ပြီး အဆိုပါ ဒေသများသည် မတ်လ ၂၉ ရက်နေ့မှ စတင်ပြီး တည်ငြိမ်မှု ပြန်လည် ရရှိခဲ့ကြောင်း သိရသည်။
မြန်မာ-အိန္ဒိယ ပထမဆုံး နယ်စပ်ဈေး ဖွင့်လှစ်မည်
"သူနဲ့ ကပ်လျက် အိန္ဒိယ ဘက်မှာက ပန်းရှားရွာ ရှိနေပါတယ်။ အဲဒီအတွက် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နဲ့ အိန္ဒိယ ဝန်ကြီးချုပ်တို့ ဆွေးနွေးခဲ့တယ်။ နောက်ထပ် တိုင်းဒေသကြီး အဆင့်ရယ်၊ ဒေသခံတွေရယ် ဆွေးနွေးပြီးရင် မကြာခင် ဖွင့်နိုင်မှာပါ" ဟု ဝန်ကြီးဌာန၏ ဒေသတွင်း ကုန်သွယ်မှု ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးတေဇအောင်ဝင်း က ပြောသည်။ပန်ဆောင်မှာ ကချင်ပြည်နယ်အနီး စစ်ကိုင်းတိုင်း
မြောက်စွန်းရှိ နန်းယွန်းမြို့နယ်နှင့် အနီးတွင်ရှိပြီး နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင် ပါဝင်တည်ရှိသည်။ အိန္ဒိယနိုင်ငံ၊ နာဂလဲန်း ပြည်နယ်နှင့် ထိစပ်နေသည်။
"မြန်မာ-အိန္ဒိယ နယ်စပ်မှာရှိတဲ့ ဒေသခံတွေက ဆင်းရဲကြပါတယ်။ တောင်ပေါ် ဒေသတွေလည်း ဖြစ်တော့ လမ်းပန်းဆက်သွယ်ရေးလည်း အတော်ခက်ခဲတယ်။ ဒေသခံတွေ စားဝတ်နေရေးအတွက် အထောက်အကူ
ပြုနိုင်အောင် နယ်စပ်ဈေးအဖြစ် အရင် ဖွင့်လှစ်လုပ်ကိုင်မယ်။ အဲဒီအခြေအနေကနေ တိုးတက်မှု ရှိလာရင် နယ်စပ်ကုန်သွယ်ရေး စခန်းအဖြစ် တိုးမြှင့်ဖွင့်သွားဖို့ပါ အစီအစဉ်ရှိပါတယ်" ဟု ညွှန်မှူးက ဆက်လက်ပြောကြား သည်။
လက်ရှိ အိန္ဒိယ-မြန်မာ နယ်စပ်တွင် တမူးနှင့် ရိခေါရ်ဒါ နယ်စပ် ကုန်သွယ်ရေး စခန်းတို့ကို ဖွင့်လှစ် ထားရှိသည်။
၂၀၁၁-၁၂ ဘဏ္ဍာနှစ်အတွင်း နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုမှာ အမေရိကန် ဒေါ်လာ ၁၅.၄၀၉ သန်း ရှိခဲ့သည်။ ၂၀၁၂-၁၃ ဘဏ္ဍာနှစ် (ဇန်နဝါရီ လကုန်အထိ) ထိုနယ်စပ် ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၃၂.၁၃၇ သန်း ရှိကြောင်း သိရသည်။
သမ္မတပြောသည့်အတိုင်း လိုက်လုပ်ရန်လိုအပ်ကြောင်း ဘာသာရေးခေါင်းဆောင်အချို့ ထောက်ပြ
အစ္စလာမ် သာသနာရေးကောင်စီ ဥက္ကဌ ဦးညွှန့်မောင်သျှိန်က "သမ္မတကြီး ပြောတဲ့အတိုင်းလိုက်ပြီး အောက်က အဖွဲ့အစည်းတွေက လိုက်လုပ်မှပဲ အဆင်ပြေနိုင်မယ်။ သမ္မတကြီး အမိန့်ရှိတဲ့ အတိုင်းကို အောက်က လိုက်လုပ်မယ်ဆိုရင် အဓိကရုဏ်း အတွက်ဘာမှ စိုးရိမ်စရာမရှိပါဘူး " ဟု ဆိုသည်။
မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် ဖြစ်ပွားလျက်ရှိသော အဓိကရုဏ်းများအား ရပ်တန့်ကာ ငြိမ်းချမ်းရေးကို အမြန်လိုလားကြောင်း ဦးညွှန့်မောင်သျှိန်က ဆက်လက်ပြောခဲ့သည်။
