Friday, March 22, 2013
မိတ္ထီလာမြို့မှာ အဓိကရုဏ်းတွေ ပြန်ဖြစ် (မတ်လ ၂၂) ရက်နေ့ 
ဒီမီးလောင်ကျွမ်းမှုတွေဟာ ရန်ကုန်-မန္တလေးကားလမ်းမဘေး၊အဝေးပြေးကားဝင်း အနီးက သီရိမင်္ဂလာရပ်ကွက်မှာ ဖြစ်ပွားနေတာလို့ မိတ္ထီလာမြို့နယ်မီးသတ်တပ်ဖွဲ့က အတည်ပြုပြောကြားပါတယ်။
"ပြည်သူတစ်ချို့က သောင်းကျန်းနေတာပါ။ရဲတွေလည်း ထိန်းဖို့ကြိုးစားနေတယ်"လို့ မီးသတ်တပ်ဖွဲ့အရာရှိတစ်ဦးက ပြောပါတယ်။
RFA Burmese
မိတ္ထီလာမြို့တွင် လူ ၁၀၀ ကျော် ပိတ်မိနေသဖြင့် ကယ်တင်ရန် လိုအပ်နေဟု ဆို
လက်ရှိအချိန်တွင် မိတ္ထီလာမြို့ ပြည်သာယာ ရပ်ကွက်တွင် အစ္စလမ် ဘာသာဝင် ၁၀၀ ကျော်ကို လူအုပ်စုဖြင့် ၀ိုင်းနေသည့် အတွက် ၎င်းတို့ကို ကယ်တင်ရန် လိုအပ်နေကြောင်း မိတ္ထီလာမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က ပြောသည်။
ထို့အပြင် မိတ္ထီလာ အမှတ် ၁ ရဲစခန်းတွင် အစ္စလမ်ဘာသာဝင် ၄၀၀ ကျော်နှင့် ခရိုင် အားကစားကွင်းအတွင်း ၈၀၀ ကျော်ကို လုံးခြုံရေး တပ်ဖွဲ့များက ကယ်တင် စောင့်ရှောက်ထားရကြောင်း သိရသည်။
"အခုမနက် အခြေအနေ တကယ် ရုတ်ရုတ်သဲသဲ ဖြစ်တဲ့နေရာတွေမှာ ရဲတပ်ဖွဲ့တွေ လှုပ်ရှားတာကို မတွေ့ရဘူး။ သူတို့က ဘာမှ မလုပ်တတ်မကိုင်တတ်တဲ့ ပုံစံဖြစ်နေတယ်။ ဒီလိုအတွေ့အကြုံမျိုး မရှိတဲ့အတွက် သူတို့ မလုပ်ရဲ မကိုင်ရဲ ဖြစ်နေတာ" ဟု သူက ဧရာဝတီသို့ ပြောသည်။
ယခုကဲ့သို့သော အခြေအနေသည် မိတ္ထီလာမြို့တွင် မဖြစ်ခဲ့ဘူးသောကြောင့် အလွန် စိတ်မချမ်းမသာ ဖြစ်ရကြောင်း၊ လူမျိုးရေး အသွင် ဆောင်လာပြီဖြစ်ကြောင်း ဦးဝင်းထိန်က ဆိုသည်။
ယနေ့ မနက် နောက်ဆုံးအခြေအနေအရ ပေါက်ချောင်း ရပ်ကွက်တွင် နေအိမ်များ မီးရှို့ခံနေရကြောင်း၊ ဘုန်းတော်ကြီး တချို့နှင့် လူတစ်စုတို့က မီးလိုက်လံ ရှို့လျက်ရှိကြောင်း မိတ္ထီလာမြို့ခံတဦးက ပြောသည်။
ထို့အပြင် မီးလောင်ခံရသော နေအိမ်များတွင် အစ္စလမ်ဘာသာဝင် နေအိမ်များအပြင် ဗုဒ္ဓဘာသာဝင်များ၏ နေအိမ်များလည်း ပါဝင်ကြောင်း၊ မြို့အနေဖြင့် ပျက်စီးသွားပြီဖြစ်ကြောင်း မိတ္ထီလာမြို့ခံများက ဆိုသည်။
"ရဲတွေအနေနဲ့က မီးလောင်နေတာကို လိုက်ပြီး ငြှိမ်းသတ်နေရတဲ့ အနေအထားမျိုး ဖြစ်နေတယ်။ တကယ် အကြမ်းဖက်တဲ့ သူတွေကို အရေးယူဖို့ လုပ်နိုင်တာမျိုး မတွေ့ရဘူး။ နောက်ပြီး အစ္စလမ်ဘာသာဝင်တွေကို ကယ်တင်ထားတဲ့ နေရာကိုပဲ လုံခြုံရေးရအောင် ထိန်းနေရတယ်" ဟု မြို့ထဲသို့ ရောက်ရှိနေသော မိတ္ထီလာမြို့ခံ တဦးက ဧရာဝတီသို့ ပြောသည်။
မီးလောင်မှုများကို မီးသတ်ကား ၁၀ စီးဖြင့် လိုက်လံငြှိမ်းသက်နေကြောင်း၊ မီးလောင်မှုတခုကို လိုက်လံထိန်းသိမ်း နေလျှင် ၎င်းနေရာနှင့် ဆန့်ကျင်ဘက် နေရာတခု၌ နောက်ထပ် ထပ်မံ ဖြစ်ပွားလာကြောင်း မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့ရုံးမှ တာဝန်ကျ အရာရှိတဦးက ဆိုသည်။
ယခုအချိန်တွင် မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်အပါအ၀င်၊ သာသနာရေးဝန်ကြီး၊ ပြည်ထဲရေး ၀န်ကြီးများလည်း ရောက်ရှိနေပြီ ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
"အခုချိန်မှာ အားလုံး ရှုပ်ရှက်ခက်နေတယ်ဗျ။ မီးကလည်း ၂ နေရာတောင် လောင်နေတာ။ လုံထိန်းတွေ အင်အားသုံးနေ ပါတယ်။ ဒါပေမယ့် အကြမ်းဖက်တဲ့ လူအုပ်စုကိုတော့ အခုချိန်အထိ ပစ်ခတ်ဖြိုခွဲတာမျိုး မလုပ်သေးပါဘူး။ နောက်တော့မှ ပြန်ဆက်ပါ" ဟု မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၏ ကိုယ်ရေးအရာရှိက ဧရာဝတီသို့ ပြောသည်။
မိတ္ထီလာမြို့တွင် အခြေအနေ တည်ငြိမ်မှု မရှိသေးသော်လည်း ယမန်နေ့ညကလောက် ဆိုရွားခြင်း မရှိတော့

