Monday, December 3, 2012

တနင်္သာရီတိုင်း ဒေသကြီး ဝန်ကြီးများ ပြောင်းလဲ တာဝန် ပေးအပ်


 ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၆၂၊ ပုဒ်မခွဲ(စ)၊ ပြည်ထောင်စု အစိုးရ အဖွဲ့ ဥပဒေ ပုဒ်မ ၂ဝ၊ ပုဒ်မခွဲ (ခ) နှင့် တိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရ အဖွဲ့ ဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ(ဆ) တို့အရ အောက်ဖော်ပြပါ တနင်္သာရီ တိုင်းဒေသကြီး ဝန်ကြီးများ အား ယှဉ်တွဲပါ ဝန်ကြီးဌာန များတွင် ပြောင်းလဲ တာဝန် ပေးအပ်လိုက်သည်ကြောင်းသိရသည်။

ဒဏ်ရာရရှိသူ အချို့ ရွာထဲ၌သာ ဆေးကုသ မှုများ ရှိနေသေး


လက်ပံတောင်းတောင် ကြေး နီစီမံကိန်း သပိတ် စခန်းများမှ ဒဏ်ရာ ရရှိသူ အချို့မှာ ရွာထဲ၌သာ ဆေးကုသ မှုများ ရှိနေသေးကြောင်း နာရေး ကူညီမှုအသင်း (ရန်ကုန်) မှ ဦး ကျော်သူက ပြောသည်။
ဒဏ်ရာရရှိသူ အချို့ ရွာထဲ၌သာ ဆေးကုသ မှုများ ရှိနေသေး

အချိန်ခါမဲ့ မိုးကြောင့် ဧရာဝတီနှင့် ရန်ကုန် တိုင်းဒေသကြီး အတွင်းရှိ စပါးခင်းများ ထိခိုက် ခဲ့


အချိန်ခါမဲ့ မိုးကြောင့် ဧရာဝတီနှင့် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ စပါး ခင်းများ ထိခိုက် ပျက်စီးမှု များရှိခဲ့ရာ တောင်သူ လယ်သမားများကို လိုအပ်သည့် ပစ္စည်းများ မြန်မာနိင်ငံတောင်သူ လယ်သမားအသင်းက ဒီဇင်ဘာ၃ရက်နေ့နောက်ဆုံးထား၍အကူအညီနေကြောင်း အသင်း ဥက္ကဌဒေါက်တာ စိုးထွန်းကပြောသည်။
အချိန်ခါမဲ့ မိုးကြောင့် ဧရာဝတီနှင့် ရန်ကုန် တိုင်းဒေသကြီး အတွင်းရှိ စပါးခင်းများ ထိခိုက် ခဲ့

စပါးအခြောက်ခံစက်၊ ကြီး၂လုံး၊ရေစုပ်စက် အလုံး ၁၀၀နှင့်ခြွေလှေ့စက် များကူညီသွားမည်ဟုသိရသည်။ နိဝင်ဘာ၂၉နှင့်၃၀ရက် အချိန်ခါမဲ့မိုးကြောင့်ဧရာဝတီနှင့်ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စပါးခင်း ဧက၁သိန်းကျော်ခန့် စပါး ရေစိုမှု ဒဏ်ခံနေ ရကြောင်းသိရသည်။

အာဆီယံကားမောင်းပြိုင်ပွဲကို မြန်မာတွေ သောင်းသောင်းဖြဖြ အားပေးစေချင်တယ် မေသဉ္ဇာဦး


၂၀၁၂ ခုနှစ်ဟာ မြန်မာနိုင်ငံ အတွက် ထူးခြားတဲ့ နှစ်လို့ ဆိုရမှာပါ။ အဲဒီ ထူးခြားမှုတွေ ထဲက အာဆီယံနဲ့ အန္ဒိယ ချစ်ကြည်ရေး ကား မောင်း ပြိုင်ပွဲမှာ မြန်မာနိုင်ငံက ပြည်သူချစ် အနုပညာရှင်တွေ ပါဝင် လာတာလည်း ထူးခြားမှု တစ်ခုပါ။