ထို့ကြောင့် ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် သမ္မတပြောဆိုသည့်အတိုင်း သတ္တိရှိရှိ ရဲရဲဝံ့ဝံ့လုပ်ဆောင်သင့်ကြောင်း ၎င်းက အကြံပေး ပြောဆိုခဲ့သည်။
အဓိကရုဏ်းဖြစ်စဉ်များတွင် ရဲဝန်ထမ်းများသည် အထက်မှ အမိန့် ညွှန်ကြားချက်အား စောင့်ဆိုင်းမှုများ ရှိနေခြင်းကြောင့် အချိန်မှီ တားဆီးမှု မပြုလုပ်နိုင်ခဲ့ကြောင်း ရွှေည၀ါဆရာတော်ကြီးက မိန့်သည်။
ဆရာတော်ကြီးက " အထက်အမိန့် စောင့်ရင်းစောင့်ရင်းနဲ့ ရှေ့က ဖျက်ဆီးနေတာကို ရပ်ကြည့်နေတော့ ဘုန်းဘုန်းတို့က တွေးစရာဖြစ်လာတယ်လေ။ အချိန်မှီ တားဆီးရင် ဒီဟာကြီးက မကြီးထွားနိုင်ဘူး" ဟု မိန့်ကြားသည်။
အဓိကရုဏ်းများ မဖြစ်ပွားမီ ညှိနှိုင်းမှုနှင့် ထိန်းသိမ်းနိုင်ပါက အကြမ်းဖက် ဖမ်းဆီးမှုများ လုပ်စရာမလိုကြောင်း ကာကွယ်ရေးနှင့် လုံခြုံရေး အဖွဲ့မှ လုပ်ဆောင်နေခြင်းများတွင် နှင့်ပတ်သတ်၍ နှောင့်နှေးနေမှုအပေါ် အစ္စလာမ် ဘာသာရေး ခေါင်းဆောင်တဦးဖြစ်သူ အဲလ်ဟခ်ျ ဦးအေးလွင်က ဝေဖန်ထောက်ပြခဲ့သည်။
၎င်းက "တွေ့ရတယ်။ ဒေသဆိုင်ရာ အုပ်ချူပ်ရေးတွေလည်း လိုတယ်။ အဓိကရုဏ်းကို လုပ်ဆောင်တဲ့သူတွေ လာတယ်။ ဘယ်ကလာတယ်ဆိုတာ သူတို့သိနိုင်ပါတယ်။ အဲဒါကို တားဆီးမှု မရှိဘူး။ သွားရောက်ဆွေးနွေးမှု မရှိဘူး" ဟု ဆိုသည်။
ရွှေအရောင်းအ၀ယ် ပြုလုပ်ရာမှ စတင်ဖြစ်ပွားခဲ့သည့် မိတ္ထီလာ အဓိကရုဏ်းမှ စတင်သော နောက်ဆက်တွဲ ပဋိပက္ခများဂယက်သည် ပဲခူးတိုင်း အနောက်ခြမ်းရှိ ဇီးကုန်း၊နတ္တလင်း၊ အုတ်ဖို၊ ကြို့ပင်ကောက် အစရှိသော မြို့များသို့ ကူးစက်ပျံ့နှံ့ခဲ့သည်။
ထိုသို့ ပြန့်နှံ့ခဲ့ပြီးနောက်အစိုးရအနေနှင့် ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်ကို ထိပါးသည့် လုပ်ရပ်မှန်သမျှကို လက်သင့်ခံမည် မဟုတ်ပဲ လိုအပ်လျှင် မြို့ပြအင်အားသုံး၍ ထိထိရောက်ရောက် နှိမ်နင်းသွားမည်ဖြစ်ကြောင်း သမ္မတမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
ခွင့်ပြုချက် မရှိသဖြင့် ကြို့ပင်ကောက်မြို့အထိသာ ကူညီရေးပစ္စည်းများ ပေးအပ်နိုင်
ကြောင့် ကူညီရေးပစ္စည်းများကို ကြို့ပင်ကောက်မြို့တွင်သာ ပေးအပ်နိုင်ခဲ့သည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက မဇ္ဈိမသို့ ပြောသည်။
