Saturday, March 30, 2013

29.3.2013 မှ 4.4.2013 ထိ ၇ ရက်သားသမီး ဟောစာတမ်း

တနင်္ဂနွေ

ရည်ရွယ်ချက်များ မျှော်လင့်ချက်တွေ အောင်မြင်မည်။ အချစ်ရေး အဆင်ပြေမည်။ ခွဲခွာနေသော ချစ်သူနှင့် ပြန်ဆုံမည်။ လက်ထပ်ရကိန်းမြင်သည်။ မိဘသားချင်း တို့ သဘောမတူ ပြဿနာ တက်မည်။ သို့သော် ယူဖြစ်မည်။ ကျန်းမာရေး အနည်းငယ် ဂရုစိုက်ပါ။ စီးပွားရေး အဆင်ပြေလာမည်။ ငွေရမည်။ ထီပေါက်ကိန်းမုချရှိသည်။ အလုပ်ပြောင်းရွှေ့ ရမည်။ ခရီးဝေးယာယီသွားရမည်။ လက်ဆောင်လှလှလေး တွေရမည်။

အကျိုးပေးဂဏန်း - ၁ ၊ ၅ ၊ ၈။

အထူးဟော - စိတ်ချမ်းသာမည်။

ယတြာ - တနင်္ဂနွေနေ့ တွင် သက်ကြီးရွယ်အိုတွေကို ခေါင်းလျှော်ရည်လှူပါ။

 

တနင်္လာ

          ကံကောင်းမည်။ လက်ဆောင်တွေရမည်။ ဖြေဆိုမှုများ ၊  အင်တာဗျူးများ အောင်မြင်မည်။ ပညာရေး ထူးချွန်စွာအောင်မြင်မည်။ ခရီးယာယီသွားရမည်။  ကျန်းမာရေးမှာ ၀မ်း ၊ ရင် ဂရုစိုက်ပါ။ ထိခိုက်ရှနာ အနည်းငယ်မြင်သည်။ အန္တရာယ်လုံးဝမရှိပါ။ လူချစ်လူခင်များမည်။ စီးပွားရေးကောင်းသည်။ ၀င်ငွေကောင်းသည်။ အချစ်ရေးကောင်းမည်။ ဘုရားဖူးထွက်ရမည်။ တရားဓမ္မ ကျင့်ကြံ မှုတွေ ပြုဖြစ်မည်။ ငွေပေးချေမှုများ ပြန်မရနိုင်ပါ။ စက်ပစ္စည်း ၀င်မည်။ ထွက်မည်။

 

အကျိုးပေးဂဏန်း - ၂ ၊ ၄ ၊ ၈။

အထူးဟော - မင်္ဂလာရှိသော ကာလဖြစ်ပါသည်။

ယတြာ - တနင်္လာနေ့ တွင် ငါးတွေကို အစာကျွေးပါ။

 

အင်္ဂါ

          ကိုယ့်ဘက်က စေတနာ နှင့် ဆောင်ရွက်မှုတွေအပေါ် နားမလည်သူတွေကြောင့် စိတ်ဆင်းရဲမှု နှင့် ဒေါသထွက်စရာများ ဖြစ်နေရတတ်သည်။ အချစ်ရေး မှာ မကောင်းမှန်းသိလျက် နှင့် လက်မလွှတ်နိုင် တာတွေကြောင့် ချစ်သူ ဦးရေးများပြားလာလိမ့်မည်။ ကျန်းမာရေးမှာ အနည်းငယ်ချူချာ နိုင်တာကြောင့် ဂရုစိုက်သင့်ပါတယ်။ အလုပ်ကိစ္စတွေ များပြားမှုကြောင့် စိတ်ရှုပ်ရတတ်ပါသည်။ ငွေကြေးကိစ္စ စိတ်ရှုပ်ရနိုင်၍ ဂရုစိုက်ပါ။ မြေကိစ္စ ၊ အမွေကိစ္စ တွေရှုပ်ရတတ်ပါသည်။ ထီပေါက်ကိန်းရှိသည်။ ထီထိုးပါ။

 

အကျိုးပေးဂဏန်း - ၃ ၊ ၆ ၊ ၉။

အထူးဟော - သင်ကံကောင်းပါမည်။

ယတြာ - အင်္ဂါနေ့နံနက် တွင် တောင်အရပ်က လမ်းကို သန့်ရှင်းရေးလုပ်လိုက်ပါ။

 

ဗုဒ္ဓဟူး

          အချစ်ရေး ၊ ပညာရေး အလုပ်အကိုင်အရေးတို့ အတွက် စိတ်ရှုပ်ရခြင်း နှင့် အလုပ်ရှုပ်ရခြင်း များဖြစ်နေပါမည် ။ သို့သော လည်း အောင်မြင်မှု တွေ ဖြစ်လာပါမည်။ သင့်ရဲ့ ရှုပ်နေရသော အလုပ်များကို ကူညီသူ တွေ ရှိနေမှာပါ။ ခရီးသွားစရာ တွေပေါ်သော်လည်း ခရီးမထွက်နိုင် ဖြစ်နေမည်။ စီးပွားရေး လုပ်ငန်း လုပ်ဖြစ်မည်။ ခရီးဝေးယာယီ ရောက်မည်။ အောင်မြင်မည်။ ရှယ်ယာ လုပ်ငန်းများ အဆင်ပြေမည်။  စက် ၊ မြေ တို့ အသစ်ဝင်မည်။ လူလိမ် ငွေလိမ် ခံရမည်။ ခြေ၊လက် ဂရုစိုက်ပါ။ နာကျင်မှု ဖြစ်မည်။