ကား မောင်းပြိုင်ပွဲကို အာဆီယံနဲ့ အိန္ဒိယ နိုင်ငံတွေ ထဲမှာ ရှိတဲ့ လမ်းတွေကို ၂ ၂ ရက်ကြာ ဖြတ်သန်း မောင်းနှင်ရမှာ ပါ။ မြန်မာနိုင်ငံ ကိုယ်စားပြု ဒါရိုက်တာ ကိုပေါက်၊ ဝေဠုကျော်၊ မေသဉ္ဇာဦး၊ ဆုပန်ထွာနဲ့ SKYNET ရုပ်သံလိုင်းမှ လေးဦး စုစုပေါင်း ရှစ်ဦးပါဝင်ကြမှာဖြစ်ပါတယ်။

စုံစမ်းရေးကော်မရှင် ပြင်ဆင်ဖွဲ့စည်း၊ ဦးရေနှင့် တာဝန် လျှော့ချလိုက်

နယူးဒေလီ (မဇ္ဈိမ) ။      ။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းရေးကော်မရှင်ကို အဖွဲ့ဝင်ဦးရေ ထက်ဝက် ခန့် လျှော့ချကာ ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း သမ္မတရုံးမှ ဒီဇင်္ဘာလ ၃ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ကြေညာလိုက် သည်။

လက်ပံတောင်း အကြမ်းဖက်မှုကိစ္စ ဒေလီမြန်မာများ ဆန္ဒပြ

နယူးဒေလီ (မဇ္ဈိမ)။     ။ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ကန့်ကွက် သပိတ်မှောက်သူများအား အကြမ်းဖက်ဖြိုခွင်းမှုအား ဆန့်ကျင် ရှုတ်ချသောအားဖြင့် အိန္ဒိယနိုင်ငံ၊ နယူးဒေလီရှိ မြန်မာ့ဒီမိုကရေစီ အင်အားစုများက စနေနေ့တွင် ဆန္ဒပြပွဲတရပ် ပြုလုပ်ခဲ့ကြသည်။

အိန္ဒိယ-မြန်မာ-တရုတ် အဝေးပြေး လမ်းမကြီး ဖောက်မည်

နယူးဒေလီ (မဇ္ဈိမ) ။       ။ အိန္ဒိယနိုင်ငံ၊ အနောက် ဘင်္ဂလားပြည်နယ်၊ ကိုလ်ကတ္တားနှင့် တရုတ်နိုင်ငံ၊ ယူနန်
ပြည်နယ်၊ ကူမင်းမြို့တို့ကို မြန်မာနိုင်ငံမှ ဖြတ်သန်းလျက် အဝေးပြေး ကုန်သွယ်ရေး လမ်းမကြီးအဖြစ် သွယ်တန်းမည် ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ကြေးနီစီမံကိန်း စုံစမ်းရေးကော်မရှင် ဖွဲ့စည်း

နေပြည်တော် (မဇ္ဈိမ) ။       ။ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းတွင် ဖြစ်ပေါ်နေသော အခြေအနေများကို အဖြစ်မှန် ပေါ်ပေါက်စေရန်နှင့် ယင်းစီမံကိန်းကို ဆက်လက် လုပ်ကိုင်ရန် သင့်မသင့် လေ့လာအကြံပြုရန်
ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ပါဝင်သော စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းလိုက်ကြောင်း သမ္မတရုံးမှ စနေနေ့က ထုတ်ပြန်လိုက်သည်။

ဆန္ဒပြသူများကို မဖမ်းဆီးရန် ၈၈ က တောင်းဆို

ရန်ကုန် (မဇ္ဈိမ) ။       ။ လက်ပံတောင်းတောင် စီမံကိန်း ကန့်ကွက် ဆန္ဒပြသူများကို ဖမ်းဆီးအရေးယူမှု မလုပ်ရန် ၈၈ မျိုးဆက် ကျောင်းသားများက ဒီဇင်ဘာ ၃ ရက်က ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်သည်။

လက်ပန်းတောင်းတောင်အရေး ဆန္ဒပြသူနှစ်ဦး ထပ်မံဖမ်းဆီးခံရ



2012-12-02
လက်ပန်းတောင်းတောင်အရေးမှာ အစိုးရတာဝန်ရှိသူတွေက ကိုင်တွယ်ဖြေရှင်းခဲ့တာကို မကျေနပ်တဲ့ အတွက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ဒီကနေ့ ညနေပိုင်းက ရန်ကုန်မြို့၊ဗဟန်းမြို့နယ်မှာ စုပေါင်း ဆန္ဒပြခဲ့ရာ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ဒုတိုင်းမှူး ဒုရဲမှူးကြီး ဦးသက်လွင်ကိုယ်တိုင် ဆန္ဒပြခေါင်းဆောင် နှစ်ဦးကို ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။