ခရီးစဉ်အား အုတ်ဖို၊ မင်းလှ၊ ကြို့ပင်ကောက်မှ နတ်တလင်းအထိ စီစဉ်ထားသော်လည်း ကြို့ပင်ကောက် မြို့နယ် အုပ်ချူပ်ရေးမှူး ဦးသိန်းထွန်းအောင်မှ ပဋိပက္ခဖြစ်ပွားရာဒေသများတွင် ပုဒ်မ၁၄၄ ထုတ်ပြန်ထားသောကြောင့် သက်ဆိုင်ရာ၏ ခွင့်ပြုချက်မရှိပါက မည်သည့် လုပ်ငန်းကိစ္စကိုမှ ခွင့်မပြုနိုင်ပါကြောင်း ပြောဆို တားဆီးခဲ့ခြင်းဖြစ်သည်။
ထိုသို့ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော ဒေသများသို့ ခွင့်ပြုချက် မရပဲ သွားရောက်ခွင့်မရခဲ့သော်လည်း အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ရာဒေသများရှိ ပြည်သူများအား ကူညီ လှူဒါန်းမှုများအား ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း လိုက်ပါသွားသူ ဒေါ်ဖြူဖြူသင်းက ဆက်ပြောသည်။
၎င်းက " မိတ္ထီလာကို ရောက်တော့ ဒုက္ခရောက်နေတဲ့ လူတွေကို တွေ့ဖို့ပဲ အလုပ်ရှုပ်နေတော့ အုပ်ချူပ်ရေးဘက်ကို အသိမပေးလိုက်မိဘူး။ ကိုယ်လုပ်စရာရှိတာကို အရင်လုပ်လိုက်တဲ့အတွက် နောက်မှ တွေ့ဖြစ်သွားတာပါ။ သေချာရှင်းပြလိုက်တော့ နားလည်သွားပါတယ် " ဟုဆိုသည်။
ကြို့ပင်ကောက်မြို့နယ်အုပ်ချူပ်ရေးမှူး ရုံးသို့ မဇ္ဈိမမှ မေးမြန်းရာ ဆက်သွယ်၍ မရခဲ့ပေ။
ကြို့ပင်ကောက် မြို့နယ်သို့ လာရောက်အားပေး တွေ့ဆုံခြင်းနှင့် ပတ်သတ်၍ ဒေသခံများက အားရ၀မ်းသာဖြစ်ကြောင်း ပဋိပက္ခများနှင့် ပတ်သတ်၍ ကြောက်ရွံ့နေကြကြောင်း ဒေသခံတဦးဖြစ်သူ ကိုသူရက မဇ္ဈိမကိုပြောသည်။
၎င်းက " ကျွန်တော်တို့ ဒေသခံတွေကတော့ အရမ်းကိုအားတက်တာပေါ့။ အားလုံးက စိုးရိမ် ထိတ်လန့်နေကြတယ်။ ဘာကြောင့်မှန်းမသိ ဘယ်လိုကြောင့်မှန်းမသိပဲ ဖြစ်နေတာ "ဟု ခံစားချက်ကို ရှင်းပြသည်။
၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ မနီလာသိန်း၊ မမီးမီးနှင့် တက္ကသိုလ်ကျောင်းသား သမဂ္ဂများမှ ကျောင်းသားများ၊ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်ဖြူဖြူသင်း အစရှိသူတို့ စုပေါင်းကာ ပုဒ်မ ၁၄၄ထုတ်ပြန်ထားသော ပဲခူးတိုင်းပြည်ခရိုင်တို့သို့ အ၀တ်အထည်၊ငွေကြေးများနှင့် ဆေးဝါးပစ္စည်းများ ကိုမတ်လ ၂၈ရက်နေ့က သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်သည်။
လူမှု ကူညီကယ်ဆယ်ရေးများနှင့် အေးချမ်းတည်ငြိမ်မှု ရှိစေရန် ရည်ရွယ်၍ ဒေသခံ အစ္စလာမ်ဘာသာဝင်များ ဗုဒ္ဓဘာသာဝင်များနှင့် တွေ့ဆုံရန် ၊ ဖြစ်စဉ်များကို လေ့လာရန် သွားရောက်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။
ထူးဆန်းစွာ ပျောက်ဆုံးနေသူ ကိုရဲမင်းဦးအား ရဲက စစ်မေးနေခြင်းဖြစ်ဟု ၈၈ ပြော