 

အကျိုးပေးဂဏန်း - ၄ ၊ ၉ ၊ ၆။

အထူးဟော - ကံကောင်းမည်။

ယတြာ - ဗုဒ္ဓဟူးနေ့ တွင် ရေကုသိုလ်ပြုပါ။

 

ကြာသပတေး

          အရာရာကိုတွေး၍ ပူမိမည်။ အထူးသဖြင့် အချစ်ရေး နှင့် စီးပွားရေး အတွက် အမျိုးမျိုးဆုံးဖြတ်ချက် တွေချမိမည်။ သို့သော်သင်ပူပန်စရာမလို မဟုတ်ပါ။ အဆင်ပြေအောင်မြင်ပါမည်။ ခရီးယာယီ တွေ သွားရမည်။ လမ်းခရီး အန္တရာယ်မရှိပါ။ အချစ်ရေး အိမ်ထောင်ရေး အဆင်ပြေမည်။  လက်ထပ်ဖြစ်မည်။ မိဘသဘောတူ ပေးစား သူကို ယူဖြစ်မည်။ သက်၏ စည်းကမ်း ကြီးမှု့ကြောင့် လုပ်တူကိုင်ဖက်တို့ အပြစ်တင်ခြင်းခံရမည်။ စက် ၊ မြေ တို့ဝင်မည်။ ကြီးသူ ၁ ဦး ချူချာမည်။ ကိုယ်ပိုင်လုပ်ငန်း များအောင်မြင်မည်။ ရှယ်ယာလုပ်ငန်းများ အဆင်ပြေမည်။ ထီထိုးပါ။ ထီပေါက်မည်။ ၅ ထိပ် ၅ ပိတ်ကိုထိုးပါ။ အတိုက်အခံ တွေပေါ်နိုင်မည်။

 

အကျိုးပေးဂဏန်း - ၁ ၊ ၅ ၊ ၇။

အထူးဟော - အားလုံးအဆင်ပြေမည်။

ယတြာ - ကြာသပတေးနေ့ နံနက်တွင် ဘုရားကို အောင်သပြေ ၁၉ ညွန့် လှူပါ။

 

သောကြာ

          သံယောဇဉ် ကြီးမားမှု စွဲလန်းကြီးမားမှုတွေ ကြောင့်စိတ်ရှုပ်ရတတ်၏။ ကိုယ်ချစ်ရသောသူကို မိဘက သဘောမတူ ဖြစ်နေမည်။ သို့သော် ကိုယ်ချစ်တဲ့သူကိုပင် ယူဖြစ်မည်။ မရောက်ဘူးသော ခရီးရောက်မည်။ အတိုက်အခံတွေပေါ်မည်။ ၀င်ငွေ ထွက်ငွေ ကြမ်းမည်။ ရစရာရှိသော ငွေတောင်းမရ ဖြစ်မည်။ အိမ်ထောင်ရှိသောသူတို့ ဖောက်ပြန်မည်။ ခြေ ၊ လက်ခိုက်မိမည်။ စက် ၊ ပစ္စည်း ၊ ရွှေ တို့ပျောက်မည်။ မီးလန့်တတ်၍ ဂရုစိုက်ပါ။ အလုပ်အကိုင် ရာထူးတက်မည်။ အိမ် နေရာတို့ ပြောင်းရွှေ့ရမည်။

 

အကျိုးပေးဂဏန်း - ၆ ၊ ၉ ၊ ၁။

အထူးဟော - စွန့်စားမှုပြုပါမှ အောင်မြင်မည်။

ယတြာ - သောကြာနေ့ တွင် မြောက်အရပ်၌ သန့်ရှင်းရေး လုပ်ပါ။

 

စနေ

          အားနာတတ်သောစိတ်ကြောင့် ရမည့်အခွင့်အရေးများ လက်လွှတ်ရတတ်ပါသည်။ စီးပွားရေး အလုပ်အကိုင် များ မမျှော်လင့်ဘဲ ရရှိမည်။ အလုပ်များပေါ်ပေါက်လာပါမည်။ ငွေဝင်လာမည်။ ခရီးယာယီ ခရီးဝေး များသွားရမည်။ အချစ်ရေး အဆင်ပြေမည်။ ကိုယ်ချစ်တဲ့သူကို မိဘတို့က သဘောမတူ ၊ မိဘ သဘောတူသူကို ကိုယ်က မချစ်ဖြစ်နေမည်။ အတိုက်အခံ ကြုံမည်။ ကျော်လွှားဖြစ်မည်။ သင်၏ စိတ်ကူး ယဉ်တစ်ချို့ အကောင်အထည်ဖော် ဖြစ်မည်။ အောင်မြင်ရန် ရာနှုန်းပြည့် နေ၍ လုပ်လိုက်ပါ။ အောင်မြင်ပါတယ်။

အကျိုးပေးဂဏန်း - ၁ ၊ ၇ ၊ ၉။

အထူးဟော - ကံကောင်းပြီ။

ယတြာ - စနေနေ့ တွင် ထီး ၉ လက် လှူပါ။


No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။