Thursday, June 28, 2012

အစိုးရငြိမ်းအဖွဲ့ PNLO နှင့် အပစ်ရပ်မည်၊ မယ်တော်ဆေးခန်း ကူညီမည်

ချင်းမိုင်(မဇ္စျိမ) ။       ။ ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် တွေ့ဆုံမှုများကို ဆက်လက်ပြုလုပ်နေရာ ဇွန်လ ၂၇ ရက်နေ့တွင် မဲဆောက်မြို့ရှိ မယ်တော်ဆးခန်းသို့ ဒုတိယအကြိမ် သွားရောက်ပြီး အလှူငွေများ ပေးအပ်ကာ ဘန်ကောက်မြို့တွင်လည်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ PNLO တွေ့ဆုံဆွေးနွေးခဲ့သည်။

NLD ကူခဲ့သူ သားအဖ နှစ်ဦး ၅ (ဃ)ဖြင့် တရားစွဲခံနေရ

နယူးဒေလီ (မဇ္ဈိမ) ။       ။ ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD အောင်နိုင်ရေးအတွက် အကူအညီပေးခဲ့သူ ဒက္ခိဏသီရိမြို့နယ်မှ သားအဖ နှစ်ဦးအား “ရပ်ရွာထိတ်လန့်၊ ခြောက်ခြားရန် လုပ်ဆောင်သည်” ဟု ဆိုကာ အရေးပေါ်စီမံချက် ဥပဒေ ပုဒ်မ ၅(ဃ) ဖြင့် တရားစွဲဆိုထားသည်။

လူကုန်ကူးခံရသူ၏ လေးပုံတပုံနီးပါးသည် ကလေးသူငယ်များဖြစ်ကြ

ရန်ကုန် (မဇ္ဈိမ) ။      ။၂၀၁၁ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် လူကုန်ကူးခံရသူများ၏ လေးပုံတစ်ပုံနီးပါး (၂၃ ရာခိုင်နှုန်း) သည် ကလေးသူငယ်များဖြစ်ကြောင်း လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၏ နှစ်ပတ်လည် အစီရင်ခံစာက ဆိုသည်။

ကော့သောင်း ဥယျာဉ်ခြံမြေ ဧက ၄၀ ကျော် တပ်နယ်မြေ သိမ်းပိုက်ခံရ

စံခလပူရီ (မဇ္ဈိမ) ။        ။ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ မြောက်ဘက် တပ်နှင့် အလှမ်းကွာဝေးသည့် ရွှေပြည်သာ ရပ်ကွက်ရှိ ဥယျာဉ်ခြံမြေ ဧက ၄၀ ကျော်ကို တပ်မြေအဖြစ် သိမ်းယူရန် စစ်တပ်မှ အုတ်တိုင်များ လာရောက် စိုက်ထူထားကြောင်း ခြံရှင်များက ပြောသည်။

လမ်းပြကြယ် ၇၀,၀၀၀ ကျော် NDF ဝင်ကြမည်ဟုဆို

စံခလပူရီ (မဇ္ဈိမ) ။        ။ ဦးအေးမြင့် ဦးဆောင်သည့် လမ်းပြကြယ် အဖွဲ့ဝင် ၇၂,၀၀၀ သည် မကြာမီ ရက်ပိုင်းအတွင်း အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီသို့ ဝင်ရောက်ကြမည် ဖြစ်ပြီး တရားဝင် ပါတီဝင် လျှောက်လွှာပေးအပ်ပွဲ ကို ရန်ကုန်မြို့ရှိ City Star ဟိုတယ်၌ ဇွန်လ ၂၉ ရက်နေ့တွင် ပြုလုပ်မည် ဖြစ်ကြောင်း NDF ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ က ပြောသည်။

ရခိုင်နှင့် ဘင်္ဂါလီများကို သီးခြားစီ နေရာချပေးရန် RNDP လိုလား

ချင်းမိုင်(မဇ္စျိမ) ။       ။ ဇွန်လအတွင်း ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သည့် ‘အဓိကရုဏ်း’ မျိုး ထပ်မံ မဖြစ်ပွားရန်နှင့် ပြည်သူ များ လုံခြုံမှုရှိစေရန်အတွက် ဘင်္ဂါလီ လူမျိုးများအား သီးခြားနေရာချထားပေးရန် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ RNDP က ဇွန်လ ၂၆ ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်သည်။

ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း (၃၆) နှစ် နယူးဒေလီ အခမ်းအနား၊ရုပ်/သံ


ပြင်သစ်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည် ပူးတွဲ သတင်းစာ ရှင်းလင်းရုပ်/သံ


ဒေါ်အောင်ဆန်းစုကြည် ပါရီမြို့ ဂုဏ်ထူးဆောင် မြို့သားဘွဲ့လက်ခံရယူ

ဒေါ်အောင်ဆန်းစုကြည် ပါရီမြို့ ဂုဏ်ထူးဆောင် မြို့သားဘွဲ့လက်ခံရယူ
2012-06-27
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၀၄ ခုနှစ်မှာ သူ့ကို ချီးမြှင့်ထားတဲ့ ပါရီမြို့ ဂုဏ်ထူးဆောင် မြို့သားဘွဲ့ကို ဒီကနေ့မှာပဲ လက်ခံရယူ လိုက်ပါတယ်။
AFP