မိတ္ထီလာမြို့ သိရိမင်္ဂလာ ရပ်ကွက်အတွင်းမှ အစ္စလာမ် ဘာသာဝင် ကလေး လူကြီးများအား မိတ္ထီလာ ခရိုင်အားကစားကွင်းအတွင်းသို့ တာဝန်ရှိသူများ အရပ်ဘက် အဖွဲ့အစည်းများနှင့် သံဃာတော်များက ပို့ဆောင်ပေးနေစဉ်
မတ်လ ၂၀ ရက်နေ့ နံနက်ပိုင်းက ရွှေအရောင်းအ၀ယ် ပြုလုပ်ရာမှ စတင်ခဲ့သော မိတ္ထီလာမြို့မှ ပဋိပက္ခအခြေများမှာ မတ်လ ၂၁ ရက်နေ့ ညနေပိုင်းအချိန်ထိ ပြန်လည်တည်ငြိမ်မှု မရှိသေးသော်လည်း ယမန်နေ့ညပိုင်းကလောက် ပြင်းထန်ဆိုးရွားမှု မရှိတော့ကြောင်း Eleven Media Group သတင်းထောက်၏ သတင်းပေးပို့မှုအရ သိရပါသည်။
ဆူပူမှုများအား ထိန်းသိမ်းရန်အတွက် ယမန်နေ့ညက ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သော်လည်း ဆူပူသူ လူစုလူဝေးမှာ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ကြပြီး သေဆုံးသူ ငါးဦးနှင့် ဒဏ်ရာရရှိသူ ၂၂ ဦးရှိကြောင်း မိတ္ထီလာ ပြည်သူ့ဆေးရုံမှ တာဝန်ကျ ဆရာဝန်တစ်ဦးက မွန်းတည့် ၁၂ နာရီအချိန်တွင် ပြောကြားပါသည်။
အဆိုပါ အကြမ်းဖက်ဖြစ်စဉ်များနှင့် ပတ်သက်၍ အဖြစ်မှန် ဖော်ထုတ်နိုင်ရန်အတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို မတ်လ ၂၀ ရက်နေ့တွင် ဖွဲ့စည်းခဲ့ကြောင်း သိရှိရပြီး မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကျော်မိုးက ဥက္ကဌအဖြစ်လည်းကောင်း၊ မိတ္ထီလာခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်မောင်စိုးက အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်အေး၊ မန္တလေးတိုင်းဒေသကြီး ဒုတိယတိုင်းရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးထွန်းနိုင်၊ မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မောင်မောင်မြင့်တို့က အဖွဲ့ဝင်အဖြစ်လည်းကောင်း အသီးသီး ပါဝင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ စုံစမ်းစစ်ဆေးရေး အဖွဲ့သည် ဖြစ်စဉ်အမှန် အသေးစိတ်အား စုံစမ်းစစ်ဆေး၍ တစ်ပတ်အတွင်း ပြန်လည်တင်ပြရမည် ဖြစ်သည်။
ဖြစ်ပွားနေသော ပဋိပက္ခများကို ဖြေရှင်းရန် ကြားဝင်ညှိနှိုင်းပေးနိုင်ရန်အတွက် မိတ္ထီလာမြို့တွင် ရောက်ရှိနေသော ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့သည် မတ်လ ၂၁ ရက်နေ့ နံနက် ၁၁ နာရီခန့်က ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာသွားပြီဖြစ်ပြီး ၎င်းတို့ကြုံတွေခဲ့ရသော အခြေအနေများနှင့် ပတ်သက်၍ "ကျွန်တော်တို့ ဒုက္ခသည်စခန်းတွေလည်း သွားတယ်။ ဆေးရုံတွေလည်း သွားတယ်။ ကျွန်တော်မြင်တာကတော့ တကယ့်ရိုးရိုးသားသား ပြည်သူတွေကတော့ မဖြစ်ချင်ကြဘူး။ လူတစ်စုက သွေးထိုးလှုံ့ဆော်နေတာ တွေ့ရတယ်။ သာမန်ပြည်သူတွေကတော့ အကြမ်းဖက်ဖို့ ရည်ရွယ်ချက် မရှိဘူး။ ဆေးရုံမှာတော့ ပစ်ခတ်နှိမ်နင်းထားလို့ ခြေထောက်၊ ပေါင်တွေမှာ ဒဏ်ရာရထားသူတစ်ချို့ တွေ့ရတယ်။ သူတို့ကိုလည်း အားပေးခဲ့တယ်။ ပြီးတော့ ကျူးကျော်မတိုက်ခိုက်ကြဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တာလောက်ပဲ လုပ်ကြဖို့ တိုက်တွန်းခဲ့တယ်။ အခုကိစ္စမှာ လူတစ်စုက လိုသလိုဆွဲပြီး ဖန်တီးနေတဲ့ ပယောဂတွေ ရှိနေတယ်။ အဲဒါကို သတိကြီးကြီး၊ ဥာဏ်အမြော်အမြင်ကြီးကြီးနဲ့ ထိန်းသိမ်းကြပါလို့ပဲ မေတ္တာရပ်ခံချင်ပါတယ်။ မနက်ကတော့ အကြမ်းဖက်တဲ့ နေရာတွေမှာ လုံခြုံရေးဝန်ကြီးကိုယ်တိုင် ၀င်ရောက်ဖြေရှင်းပေးလို့ နည်းနည်းငြိမ်သက်သွားတယ်။ တခြားမြို့ကြီးတွေမှာလည်း မသင်္ကာမှုတွေနဲ့ သံသယတွေ ရှိနေကြတယ်။ ရန်ကုန်က ဆက်သွယ်ရေးလမ်းကြောင်းတွေ ပိုပြီးအဆင်ပြေတယ်ထင်လို့ ကျွန်တော်တို့ ရန်ကုန်ကို ပြန်လာတာပါ" ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က မတ် ၂၁ ရက် မွန်းလွဲ ၃ နာရီကျော်ခန့်တွင် ပြောသည်။