လက်ပန်းတောင်းတောင်အရေး မိုးကုတ်မြို့မှာ သံဃာတွေ သပိတ်မှောက်



2012-12-03
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းဖြိုခွဲမှုအပေါ် ကန့်ကွက်ရှုံ့ချတဲ့ ဆန္ဒထုတ်ဖော်ပွဲကို ဒီကနေ့ ဒီဇင်ဘာ ၃ ရက်နေ့ နေ့လည်က မိုးကုတ်မြို့ ဖောင်တော်ဦး ဘုရားရင်ပြင်တော်မှာ ဒေသခံ သံဃာတော်အပါး (၄၀) နီးပါးလောက်က ထိုင်သပိတ်မှောက်ခဲ့ ကြပါတယ်။

လက်ပန်းတောင်းတောင် အင်အားသုံးဖြိုခွင်းမှု ကေအိုင်အို ကန့်ကွက်



2012-12-03
လက်ပန်တောင်းတောင် ကြေးနီ စီမံကိန်း ရပ်ဆိုင်းရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုကြတဲ့ ရဟန်းသံဃာနဲ့ ဒေသခံပြည်သူတွေအပေါ် အကြမ်းဖက် နှိမ်နှင်းခဲ့တာကို ရှုတ်ချကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က ဒီကနေ့ ဒီဇင်ဘာ ၃ ရက်နေ့စွဲနဲ့ ကြေငြာချက် တစ်စောင်ထုတ်ပြန်ပါတယ်။

ဒဏ်ရာပြင်းထန်တဲ့သံဃာတွေ မန္တလေးဆေးရုံကို ပြောင်းရွှေ့ ကုသနေ



2012-12-03
လက်ပန်တောင်းတောင် ကြေနီ စီမံကိန်းကို ဖျက်သိမ်းဖို့ သပိတ်စခန်း ဖွင့် ဆန္ဒပြနေသူတွေကို ဖြိုခွဲခံရမှုမှာ ထိခိုက်ဒဏ်ရာ ရခဲ့ကြတဲ့ သံဃာတော်တွေထဲက ၅ ပါးလောက်ဟာ ဒဏ်ရာအခြေအနေ ဆိုးဝါးနေတယ်လို့ သိရပါတယ်။
Photo : RFA/ Myo Zaw Ko
ဒဏ်ရာရ သံဃာတော်တစ်ပါးအား မုံရွာဆေးရုံမှ မန္တလေးဆေးရုံသို့ ပြောင်းရွှေ့ကုသရန် ဆောင်ရွက်နေစဉ်

ကြေးနီတောင်သပိတ် ဖြိုခွင်းခဲ့တဲ့ကိစ္စ စစ်တွေမှာ တစ်ကိုယ်တော် ဆန္ဒပြ



2012-12-02
လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းရပ်တန့်ရေး သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြခဲ့ကြတဲ့ သံဃာတော်တွေ နဲ့ ဒေသခံတွေကို အာဏာပိုင်တွေက အကြမ်းဖက် ဖြိုခွဲခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ ရခိုင်ပြည်နယ် အမျိုးသမီး ကွန်ရက်(ယာယီ)အဖွဲ့ ဥက္ကဌ ဒေါ်ညိုအေးက စစ်တွေမြို့မှာ မနေ့နေ့လည်ပိုင်းက တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

Sunday, December 2, 2012

ရဲများ၏ သြဝါဒခံယူပွဲ မုံရွာဒေသခံများ ရှုတ်ချ


သြဝါဒခံယူရန် ရောက်ရှိလာသည့် မုံရွာရဲများကို ဒေသခံပြည်သူများက ဝိုင်းကြည့်နေစဉ် (ဓာတ်ပုံ – မန်းသားလေး / ဧရာဝတီ)
စစ်ကိုင်းတိုင်း မုံရွာမြို့ ရွှေစည်းခုံဘုရားဝင်းအတွင်းရှိ သာသနာ့ဗိမာန်တော်တွင် မုံရွာရဲတပ်ဖွဲ့များ၏ လက်ပံတောင်းတောင် ဖြစ်စဉ်နှင့် ပတ်သက်သည့် သြ၀ါဒခံယူပွဲကို မုံရွာလူထုက ရှုတ်ချခဲ့ကြောင်း သိရသည်။