မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် လုပ်ငန်းပြောင်းရွှေ့လုပ်ကိုင်သူများလာသောကြောင့် လယ်ယာစိုက်ပျိုးရန်အတွက် လယ်အလုပ်သမားရှားပါးမှုနှင့် ရင်ဆိုင်နေရကြောင်း ပုသိမ်ကြီးမြို့နယ် ဆင်ရွာကြီးကျေးရွာတောင်သူများက ဆိုသည်။
Friday, August 10, 2012
လူမျိုးတုံး သတ်ဖြတ်မှုစွပ်စွဲချက် မဟုတ်မမှန်ကြောင်း အမေရိကန်ပြည်ထောင်စု ပြောကြား
2012-08-09
ရခိုင်ပြည်နယ်က လူမျိုးရေး တင်းမာမှုတွေကို အထူးစိုးရိမ်နေဆဲ ဖြစ်ပေမဲ့ OIC အစ္စလာမ်မစ်နိုင်ငံများအဖွဲ့က စွပ်စွဲသလို လူမျိုးတုံး သတ်ဖြတ်နေတယ်ဆိုတာ မဟုတ်မမှန်တဲ့အကြောင်း အမေရိကန်ပြည်ထောင်စုက ပြောကြားလိုက်ပါတယ်။
မြန်မာလုံခြုံရေး တပ်ဖွဲ့တွေက ဘင်္ဂါလီ ရိုဟင်ဂျာ ဦးရေနည်းသွားအောင် အစုလိုက်အပြုံလိုက် သတ်ဖြတ်နေတယ်ဆိုတာ မဟုတ်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူ Patrick Ventrell က ပြောသွားတာပါ။
အကြမ်းဖက်မှုတွေနဲ့ ပတ်သက်သူ လိုက်လံဖမ်းဆီး
2012-08-09
ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့က စစ်တွေမြို့မှာ ဖြစ်ပွားခဲ့တဲ့ နေအိမ်မီးရှို့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ပါဝင်တယ်လို့ ယူဆရသူတွေကို စစ်တပ်နဲ့ အာဏာပိုင်တွေက လိုက်လံ ဖမ်းဆီးနေတယ်လို့ သိရပါတယ်။
အာဏာပိုင်တွေဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့ ညပိုင်းက စတင်ပြီး နေအိမ်တွေမှာ လိုက်လံ ဖမ်းဆီးနေတာဖြစ်ကြောင်း ဘာကြောင့်ဖမ်းဆီးတယ်၊ ဘယ်ကိုခေါ်သွားတယ် ဆိုတာကို မသိရကြောင်း အင်္ဂါနေ့ မနက် ၂ နာရီလောက်က အဖမ်းခံခဲ့ရတဲ့ စစ်တွေမြို့ ကသဲရပ်ကွက်က ကိုစံရွှေထွန်းရဲ့ ဇနီးဖြစ်သူ မဆန္ဒမေက RFA ကိုပြောပါတယ်။ ဖိနပ်မပါ အဝတ်မပါ ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ စည်းဝေး
2012-08-09
ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဦးဆောင်တဲ့ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီရဲ့ ဒီကနေ့ အစည်းအဝေးမှာ လုပ်ငန်းတာဝန်တွေ ခွဲဝေ ချမှတ်ခဲ့ကြောင်း ကော်မတီ အတွင်းရေးမှူး NLD လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောပါတယ်။
RFA
၂၀၁၂ ခုနှစ် သြဂုတ်လ ၉ ရက်က တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ အစည်းအဝေးတွင် ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နေစဉ်။
အာဏာပိုင်တွေ တောထဲစွန့်ပစ်ခဲ့တဲ့ မိန်းကလေးရဲ့အမေ ဒဏ်ငွေချခံရ