မိတ္ထီလာမြို့ တစ်နေရာတွင် မီးလောင်ကျွမ်းနေသည်ကို တွေ့ရစဉ်
လူစုလူဝေးနှင့် ဆူပူမှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရပြီး ယနေ့မွန်းလွဲပိုင်းတွင် ဆူပူသူများက ရန်မျိုးအောင်ရပ်ကွက် တော်ဝင်နန်းအနီးရှိ နေအိမ်တစ်လုံးအားလည်းကောင်း၊ ကားကြီးကွင်းအနီးမှ နေအိမ်တစ်လုံးကိုလည်းကောင်း မီးရှို့ဖျက်ဆီးခဲ့ပြီး၊ အောင်ဆန်းမြို့သစ်မှ ကျော်ဓာတ်ဆီဆိုင်ကိုလည်း ဖျက်ဆီးခဲ့သည်ဟု သိရသည်။ လုံခြုံရေးအတွက် နေပြည်တော် လုံခြုံရေးတပ်မှ ရဲတပ်သားအင်အား ၁၅၀ ကျော်၊ ရမည်းသင်းခရိုင်မှ ဒုရဲမှူးသောင်းကြည် ဦးဆောင်သော ရဲတပ်ဖွဲ့အင်အား ၅၀ ခန့်တို့သည် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး လုံခြုံရေးတာဝန်များ ဆောင်ရွက်နေကြောင်း သိရသည်။
ယနေ့နံနက် အစောပိုင်းက ရန်မျိုးအောင်ရပ်ကွက်နှင့် လုပ်သားရပ်ကွက်အတွင်း ဖြစ်ပွားခဲ့သော ဆူပူမှုများကြောင့် သေဆုံးမှု ရှိနိုင်ကြောင်း သိရပြီး ရဲတပ်ဖွဲ့မှ ထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။ မိတ္ထီလာ စည်ပင်သာယာဈေးကြီး ပိတ်ထားသလို အိမ်ဆိုင်အများစုလည်း ပိတ်ထားကြသည်ဟု သိရသည်။ မြို့ပေါ်တွင် နေထိုင်သူအများစုသည် နီးစပ်ရာသို့ ရွှေ့ပြောင်းနေမှုလည်း ရှိနေကြောင်း သတင်းရရှိပါသည်။ မီးလောင်မှုဖြစ်စဉ်များနှင့် ပတ်သက်ပြီး မြင်းခြံ၊ ကျောက်ဆည်၊ ရမည်းသင်း၊ မိထ္ထီလာခရိုင် လေးခရိုင် မီးသတ်မော်တော်ယာဉ်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး မီးငြိမ်းသတ်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်မှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်မင်းက Eleven Media Group သို့ ပြောကြားသည်။
| ကျွန်တော်မြင်တာကတော့ တကယ့်ရိုးရိုးသားသား ပြည်သူတွေကတော့ မဖြစ်ချင်ကြဘူး။ လူတစ်စုက သွေးထိုးလှုံ့ဆော်နေတာတွေ့ရ တယ်။ သာမန်ပြည်သူတွေကတော့ အကြမ်းဖက်ဖို့ ရည်ရွယ်ချက်မရှိဘူး။ ဆေးရုံမှာတော့ ပစ်ခတ်နှိမ်နင်းထား လို့ ခြေထောက်၊ ပေါင်တွေမှာဒဏ်ရာရထားသူတစ်ချို့တွေ့ရတယ်။ သူတို့ကိုလည်း အားပေးခဲ့တယ်။ ပြီးတော့ ကျူးကျော် မတိုက်ခိုက်ကြဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တာလောက်ပဲလုပ်ကြဖို့ တိုက်တွန်းခဲ့တယ်။ အခုကိစ္စ မှာ လူတစ်စုက လိုသလိုဆွဲပြီး ဖန်တီးနေတဲ့ ပယောဂတွေရှိနေတယ်။ အဲဒါကို သတိကြီးကြီး၊ ဥာဏ်အမြော် အမြင် ကြီးကြီးနဲ့ ထိန်းသိမ်းကြပါလို့ပဲမေတ္တာရပ်ခံချင်ပါတယ် . . . . |
မွန်းလွဲ ၁ နာရီအချိန်က စတင်လောင်ကျွမ်းခဲ့သည့် ကားကြီးဝင်းအရှေ့ဘက် မီးလောင်ကျွမ်းမှုသည် အခြားနေရာများသို့ ကူးစက်လောင်ကျွမ်းလျက် ရှိနေပြီး သီရိမင်္ဂလာရပ်ကွက်ရှိ AGD ဘဏ်အနီးသို့ ကူးစက်လောင်ကျွမ်းနေကြောင်း သိရသည်။ မီးလောင်ကျွမ်းမှုကို ငြိမ်းသတ်ရန်အတွက် မီးသတ်ယာဉ် အလုံအလောက် မရှိခြင်း၊ ရှိနေသော မီးသတ်ယာဉ်များမှာလည်း မီးလောင်ကျွမ်းရာ နေရာသို့ သွားနိုင်ရန်အတွက် လုံခြုံရေး အလုံအလောက် မရှိခြင်းတို့ကြောင့် မီးလောင်ကျွမ်းမှုကို ငြိမ်းသတ်မရ ဖြစ်နေကြောင်း မိထ္ထီလာမြို့သို့ ရောက်ရှိနေသည့် Eleven Media Group သတင်းထောက်က ပြောကြားသည်။

လှည့်ကင်းစောင့်နေသည့် ရဲတပ်ဖွဲ့ယာဉ်တန်းအား တွေ့ရစဉ်
ယခုဖြစ်စဉ်များနှင့် ပတ်သက်ပြီး"ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးပြီ ဖြစ်တဲ့အတွက် ရဲက အရေးပိုင်ပြီ။ ရဲအရေးပိုင်ပြီဖြစ်တဲ့အတွက် တရားဥပဒေ စိုးမိုးရေးရှိဖို့ ထိထိရောက်ရောက်နဲ့ ပုဒ်မ ၁၄၄ ကို အသက်သွင်းဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုင်းဒေသကြီး ၀န်ကြီးချုပ်ကို ပြောခိုင်းတယ်။ အဲဒါကိုလည်း ကျွန်တော်ပြောပြီးပြီ။ တိုင်းဒေသကြီး ၀န်ကြီးချုပ်ကလည်း လုပ်ပေးပါမယ်လို့ ပြောတယ်။ လောလောဆယ်တော့ အခြေအနေက မတည်ငြိမ်သေးဘူး။ တစ်ခုခုဖြစ်မှာကို ပြည်သူတွေက ကြောက်နေကြတယ်" ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က Eleven Media Group သို့ မတ် ၂၁ ရက် ညနေ ၄ နာရီခန့်က ပြောကြားသည်။