ကော်မတီ အတွင်းရေးမှူး ကိုရဲမင်းဦးမှာ ရန်ကုန်တိုင်းရဲမှ ခေါ်ယူစစ်ဆေးနေ၍ ဖြစ်ကြောင်း ၈၈ မျိုးဆက်
ကျောင်းသားများ အဖွဲ့မှ ကိုကိုကြီးက မတ်လ ၂၉ ရက်နေ့ မနက်ပိုင်းတွင် မဇ္ဈိမကို ပြောဆိုလိုက်သည်။
"ကျနော်တို့ သိရသလောက်ကတော့ ရန်ကုန်တိုင်း ရဲက ထိန်းသိမ်းထားပြီးတော့ စစ်မေးနေတယ်လို့ ကြားရပါတယ်။ ဘာကို စစ်မေးနေတယ်၊ ဘာကြောင့် ဆိုတာကို သေချာ မသိရသေးတော့ ပြောရ ခက်တာပေါ့နော်။ လက်ရှိ
ဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေထဲမှာ ကျနော်တို့ မသိနိုင်တဲ့ဟာတွေတော့ အများကြီးရှိမယ်လို့ ထင်တာပဲ" ဟု ဆိုသည်။
ကိုရဲမင်းဦးအား မတ်လ ၂၅ ရက်နေ့ည ၉ နာရီခန့်တွင် အမည်မသိ လူနှစ်ဦးက ဗဟန်းမြို့နယ် ဦးသာသနာ့
ကျောင်းတိုက်တွင် လာရောက်ခေါ်ဆောင်သွားရာမှ ပျောက်ဆုံးသွားခဲ့၍ ဗဟန်း ရဲစခန်း၌ ၁၃/၂၀၁၃ လူပျောက်မှု ဖွင့်ကာ ဆက်လက် စုံစမ်းလျက်ရှိရာ မတ်လ ၂၉ ရက်နေ့ ညနေအထိ စုံစမ်းမရရှိ သေးကြောင်း ဦးလေးဖြစ်သူ ဦးကျော်ကျော် က ပြောသည်။
"သား ပျောက်နေတာ ကြားရတော့ ဂွမြို့နယ်၊ ပိန္နဲကုန်းမှာနေတဲ့ သူ့အဖေဟာ သားအတွက် စိုးရိမ်စိတ်နဲ့ အစာလည်း မစားတော့ဘူး။ နေမကောင်းဖြစ်နေတော့ အိပ်ရာထဲမှာ ဘုန်းဘုန်းလဲနေတော့တာပဲ" ဟု ဆိုသည်။
ထိန်းသိမ်းခံထားရလျှင် ဥပဒေပိုင်း ပွင့်လင်းမြင်သာမှုနှင့် ပတ်သက်၍ "ဥပဒေအရ တရားရုံး လုပ်ထုံးလုပ်နည်းတွေ
တော့ ရှိတယ်။ နောက်ပြီး အစိုးရဘက်ကလည်း မကြာခင်မှာ ဒါတွေနဲ့ ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲ လုပ်မယ်လို့ ပြောသံတွေလည်း ကြားရတယ်" ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးညီပု က ပြောသည်။
ကိုရဲမင်းဦးမှာ ရခိုင် လူငယ်များအဖွဲ့ (AYO) ၏ အဖွဲ့ဝင်လည်း ဖြစ်၍ ၎င်း ပျောက်နေမှုအား စိုးရိမ်ကြောင်း ပြသသည့် အနေဖြင့် AYO မှ ဦးဆောင်၍ မတ်လ ၂၆ ရက်နေ့က အနောက် ရွှေဂုံတိုင်လမ်းရှိ ရွှေရသာ စားသောက်ဆိုင်၌ သတင်းစာ ရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့သည်။ ထို့ပြင် မတ်လ ၂၉ ရက်နေ့တွင်လည်း ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေး ကော်မတီ၊ ရခိုင် နိုင်ငံရေး ပါတီများနှင့် ရခိုင် လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့၊ ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ်နှင့် နိုင်ငံခြား သံရုံးများသို့ အသိပေးစာများ AYO က ပေးပို့ခဲ့ကြောင်း သိရသည်။