
ပန်ဆောင်မှာ ကချင်ပြည်နယ်အနီး စစ်ကိုင်းတိုင်း
မြောက်စွန်းရှိ နန်းယွန်းမြို့နယ်နှင့် အနီးတွင်ရှိပြီး နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင် ပါဝင်တည်ရှိသည်။ အိန္ဒိယနိုင်ငံ၊ နာဂလဲန်း ပြည်နယ်နှင့် ထိစပ်နေသည်။
"မြန်မာ-အိန္ဒိယ နယ်စပ်မှာရှိတဲ့ ဒေသခံတွေက ဆင်းရဲကြပါတယ်။ တောင်ပေါ် ဒေသတွေလည်း ဖြစ်တော့ လမ်းပန်းဆက်သွယ်ရေးလည်း အတော်ခက်ခဲတယ်။ ဒေသခံတွေ စားဝတ်နေရေးအတွက် အထောက်အကူ
ပြုနိုင်အောင် နယ်စပ်ဈေးအဖြစ် အရင် ဖွင့်လှစ်လုပ်ကိုင်မယ်။ အဲဒီအခြေအနေကနေ တိုးတက်မှု ရှိလာရင် နယ်စပ်ကုန်သွယ်ရေး စခန်းအဖြစ် တိုးမြှင့်ဖွင့်သွားဖို့ပါ အစီအစဉ်ရှိပါတယ်" ဟု ညွှန်မှူးက ဆက်လက်ပြောကြား သည်။
လက်ရှိ အိန္ဒိယ-မြန်မာ နယ်စပ်တွင် တမူးနှင့် ရိခေါရ်ဒါ နယ်စပ် ကုန်သွယ်ရေး စခန်းတို့ကို ဖွင့်လှစ် ထားရှိသည်။
၂၀၁၁-၁၂ ဘဏ္ဍာနှစ်အတွင်း နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုမှာ အမေရိကန် ဒေါ်လာ ၁၅.၄၀၉ သန်း ရှိခဲ့သည်။ ၂၀၁၂-၁၃ ဘဏ္ဍာနှစ် (ဇန်နဝါရီ လကုန်အထိ) ထိုနယ်စပ် ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၃၂.၁၃၇ သန်း ရှိကြောင်း သိရသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။