ညနေပိုင်းအခြေအနေမှာမူ ယမန့်နေ့ညက ဖြစ်ပွားခဲ့သည့် အခြေအနေကဲ့သို့ မဆိုးဝါးတော့ကြောင်း၊ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့်အပြင် အင်းဝဘဏ်ရှိ ငွေကြေးများကို လုံခြုံသည့်နေရာသို့ ရွှေ့ပြောင်းရန်အတွက် တပ်မတော်မှ လာရောက်ဆောင်ရွက်ခဲ့ခြင်းနှင့် စပ်လျဉ်းပြီး မြို့အတွင်းသို့ တပ်မတော်မှ ၀င်ရောက်နေရာယူထားသည်ဆိုသော သတင်းများ ပျံ့နှံ့ခဲ့ခြင်းကြောင်း လူစုလူဝေးဖြင့် သွားလာမှုများ လျော့နည်းသွားကြောင်း သိရသည်။
ထပ်မံသိရှိရသော သတင်းများအရ ညနေလေးနာရီ ၀န်းကျင်တွင် မိတ္ထီလာမြို့ သီရိမင်္ဂလာရပ်ကွက်အတွင်းမှ အစ္စလာမ်ဘာသာဝင် ကလေးနှင့်လူကြီးများအား မိတ္ထီလာခရိုင် အားကစားကွင်းအတွင်းသို့ တာဝန်ရှိသူများ အရပ်ဘက်အဖွဲ့အစည်းများနှင့် သံဃာတော်များက ပို့ဆောင်ပေးခဲ့သည်ဟုလည်း သိရသည်။
မိတ္ထီလာ ပဋိပက္ခဖြစ်စဉ်တွင် မတ်လ ၂၁ ရက် ည ၁၀ နာရီ ၃၀ မိနစ်အချိန်အထိ မိတ္ထီလာပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာသူ ၄၂ ဦးရှိကြောင်း မိတ္ထီလာပြည်သူ့ဆေးရုံမှ တာဝန်ရှိသူတစ်ဦးက Eleven Media Group သို့ အတည်ပြု ပြောကြားခဲ့သည်။
အဆိုပါ တာဝန်ရှိသူက ''ဆေးရုံကို ရောက်ရှိလာသူ ၄၂ ဦးမှာ သေဆုံးသူစာရင်းကတော့ အပြောင်းအလဲ မရှိသေးပါဘူး။ ဒါက ဆေးရုံမှာရောက်ရှိလာတဲ့ စာရင်းပါ။ ဒဏ်ရာရသူ စာရင်းကတော့ တိုးလာပြီး လက်ရှိအချိန်ထိ စာရင်းအရ ၃၇ ဦး ရှိပါတယ်။ ဆေးရုံမှာမရှိတဲ့ ဆေးအချို့ကလွဲပြီး ဆေးရုံရောက်လာသူ အားလုံးကို ကုသပေးဖို့ ဆေးဝါးလုံလောက်မှု ရှိပါတယ်။ ဆေးရုံဝန်ထမ်းအင်အား ဖြည့်တင်းပြီး အချိန်ပြည့်ကုသမှု ပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးထားပါတယ်'' ဟု ပြောကြားခဲ့သည်။

Photo - AFP
မိတ္တီလာမြို့ ပဋိပက္ခဖြစ်စဉ်၏ လက်ရှိအခြေအနေများနှင့် ပတ်သက်ပြီး မိတ္ထီလာ အမှတ် (၂) ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ''လက်ရှိအခြေနေက အနည်းငယ် လှုပ်ရှားမှုတွေ ရှိနေပါတယ်။ ဒါကိုလည်း တည်ငြိမ်စေဖို့ လုံခြုံရေးလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်'' ဟု ပြောကြားခဲ့ပါသည်။
"လောလောဆယ် လုံခြုံရေးတွေ လှည့်ကင်းဆောင်ရွက်နေတာ တွေ့ရတယ်။ နေ့ဘက်ကလိုတော့ ဆူဆူညံညံတွေ မရှိတော့ပါဘူး။ ၉ နာရီခွဲ ဝန်းကျင်လောက်ကတော့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကို လူနှစ် ဆယ်လောက်က ဖျက်နေတယ်လို့ကြားလို့ ရဲတပ်ဖွဲ့ဝင်တွေ သွားရောက်ထိန်းသိမ်းနေတယ်လို့ သိရတယ်။ အတည်တော့ မပြုနိုင်သေးဘူး။ အဲဒီလို ကောလဟာလတွေတော့ ခဏခဏ ကြားနေရတယ်" ဟု မိတ္ထီလာမြို့သို့ေ၇ာက်ရှိနေသည့် Eleven Media Group သတင်းထောက်၏ ပြောကြားချက်အရ သိရသည်။
မိတ္ထီလာမြို့၏ နောက်ဆုံးအခြေအနေအား သိရှိရန်အတွက် ည ၁၁ နာရီ ၃၀ မိနစ်အချိန်တွင် ဆက်သွယ်မေးမြန်းခဲ့ရာတွင် "အခြေအနေက တည်ငြိမ်နေပါပြီ။ ကောလာဟလ သတင်းတွေပဲ ကြားနေတာ ရှိပါတယ်။ ရဲတပ်ဖွဲ့ကို မေးမြန်းကြည့်တော့ တည်ငြိမ်မှု ရသွားပြီလို့ ဖြေကြားပါတယ်" ဟု Eleven Media Group သတင်းထောက်က ပြောကြားသည်။
မိတ္ထီလာပဋိပက္ခနှင့် ပတ်သက်၍ နိုင်ငံပိုင်ရုပ်သံမှ တရားဝင် သတင်းထုတ်ပြန်
မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသော ပဋိပက္ခများနှင့် ပတ်သက်၍ နိုင်ငံပိုင်ရုပ်သံများမှ မတ် ၂၁ ရက် ည ၈ နာရီ သတင်းများတွင် တရားဝင် ထုတ်လွှင့်သွားသည်။
