Tuesday, July 31, 2012
သမ္မတ ဦးသိန်းစိန်၏စကားကို ထောက်ခံကြိုဆိုကြောင်း အမေရိကန်အခြေစိုက် ရခိုင်အမျိုးသားရေးအသင်း အစည်းအဝေး တစ်ရပ်ကျင်းပ
တာကာသိန်း ၄၀ ဖိုး ယာဘားဆေးပြား ပန်းဝါမြို့ တွင် ဖမ်းဆီး
ထွန်းထွန်း
ဘင်္ဂဘားဒေ့ခ်ျ နိုင်ငံ ရာမူးခေါ် ပန်းဝါမြို့တွင် တာကာ သိန်း၄၀ တန်ဖိုးရှိ ယာဘား ဆေးပြားများကို ဘင်္ဂလာရဲ အဖွဲ့က ဖမ်းဆီးလိုက်သည်။
ဇူလိုင်လ ၂၈ရက်နေ့ ညနေ ၁၀ နာရီခန့်တွင် ယာဘားဆေးပြား အရေအတွက် ၈၀၀၀ ကို နယ်စပ်မြို့ တက်ကနက်မှနေ ပန်းဝါမြို့သို့ ကားဖြင့် သယ်ဆောင် လာစဉ် ဘင်္ဂလာ ရဲတပ်ဖွဲ့မှ ဖမ်းဆီးမိခဲ့သည်ဟု ယနေ့ထုတ် ကော့စ်ဘဇား သတင်းစာတွင် ဖေါ်ပြသည်။
အလွဲသုံးစားမှုဖြင့် မီးရထားဝန်ထမ်း ၄၄ ဦးကို တာဝန်မှ ရပ်စဲ
ရန်ကုန် (မဇ္ဈိမ)။ ။ လောင်စာဆီ အလွဲသုံးစားမှုဖြင့် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်မှ မီးရထားဝန်ထမ်း ၄၄ ဦးကို တာဝန်မှ ရပ်စဲလိုက်သည်ဟု မိုးညှင်းမြို့နယ်မှ အမည်မဖေါ်လိုသူ မီးရထားဝန်ထမ်းများက မဇ္ဈိမကို ပြောသည်။
လျှပ်တစ်ပြက် ဂျာနယ်အမှု သြဂုတ် ၃ ရက်နေ့တွင် ထပ်မံကြားနာမည်
ရန်ကုန် (မဇ္ဈိမ) ။ ။ လျှပ်တစ်ပြက်ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင် အား ပုဇွန်တောင်မြို့နယ် အုပ်ချုပ်ရေးမှူးက တရားစွဲဆိုထားသည့်အမှုကို သြဂုတ် ၃ ရက်နေ့တွင် ပဉ္စမကြိမ်မြောက် ကြားနာရန် ပုစွန်တောင်မြို့နယ် တရားရုံး၌ရုံးချိန်း ထပ်မံခေါ်ယူထားသည်။
အိမ်ခြံမြေ ဝန်ဆောင်မှု တိုးတက်ရန် နိုင်ငံတကာနှင့် ချိတ်ဆက်မည်
ရန်ကုန် (မဇ္ဈိမ) ။ ။ အိမ်ခြံမြေဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အတွက် နိုင်ငံတကာ အိမ်ခြံမြေအသင်းများနှင့် ချိတ်ဆက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်းမှ တာဝန်ရှိသူ တဦးက မဇ္ဈိမကို ပြောသည်။
ထိုသို့ လုပ်ဆောင်ရာတွင် ပထမအဆင့်အဖြစ် အာဆီယံ အဝန်းအဝိုင်းကို ဦးတည်ထားပြီး ထိုမှတဆင့် အခြား
နိုင်ငံတကာ အသိုင်းအဝိုင်းသို့တိုင် ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်သွားမည်ဟု အသင်း ဥက္ကဋ္ဌ ဦးခင်မောင်သန်း က ဆိုသည်။
“ကျနော်တို့ဆီက အိမ်ခြံမြေဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းတွေ ဖွံ့ဖြိုးဖို့ နိုင်ငံတကာနဲ့ပါ ချိတ်ဆက် ဆောင်ရွက်သွားမယ်။ အဲလိုချိတ်ဆက်ရာမှာ နိုင်ငံတကာမှာရှိနေတဲ့ အိမ်ခြံမြေဆိုင်ရာ အသင်းတွေနဲ့ တိုက်ရိုက် ချိတ်ဆက်သွားမှာပါ” ဟု ပြောသည်။
ထိုသို့ နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်ရာတွင် အိမ်ခြံမြေလုပ်ငန်းဆိုင်ရာ ပြည်တွင်း အိမ်ခြံမြေ အကျိုးဆောင်များ ကို သင်တန်းပို့ချကာ အိမ်ခြံမြေဆိုင်ရာ ဒီပလိုမာဘွဲ့ ပေးအပ်နိုင်ရန်အထိ လုပ်ဆောင်သွားရန် အစီအစဉ်ရှိသည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။