ကလေးစစ်သား ပပျောက်ရေး မြန်မာ ကုလ သဘောတူလက်မှတ်ရေးထိုး

ကလေးစစ်သား ပပျောက်ရေး မြန်မာ ကုလ သဘောတူလက်မှတ်ရေးထိုး
2012-06-27
မြန်မာနိုင်ငံမှာ ကလေးစစ်သား အသုံးပြုမှု ပပျောက်ရေးအဖြစ် ကုလသမဂ္ဂနဲ့ မြန်မာအစိုးရတို့ လုပ်ငန်းစဉ်တွေ ချမှတ်ပြီး သဘောတူ လက်မှတ်ရေးထိုး လိုက်တယ်လို့ သတင်းရရှိပါတယ်။
ကလေးသူငယ်တွေကို မြန်မာ့တပ်မတော်မှာ စစ်မှုထမ်းခြင်းမှ ကာကွယ်ဖို့နဲ့ အသက်မပြည့်သေးတဲ့ တပ်သားသစ်တွေကို လွတ်မြောက်ခွင့်ပြုဖို့ လုပ်ငန်း အစီအစဉ်တရပ်ကို လက်မှတ်ရေးထိုးကြတာလို့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

NLD ဦးဥာဏ်ဝင်းအပေါ် ကော်မရှင်တရားစွဲဆိုမှု သက်သေ ၂၀ ခန့်ထွက်ဆိုမည်

NLD ဦးဥာဏ်ဝင်းအပေါ် ကော်မရှင်တရားစွဲဆိုမှု သက်သေ ၂၀ ခန့်ထွက်ဆိုမည်
2012-06-27
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က NLD အတွင်းရေးမှူး ဦးဥာဏ်ဝင်းကို သတင်းမှားထုတ်ပြန်မှုနဲ့ တရားစွဲထားတဲ့ကိစ္စ ကို နေပြည်တော်မှာ မနေ့က သက်သေတစ်ဦး စစ်ဆေးခဲ့ပါတယ်။
ဒီအမှုမှာ နှစ်ဘက်သက်သေ အယောက် ၂၀ လောက် စစ်ဆေးမှာဖြစ်တယ်လို့ ဦးဥာဏ်ဝင်းက RFA ကိုပြောပါတယ်။

မြန်မာအစိုးရ ငြိမ်းချမ်းရေးအဖွဲ့ မယ်တော်ဆေးခန်း လေ့လာ

မြန်မာအစိုးရ ငြိမ်းချမ်းရေးအဖွဲ့ မယ်တော်ဆေးခန်း လေ့လာ
2012-06-27
မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းနဲ့ အဖွဲ့ဟာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့က မယ်တော်ဆေးခန်းကို ဒီကနေ့ မနက် (၆) နာရီကျော်က သွားရောက်ပြီး ဒေါက်တာစင်သီယာမောင် နဲ့ တွေ့ဆုံကာ ဆေးခန်းက လူနာတွေကို လိုက်လံကြည့်ရှုပြီး အကူငွေ ပေးအပ်ခဲ့ပါတယ်။
RFA

အစိုးရသတင်းမီဒီယာ ပြုပြင်ပြောင်းလဲရေး နေပြည်တော်မှာဆွေးနွေး

အစိုးရသတင်းမီဒီယာ ပြုပြင်ပြောင်းလဲရေး နေပြည်တော်မှာဆွေးနွေး
2012-06-27
ပျဉ်းမနားနေပြည်တော်မှာ ဒီကနေ့ ကျင်းပတဲ့ နိုင်ငံပိုင် သတင်းစာများ ရဲ့ အသွင်သဏ္ဍာန်နဲ့ အနှစ်သာရ ပြုပြင်ပြောင်းလဲရေး စာတမ်းဖတ် ပွဲမှာ သတင်းအရ တန်ဖိုးရှိတဲ့ သတင်းတွေ အလေးပေးဖော်ပြဖို့ တင်ပြ ဆွေးနွေးခဲ့ကြတယ်လို့ ကိုယ်တိုင် စာတမ်းတင်သွင်း ခဲ့တဲ့ ပေါ်ပြူလာမြန်မာ သတင်းဂျာနယ် အယ်ဒီတာချုပ် စာရေးဆရာ ဟိန်းလတ်က RFA ကိုပြောပါတယ်။
Photo: ministry of information.gov.mm

အညတြ သူရဲကောင်းဆုရ နိုင်ငံရေးအကျဉ်းသား ရခိုင်ဒုက္ခသည်တွေအတွက် ငွေလှူ

အညတြ သူရဲကောင်းဆုရ နိုင်ငံရေးအကျဉ်းသား ရခိုင်ဒုက္ခသည်တွေအတွက် ငွေလှူ
2012-06-27
သာယာဝတီထောင်မှာ နှစ်ရှည်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုလက်ျာထွန်းက သူ့ကို ဂျပန်နိုင်ငံရောက် မြန်မာတွေချီးမြှင့်ထားတဲ့ အညတြသူရဲကောင်းဆု ချီးမြှင့်ငွေထဲက ကျပ်ငွေ (၄) သိန်းကို ရခိုင်ပြည်နယ်က ဘေးဒုက္ခကြုံတွေ့နေကြရသူတွေအတွက် ပြန်လည် လှူဒါန်းလိုက်ပါတယ်။
RFA

ကချင်ဒုက္ခသည်တွေအတွက် အရေးပေါ်ဆေးဝါးများလိုအပ်နေ

ကချင်ဒုက္ခသည်တွေအတွက် အရေးပေါ်ဆေးဝါးများလိုအပ်နေ
2012-06-27
အခုရက်ပိုင်းအတွင်း မိုးသည်းထန်နေတာကြောင့် တရုတ်-မြန်မာနယ်စပ် ကချင်စစ်ပြေး ဒုက္ခသည်စခန်းတွေမှာ ဝမ်းနဲ့ပတ်သက်တဲ့ရောဂါ၊ အဆုတ် အအေးမိ ရောဂါတွေ အဖြစ်များလာနေပြီး အရေးပေါ်ဆေးဝါးနဲ့ အာဟာရတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
AFP