ထုတ်ပြန်ချက်အပြည့်အစုံမှာ "မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၌ မတ်လ ၂၀ ရက်နေ့ နံနက်ပိုင်းက သာမန်ဈေးအရောင်းအ၀ယ် အချင်းများရာမှ ရိုက်နှက်မှုဖြစ်ပွားခဲ့ပြီး မကျေနပ်သူများက အဆောက်အဦများနှင့် ဈေးဆိုင်ခန်းတစ်ချို့ ဖျက်ဆီးမှု ဖြစ်ပွားခဲ့သဖြင့် ရပ်ရွာတည်ငြိမ်အေးချမ်းမှု မပျက်ပြားစေရေးအတွက် မိတ္ထီလာမြို့နယ် အုပ်ချုပ်ရေးမှူးက မတ် ၂၀ ရက် ည ၈ နာရီမှ စတင်ပြီး မိတ္ထီလာမြို့မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်တားဆီးထားကြောင်း သိရပါတယ်။
ဖြစ်စဉ်မှာ မတ်လ ၂၀ ရက်နေ့ နံနက် ၉ နာရီခွဲခန့်တွင် မိတ္ထီလာမြို့ မြို့မအရှေ့ပြင်ဈေးရှိ ရွှေဆိုင်တစ်ဆိုင်သို့ မိတ္ထီလာမြို့၊ ပြွန်ကောက်ကျေးရွာအနီး ဦးခင်မောင်ဝင်း ဇနီးမအေးနိုင်နှင့် မညိုသန်းတို့ သုံးဦးက ရွှေဆံကုပ်တစ်ခုအား ရောင်းချရန် သွားရောက်ရာ ရွှေဆိုင်ပိုင်ရှင် ဦးထွန်းထွန်းဦးခေါ် အာရှစ်၊ ဇနီးမညွန့်ရီအေး၊ ဆိုင်လုပ်သား ညီညီခေါ် ၀င်းအောင်တို့က ရွှေဆံကုပ်ကို ငွေကျပ် တစ်သိန်းငါးထောင်ပေးမည်ဟု ဈေးညှိနှိုင်း သဘောတူပြီး မှတ်ကျောက်တင်ရန် ဈေးအတွင်းသို့ ယူသွားခဲ့ကြောင်း၊ ဈေးအတွင်းမှ ပြန်ရောက်ချိန်တွင် ရွှေဆံကုပ်မှာ ပဲ့နေပြီး ဆိုင်ရှင်တို့က ငွေကျပ်ငါးသောင်းသာ ပေးတော့မည်ဟု ပြောဆိုရာ ဆိုင်ရှင်မိသားစုနှင့် ရွှေဆံကုပ်ရောင်းချသူ မိသားစုများ အချင်းများကြပြီး ကိုယ်ထိလက်ရောက် ရိုက်နှက်မှုများ ဖြစ်ပေါ်ခဲ့တဲ့အတွက် ဦးခင်မောင်ဝင်းမှာ ပေါက်ပြဲဒဏ်ရာ တစ်ချက်၊ မျက်နှာဖူးရောင် ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မိတ္ထီလာ အမှတ် (၂) ရဲစခန်း မှာ (ပ) ၇၄/၂၀၁၃ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၀၉(၁၄)/၃၂၅/၄၂၇/၁၁၄ ဖြင့် အမှုဖွင့်ပြီး ဆိုင်ရှင်ဦးထွန်းထွန်းဦး အပါအ၀င် သုံးဦးအား ဖမ်းဆီးထိန်းသိမ်းထားရှိခဲ့ကြောင်း သိရ ပါတယ်။
အဲဒီနောက် မွန်းလွဲတစ်နာရီကျော်ခန့်မှာ အခင်းဖြစ်ပွားရာ ရွှေဆိုင်အနီးသို့ အထက်ပါဖြစ်စဉ်အပေါ် မကျေနပ်သူ လူအုပ်စုများ ရောက်ရှိလာပြီး ယင်းအုပ်စုမှ လူအချို့က ဈေးဆိုင် ၆ ဆိုင်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အဲဒီနောက် ဈေးအနောက်ဘက်ရှိ ဘာသာရေးအဆောက်အအုံ တစ်လုံးအား ဖျက်ဆီးခြင်း၊ အနီးရှိ ဆိုင်ကယ်လေးစင်းအား ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြကြောင်း၊ အဲဒီနောက် ညပိုင်းအထိ လူအုပ်စုများက တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် အဆောက်အဦများ၊ ဈေးဆိုင်ခန်းများနှင့် ဆိုင်ကယ်များကို ဖျက်ဆီးခြင်း၊ မီးရှို့ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရပါတယ်။
အဆိုပါလူအုပ်စုတို့ရဲ့ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် ဖျက်ဆီးမှုတို့ကြောင့် ဈေးအရှေ့ပြင်ရပ်ကွက်ရှိ အခင်းစတင်ဖြစ်ပွားတဲ ရွှေဆိုင်တစ်ဆိုင်၊ ဘာသာရေး အဆောက်အအုံတစ်လုံးနှင့် ဂျစ်ကားတစ်စီး၊ အောင်ဇေယျာရပ်ကွက်ရှိ သုံးဘီးဆိုင်ကယ်နှစ်စီးနှင့် ဆိုင်ကယ်တစ်စီး၊ တော်ဝင်နန်းလမ်းဆုံအနီးရှိ ဆိုင်ခန်းများနှင့် အခြားအဆောက်အဦ ၁ လုံး၊ သီရိမင်္ဂလာ ရပ်ကွက်ရှိ မြို့နယ်ပညာရေးမှူးရုံး အဆောက်အဦတစ်လုံး၊ ရန်ကြီးအောင်ရပ်ကွက်ရှိ ကားပစ္စည်းဆိုင်နှင့် အဆောက်အဦအချို့၊ ပြည်သာယာရပ်ကွက်ရှိ အဆောက်အဦအချို့၊ ရတနာမာန်အောင်ရပ်ကွက်ရှိ အဆောက်အဦအချို့နှင့် ၁၀ ဘီးကားတစ်စီး ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုကြောင့် ယနေ့ မွန်းလွဲ ၁ နာရီအထိ ရရှိတဲ့ သတင်းများအရ သံဃာ ၁ ပါး