2012-08-09
ပြည်မြို့မှာ အခြေအနေမဲ့ ကလေးတွေကို ဒေသခံ အာဏာပိုင်တွေက တောထဲသွား စွန့်ပစ်တဲ့ကိစ္စ မီဒီယာတွေကို ပြောလိုက်တဲ့ ဇင်မာလှိုင်ဆိုသူ မိန်းကလေးရဲ့အမေ ဒေါ်တင်တင်ထွေးနဲ့ အမျိုးသမီးငယ် တစ်ဦးကို ပြည်ဘူတာရုံမှာ ရဲက မနေ့ ညက ဖမ်းလိုက်တဲ့ အမှုအတွက် ပြည်မြို့နယ် တရားရုံးက ဒီနေ့ နေ့လည်မှာ အပြစ်ရှိကြောင်း အမိန့်ချပြီး ဒဏ်ငွေ ၅၀၀ ကျပ်စီ အသီးသီးချမှတ် လိုက်ပါတယ်။
NLD မှ တင်သွင်းလိုက်သောအဆိုကို ကြံ့ခိုင်ရေးပါတီက ပယ်ချ
နေပြည်တော်၌ ကျင်းပသော စတုတ္ထအကြိမ် အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးတွင် ယမန်နေ့က ရခိုင်ပြည်အရေးနှင့်ပတ်သတ်၍ NLD မှ တင်သွင်းလိုက်သောအဆိုကို ကြံ့ခိုင်ရေးပါတီက ပယ်ချလိုက်ကြောင်း သတင်းရရှိသည်။ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ကျောက်တွင်းကုန်း ရခိုင် ကျေးရွာအားမွတ်ဆလင်များက ရန်စ
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ကျောက်တွင်းကုန်း ရခိုင် ကျေးရွာအား မွတ်ဆလင်များက တိုက်ခိုက် မည့်လိုလို ရန်စမူများ ပြုလုပ်လာသဖြင့် စစ်တပ်က အချိန်မှီ လာရောက်ပြီး အခြေအနေကို ထိန်းသိမ်း လိုက်ရသည်ဟု သတင်း ရရှိသည်။

ရန်စသည့် အပြုအမူများကို ပြုလုပ်သူ မွတ်ဆလင် ကျေးရွာသားများမှာ ပုရိန် (မွတ်ဆလင်) ရွာမှ ဖြစ်ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။
မောင်တောတွင် ဒေသခံဘွဲ့ရများအား ဆွဲခန့်ဆရာ၊ဆရာမအဖြစ် ထားရှိရန်စီစဉ်
ရခိုင်ပြည်နယ်အတွင်းရှိ လုံခြုံမှုမရှိသောနေရာများသို့သွားလိုစိတ်မရှိတော့သည့် ဆရာဆရာမများနေရာတွင် ဒေသခံဘွဲ့ရလူငယ်များကိုဆရာ/ဆရာမအဖြစ် ဆွဲခန့်ထားရှိမည်ဟု ရခိုင်ပြည်နယ်ပညာရေးမှူးရုံးက
သိရှိရသည်။
သိရှိရသည်။
ယာဉ်တိုက်/တိမ်းမှောက်မှုကြောင့် သေဆုံးနှုန်း သိသိသာသာလျော့ကျ
ရန်ကုန်မြို့တွင်း၌ယာဉ်တိုက်မှု၊ယာဉ်တိမ်းမှောက်မှုတို့ကြောင့် ဇူလိုင်လအတွင်း လူသေဆုံးမှုမှာ ယခင်လကထက် လူဦးရေထက်ထက်ဝန်ခန့်လျော့ကျခဲ့ကြောင်း မထသ(ဗဟို)က သိရှိ ရသည်။
ကမ္ဘာလှည့်ခရီးသည် ခြောက်သိန်း လာရောက်ရန် ဝန်ကြီးမျှော်မှန်း
ရန်ကုန် (မဇ္ဈိမ) ။ ။ ၂၀၁၁ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည် လေးသိန်း လာရောက်ခဲ့ပြီး ၂၀၁၂ ခုနှစ်အကုန်တွင် ခြောက်သိန်းခန့် လာရောက် လည်ပတ်မည် မျှော်မှန်းကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီး ဦးတင့်ဆန်း က ဆိုသည်။
Subscribe to:
Posts (Atom)