“ဒီပလိုမာဘွဲ့အတွက်က နိုင်ငံတကာမှာရှိတဲ့ အိမ်ခြံမြေဆိုင်ရာ ကျောင်းတွေနဲ့ ဆက်သွယ်ပြီး ဆောင်ရွက်သွားမှာပါ။ အိမ်ခြံမြေ အကျိုးဆောင်တွေရဲ့ အရည်အသွေး ပိုမို ပြည့်ဝပြီး ဝန်ဆောင်မှုကောင်းတွေ ပေးနိုင်ဖို့အတွက်ပါ” ဟု ဦးခင်မောင်သန်း က ပြောသည်။
အသင်းအနေဖြင့် အိမ်ခြံမြေအကျိုးဆောင်ဆိုင်ရာ အတတ်ပညာပိုင်း ဖွံ့ဖြိုး တိုးတက်စေရန်နှင့် အကျိုးဆောင်များ လုပ်ငန်းလုပ်ကိုင်ရာတွင် ရောင်းသူ၊ ဝယ်သူ၊ အကျိုးဆောင်တို့ သုံးဦး သုံးဖလှယ် အကျိုးဖြစ်ထွန်းစေရန် ရည်ရွယ် ထားသည်ဟု ၎င်းက ဆိုသည်။
“အိမ်ခြံမြေ ရောင်း၊ ဝယ်၊ ငှား အကျိုးဆောင်ပေးတဲ့ ရပ်ကွက် ပွဲစားတွေကိုပါ အသင်းကို ဝင်ခိုင်းပြီး အိမ်ခြံမြေ ဝန်ဆောင်မှု သင်တန်းတွေ လုပ်ပေးသွားမယ်။ အိမ်ခြံမြေ လုပ်ငန်းဆိုင်ရာ ထောက်ခံချက် လက်မှတ်တွေလည်း ထုတ်ပေးသွားဖို့ စီစဉ်ထားပါတယ်” ဟု အသင်း ဥက္ကဋ္ဌ က ဆိုသည်။
မြန်မာနိုင်ငံ၌ လက်ရှိလုပ်ဆောင်နေသည့် အိမ်ခြံမြေ အကျိုးဆောင်များသည် လုပ်ငန်းခွင် အတွေ့အကြုံများဖြင့်သာ မုဆိုးစိုင်သင် လုပ်ဆောင်နေခြင်းသာဖြစ်ပြီး မြန်မာနိုင်ငံ၏ ဖြစ်ပေါ်ပြောင်းလဲမှုများအရ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမို ဝင်ရောက်လာသည့်အခါ မိမိတို့ အကျိုးဆောင်များဘက်မှ စနစ်တကျ ဝန်ဆောင်မှုများ ပေးသွားနိုင်ရန် လိုအပ်ကြောင်း ဦးခင်မောင်သန်း က ပြောကြားသွားသည်။

ဒေါ်အောင်ဆန်းစုကြည် ဂျပန်ပြည်ကို ချယ်ရီပွင့်ချိန် သွားမည်
နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံသို့ အလည်အပတ် ခရီးအဖြစ် ၂ဝ၁၃ ခုနှစ်တွင် လာရောက်ရန်ရှိသည်ဟု မြန်မာ့ တိုင်းရင်းသားများ လူမှုရေးဆိုင်ရာ ဂျပန်နိုင်ငံ၏ ချစ်ကြည်ရေး သံကိုယ်စားလှယ် အဖွဲ့ဝင်တဦးက ထုတ်ဖော် ပြောဆိုလိုက်ကြောင်း အေပီ သတင်းတရပ်တွင်
ဖော်ပြပါရှိသည်။
ဖော်ပြပါရှိသည်။
ဦးအောင်သိန်းလင်းကို အမတ်အဖြစ်မှ ရုတ်သိမ်းရေး နှိုးဆော်မှုများ ရှိနေ
ရန်ကုန် (မဇ္ဈိမ) ။ ။ ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပ မဲဆန္ဒရှင်များက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းကို လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရုတ်သိမ်းပေးရေး စုပေါင်းလက်မှတ်ရေးထိုးကာ ပြည်ထောင်စု
ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြရန် နှိုးဆော်မှုများ ရှိနေသည်။
ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြရန် နှိုးဆော်မှုများ ရှိနေသည်။
သမ္မတနှင့် တိုင်းရင်းသား ပါတီများတွေ့ဆုံမည့် အစီအစဉ် ရွှေ့ဆိုင်း
နယူးဒေလီ (မဇ္ဈိမ) ။ ။ တိုင်းရင်းသား ပါတီများအား သမ္မတ ဦးသိန်းစိန် မှ တွေ့ဆုံမည့် အစီအစဉ်အား ရက်ရွှေ့ဆိုင်းထားကြောင်း သိရသည်။သမ္မတ အနေဖြင့် ဒီမိုကရေစီ မိတ်ဆွေပါတီ ၁၀ ပါတီနှင့် ဇူလိုင်လ ၁၈ ရက်နေ့က တွေ့ဆုံပြီးနောက် ကျန် တိုင်းရင်းသား ၁၄ ပါတီနှင့် တွေ့ဆုံရန် စီစဉ်ထားမှုအား ရက်ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်ကြောင်း ကရင်ပြည်သူ့ပါတီ KPP ဥက္ကဋ္ဌ ဦးထွန်းအောင်မြင့် က ပြောသည်။
Subscribe to:
Posts (Atom)