ပျံလွန်တော်မူကာ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦး စုစုပေါင်း ငါးဦးသေဆုံးခဲ့ကြောင်း၊ ၃၉ ဦး စိုးရိမ်ရသော ဒဏ်ရာများရရှိခဲ့တဲ့အတွက် မိတ္ထီလာဆေးရုံမှာ အတွင်းလူနာ၊ အပြင်လူနာများအဖြစ် ဆေးဝါးကုသပေးခဲ့ကြောင်း သိရပါတယ်။ သို့ဖြစ်ပါ၍ မတ်လ ၂၀ ရက် ည ၈ နာရီမှ စတင်ပြီး မိတ္ထီလာမြို့နယ် အုပ်ချုပ်ရေးမှူးက မိမိမြို့ပေါ်ရှိ ရပ်ကွက် ၁၄ ရပ်ကွက်အတွင်း ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ကို ကျင့်သုံး၍ တားမြစ်မိန့်ပိတ်ပင်ထားကြောင်း သိရပါတယ်။
အများပြည်သူရဲ့ လိုအင်ဆန္ဒနဲ့အညီ တည်ငြိမ်အေးချမ်းမှု ရှိစေရေးအတွက် မြို့နယ်ရပ်ရွာ အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးမှုတို့ကို ဖောက်ဖျက်ပြီး ဆူပူအကြမ်းဖက်ခြင်း၊ မီးရှို့ခြင်း၊ သတ်ဖြတ်ခြင်းများကို ပြုလုပ်ခဲ့ကြသူများအား တရားဥပဒေအရ ထိထိရောက်ရောက် ဖော်ထုတ်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာမှ သတင်းရရှိပါသည်" ဟု ထုတ်ပြန်သွားခဲ့သည်။
ဒဂုံ (မြောက်) ၁၆ ရပ်ကွက်၊ အောင်ရတနာ ၁၂ လမ်း၌ နေအိမ် (၃) လုံး မီးလောင်ကျွမ်း
ဒဂုံ (မြောက်) မြိ့နယ်၊ ၁၆ ရပ်ကွက် အောင်ရတနာ ၁၂ လမ်း၌ မတ်လ၂၁ ရက်နေ့ နေ့လည်ပိုင်းက မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့ရာ နေအိမ်သုံးလုံး မီးလောင်ကျွမ်းကာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
မီးကြွင်းမီးကျန်မှ စတင်လောင်ကျွမ်းသည်ဟု ဒဂုံ (မြောက်) မီးသတ်တပ်ဖွဲ့မှ တာဝန်ခံ ဦးထိန်လင်းကပြောသည်။
"မီးလောင်တဲ့ နေအိမ်တစ်လုံးမှာ တစ်နှစ်ခွဲအရွယ် ကလေးလေးတစ်ယောက် ပါသွားတယ်လို့ ပထမကြားသိရပါတယ်။ ဒါပေမယ့် ကလေးထိန်းတဲ့ ကလေးကနေပြီးတော့ တစ်နှစ်ခွဲအရွယ် ကလေးကို ကယ်ထုတ်လာလို့ အခုတော့ လွတ်မြောက်သွားပါပြီ။ မီးလောင်တဲ့အိမ်ရဲ့ အနီးမှာ ၀ါးလုံးအရောင်းဆိုင်လည်းရှိတော့ မီးကကူးပြီး လောင်ကျွမ်းသွားပါတယ်" ဟု မီးလောင်မှုဖြစ်စဉ်အနီးတွင် နေထိုင်သူ အမျိုးသမီးတစ်ဦးမှ ပြောသည်။
"ကျွန်တော်တို့ကတော့ သတင်းကြားသိသိချင်း ဘာတွေပျက်စီးဆုံးရှုံးမှု ရှိလဲ။ ရဲလုပ်ထုံးလုပ်နည်းတွေအရ ဆောင်ရွက်စရာရှိတာ ဆောင်ရွက်တာပါပဲ။ စလောင်တဲ့အိမ်ကိုလည်း ဥပဒေကြောင်းအရ အရေးယူပြီး ဆောင်ရွက်စရာရှိတာ ဆောင်ရွက်သွားပါ့မယ်" ဟု ဒဂုံ (မြောက်) ရဲစခန်းမှ စခန်းမှူး ဦးနိုင်ဝင်းက ပြောသည်။
အဆိုပါ မီးလောင်မှုဖြစ်စဉ်သို့ ရန်ကုန်မြို့နယ်အတွင်းရှိ မီးသတ်ယာဉ် ၂၂ စီး၊ ကွပ်ကဲမှုယာဉ် ၃ စီး၊ အထောက်အကူပြုယာဉ် ၃ စီးအပါအ၀င် ကြက်ခြေနီ ၃၀ ဦး၊ သန္ဓေတပ်ဖွဲ့ဝင် ၉၂ ဦး၊ ကြက်ခြေနီ ၃၀ ဦးနှင့် အရံတပ်ဖွဲ့ဝင် ၇၁ ဦးတို့ လာရောက်ခဲ့ကြောင်း သိရပြီး နေ့လည် ၃ နာရီတွင် စတင်လောင်ကျွမ်းခဲ့ကာ ၃ နာရီ ၁၅ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
ဘီဘီစီ (မြန်မာပိုင်း) သတင်းဌာန၏ facebook စာမျက်နှာတွင် ဖော်ပြထားသော မိတ္ထီလာ ပဋိပက္ခတွင် မွတ်စလင် ၁၀ ဦး သေဆုံးသည်ဆိုသော သတင်းမှာ ဟုတ်မှန်ခြင်း မရှိ
မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသော ပဋိပက္ခများတွင် မွတ်စလင် (၁၀) ဦး သေဆုံးခဲ့သည်ဆိုသော ဘီဘီစီ (မြန်မာပိုင်း) facebook စာမျက်နှာတွင် ဖော်ပြထားသော သတင်းမှာ ဟုတ်မှန်ခြင်း မရှိကြောင်း Eleven Media Group အနေဖြင့် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းချက်အရ သိရှိရပါသည်။ ထို့အတူ Eleven Media Group ၏ ဒေသခံသတင်းထောက်နှင့် အဆိုပါဒေသသို့ရောက်ရှိနေသော သတင်းထောက်တို့၏ စုံစမ်းသိရှိရမှုများအရလည်း ယင်းကဲ့သို့ အစ္စလာမ်ဘာသာဝင်အများအပြား သေဆုံးခြင်းမရှိကြောင်း သိရှိရပါသည်။
ဘီဘီစီ (မြန်မာပိုင်း) ၏ facebook စာမျက်နှာတွင် "မွတ်ဆလင်ပိုင်တဲ့ ရွှေဆိုင်ကနေ စတင်လိုက်တဲ့ မိတ္ထီလာ ပဋိပက္ခမှာ အခုနောက်ဆုံး သတင်းတွေအရ အနည်းဆုံး ၁၀ ဦး သေဆုံးသွားပြီး သေသူအားလုံးဟာ မွတ်ဆလင်တွေ ဖြစ်တယ်လို့ ဘီဘီစီက စုံစမ်းသိရပါတယ်" ဟု ဖော်ပြထားသည်။
အဆိုပါ သတင်းနှင့် ပတ်သက်ပြီး Eleven Media Group မှ မန္တလေးတိုင်းဒေသကြီး ဒုတိယတိုင်း ရဲတပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီးထွန်းနိုင်အား ဆက်သွယ်မေးမြန်းခဲ့ရာ မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် သေဆုံးသူ (၆) ဦးရှိပြီး သံဃာတော်တစ်ပါး၊ ဗုဒ္ဓဘာသာဝင် အမျိုးသား (၂) ဦးနှင့် အစ္စလာမ်ဘာသာဝင် (၃) ဦးဖြစ်ကြောင်း အတည်ပြုပြောကြားပါသည်။
ဘီဘီစီ သတင်းဌာနအနေဖြင့် ၂၀၁၂၊ ဇွန်လက ဖြစ်ပွားခဲ့သော ရခိုင်ပဋိပက္ခ မတိုင်မီကလည်း ရခိုင်ပြည်နယ်အား ရိုဟင်ဂျာပြည်နယ်ဟု မှားယွင်းဖော်ပြခဲ့ဖူးသည်။
ဒေါ်စုကို ပြင်းထန်စွာ ဝေဖန်သည် ဆိုသည်မှာ Oxford Student က လူအများအာရုံစိုက်ရန် ရေးခြင်းဟုဆို
ဝေဖန်လိုက်ကြ" ဟူသည့် ခေါင်းစဉ်ဖြင့် သတင်းတပုဒ် ဖော်ပြခဲ့သည်။
မတ်လ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့များတွင် St. Anne's ကောလိပ်တွင် ကျင်းပ ပြုလုပ်ခဲ့သည့် အရှေ့တောင်အာရှ
လေ့လာရေး ဆွေးနွေးပွဲ အပြီးတွင် အောက်စဖို့ဒ် တက္ကသိုလ် အဖွဲ့ဝင်များ၏ Oxford Student သတင်းစာက ထိုအကြောင်းအရာနှင့် ပတ်သတ်၍ သတင်းတပုဒ် ရေးသားခဲ့ရာ ထိုသတင်းမှ အချက်အလက်များကို ရယူခဲ့ပြီး အထက်ဖော်ပြပါ မဇ္ဈိမ ဆောင်းပါးကို ရေးသားခဲ့ခြင်း ဖြစ်ပါသည်။
Burma Independence Advocates ၏ ညွှန်ကြားရေးမှူး တဦးဖြစ်သည့် ဦးဇော်နေအောင် သည် ထိုဆွေးနွေးပွဲသို့ ကိုယ်တိုင် တက်ရောက်ခဲ့သူ တဦး ဖြစ်ပြီး မဇ္ဈိမက ထိုအကြောင်းအရာ အပေါ် လူအများအာရုံအထူးစိုက်လာအောင်
ရေးသား တင်ဆက်ပုံကြောင့် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရသည်ဟု ဆိုပါသည်။ ထို့ကြောင့် ဦးဇော်နေအောင်က တွေ့ဆုံ ဆွေးနွေးပွဲအကြောင်း အသေးစိတ်များကို ကျွန်ုပ်တို့အား စာရေးသား၍ ရှင်းပြခဲ့ပါသည်။
"ဒီ ဆွေးနွေးပွဲ တခုလုံးမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြင်းပြင်းထန်ထန် ဝေဖန်တာတွေ လုံးဝ မရှိခဲ့ပါဘူး။ ဒေါက်တာ Peter Carey ပြောတာတွေကလည်း ဒေါ်အောင်ဆန်းစုကြည် လက်ရှိ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကြောင့် သူ့ အနေနဲ့ သြဇာအာဏာ ကျဆင်းလာတဲ့ အပေါ် စိုးရိမ်စရာ တခုအနေနဲ့ သုံးသပ်ထားတာပါ။ မူရင်း သတင်းကို ကိုးကားထားသူကလည်း လူတွေ အာရုံစိုက်လာအောင်လို့ လွန်လွန်ကဲကဲ ခန့်မှန်း ရေးသားမှုတွေကို အသုံးပြုထား ပါတယ်။ ကံအကြောင်းမသင့်တော့ လက်ပံတောင်း အစီရင်ခံစာ ထွက်လာတဲ့ အချိန်နဲ့ တိုက်ဆိုင်နေတဲ့အတွက် မှားယွင်းစွာ ကိုးကားထားတဲ့ ဒီသတင်းက ဟိုးလေးတကြော် ဖြစ်လာပါတော့တယ်" ဟု ဦးဇော်နေအောင်က အင်္ဂလိပ်ဘာသာစကားဖြင့် စာရေးသား ပေးပို့လာခဲ့ပါသည်။
"ဒါပေမယ့် အပြုသဘော ထောက်ပြဝေဖန်ကြမယ့် အစား ပုဂ္ဂိုလ်ရေးအရ နိုင်ငံရေးအရ တိုက်ခိုက်တာမျိုးကတော့ လက်မခံသင့်တဲ့ ကိစ္စမျိုးပါ။ လက်ပံတောင်း စီမံကိန်း အစီရင်ခံစာအတွက် ဒေါ်အောင်ဆန်းစုကြည် ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းတွေအကြောင်းနဲ့ ပတ်သတ်ပြီး တချို့က အားမလိုအားမရ ခံစားရပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို
ဝေဖန်ခဲ့ကြပါတယ်။ ဒေါ်စုကို ခိုင်ခိုင်မာမာ ထောက်ခံသူတွေတောင် အခုအခါမှာ ဝေဖန်ကြပြီး ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ကြပါတယ်" ဟု ဦးဇော်နေအောင်က ရေးသားထားသည်။
"ဝေဖန်တယ်ဆိုတာ ကောင်းတဲ့လုပ်ရပ် တခုပါ။ နိုင်ငံရေး သမားတွေ ဆိုတာ ထိပ်ဆုံးက အဝေဖန်ခံရမယ့်သူတွေပါ" ဟုလည်း ဦးဇော်နေအောင်က ဆိုသည်။
"မြန်မာ့ လက်ရှိ နိုင်ငံရေး အခြေအနေဟာ ခက်ခဲရှုပ်ထွေးနေတဲ့ အခြေအနေမှာ ရှိတာမို့ မီဒီယာတွေ အနေနဲ့
ဒေါ်အောင်ဆန်းစုကြည် တချိန်က သတိပေးခဲ့တဲ့အတိုင်း နိုင်ငံရဲ့ အရေးကိစ္စတွေကို မျှမျှတတ တင်ပြနိုင်ပါစေလို့ ကျနော် ဆန္ဒပြုလိုက်ပါတယ်" ဟု ဦးဇော်နေအောင်က သူ၏စာထဲတွင် နိဂုံးချုပ် ရေးသားထားသည်။
(မဇ္ဈိမ အနေဖြင့် အထက်တွင် ဖော်ပြခဲ့သည့် သတင်းဆောင်းပါးအား မဇ္ဈိမ အင်္ဂလိပ်ဘာသာ ဝက်ဘ်ဆိုဒ်နှင့် မဇ္ဈိမ မြန်မာဘာသာ ဝက်ဘ်ဆိုဒ်များမှ ဖယ်ရှားခဲ့ပြီး ဖြစ်ပါသည်။)
လေးထပ်အဆောက်အဦးမှန်သမျှ ကားပါကင်ထည့်သွင်းရတော့မည့် မန္တလေးမြို့
မန္တလေးမြို့တွင် အသစ်တည်ဆောက်မည့် လေးထပ်အဆောက်အဦးတိုင်း၌ ကားပါကင်ထည့်သွင်း ရတော့မည်ဖြစ်ကြောင်း သိရှိရသည်။
မန္တလေးမြို့တွင် တိုက်တာအဆောက်အဦးများအား အထပ်မြင့်တည်ဆောက်လျှင် ယာဉ်ရပ်နားရန်အတွက် နေရာတစ်ခုကို ၂၀၁၃-၁၄ဘဏ္ဍရေးနှစ်မှစတင်ကာ ထည့်သွင်းဆောက်လုပ်ရမည်ဖြစ်ကြောင်း မန္တလေးမြို့ တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
ယာဉ်စီးရေတိုးတက်များပြားလာခြင်းနှင့်အတူ လူနေအိမ်ခြေသိပ်သည်းမှုများဖြစ်ပေါ်လာခြင်း၊ကုန်ပစ္စည်းရောင်း ချသော ဆိုင်များတိုးတက်များပြားလာခြင်းကြောင့် ယာဉ်ရပ်နားမှု အခက်အခဲဖြစ်ခြင်းနှင့်လမ်းပေါ်တွင် ယာဉ်ရပ် နားမှုကြောင့် ယာဉ်ကြောပိတ်ဆို့မှုဖြစ်ခြင်းအား လျော့ချနိုင်ရန်အတွက် ယခုကဲ့သို့ပြုလုပ်ခြင်းဖြစ်သည်ဟုသိရ သည်။
`လမ်းပေါ်မှာယာဉ်ရပ်နားမှု လျှော့ချဖို့အတွက် အဆောက်အအုံတွေမှာ ယာဉ်ရပ်နားတဲ့နေရာထည့်သွင်းရပါမယ်၊ ပြီးတော့ ၂၀၁၃-၁၄ဘဏ္ဍရေးနှစ်အတွင်းမှာ လေးထပ်မြင့် အဆောက်အအုံကစပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ရှိပါတယ်´ဟု စည်ပင်သာယာရေးကော်မတီလမ်းတံတားဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မန္တလေးမြို့တွင် လူဦးရေ(၁၃)သိန်းကျော်နေထိုင်လျက်ရှိပြီး တစ်နှစ်ထက်တစ်နှစ်ပိုမိုကာ လူဦးရေးတိုးမြင့်လာ ခြင်းကြောင့် အဆောက်အဦးလိုအပ်ချက်များအပြင် နေ့စဉ်သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုရသော မော် တော်ယာဉ်များမှာလည်း သုံးစွဲမှုနှုန်းတိုးလာခြင်းကြောင့် ယခုအခါ မန္တလေးခရိုင်(၇)မြို့နယ် အတွင်း မော်တော်ဆိုင်ကယ်စီးရေ(၄)သိန်းကျော်၊ မော်တော်ကား ခုနှစ်သောင်းကျော်အထိများပြားလာခြင်းကြောင့် ယာဉ်ရပ်နားရန်နေရာ လိုလားချက်များလားခြင်းဖြစ်သည်။
ထို့အပြင် ယာဉ်ကြောပိတ်ဆို့မှုများမဖြစ်ပေါ်စေရန်အတွက် လမ်းသစ်များဖောက်လုပ်ခြင်း၊လမ်းအကျယ်ပေများ ချဲ့ထွင်ခြင်း၊လမ်းများပြုပြင်ဆောင်ရွက်ခြင်း၊လမ်းများအရည်အသွေးမြင့်တင်ခြင်းများကိုလုပ်ဆောင်လျက်ရှိပြီး ၂၀၁၃ ခုနှစ်ဖေဖော်ဝါရီလအထိ လမ်းအမျိုးအစား ၅၃မျိုး၊မိုင်ရှည်၂၅.၇၄မိုင်ပြုပြင်ဆောင်ရွက်ခဲ့ကြောင်း၊အဓိက လမ်းမကြီးများဖြစ်သည့် ၆၂လမ်း ယာဉ်ကြောရှုပ်ထွေးမှုကိုလျော့ချရန်အတွက် ၅၈လမ်းအား၄၈ပေချဲ့ထွင်ခြင်း၊ ၇၃လမ်းအားယာဉ်ကြောလျော့ချရန်အတွက် ၂၇လမ်းအား ပေ၆၀ချဲ့ထွင်ခြင်းတို့ကိုပြုလုပ်ပေးခဲ့ကြောင်းကို လည်းသိရသည်။
မြို့တော်ဖွံ့ဖြိုးတိုးတက်မှုမှာ လမ်းပိုင်းဆိုင်ရာများတိုးတက်မှုပိုင်းနှင့်လည်းဆက်စပ်လျက်ရှိသောကြောင့် လမ်းပိုင်းဆိုင်ရာများကို ပိုမိုတိုးတက်စေရန်လုပ်ဆောင်လျက်ရှိကြောင်း၊ပြည်သူများအနေဖြင့်လည်း ယာဉ်ကြော ပိတ်ဆို့မှုပိုင်းမဖြစ်စေရန် ချမှတ်ထားသော စည်းကမ်းချက်များကို လိုက်နာရန်လိုအပ်ကြောင်းကိုလည်းသိရ သည်။
