မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယခုလအတွင်း
ဥရောပနိုင်ငံများသို့ သွားရောက်ရန် စီစဉ်ထားပြီး ပြင်သစ်နိုင်ငံသို့လည်း
သွားရောက်လည်ပတ်မည်ဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြချက်အရ သိရသည်။
ဒေါ်အောင်ဆန်းစုကြည်အား ပြင်သစ်နိုင်ငံသို့ လာရောက်လည်ပတ်ရန်
ပြင်သစ်သမ္မတသစ် ဖရန်ဆွာအော်လွန်ဒ်က ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်းနှင့်
ဒေါ်အောင်ဆန်းစုကြည်သည် ပြင်သစ်နိုင်ငံသို့ ဇွန်လ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့အထိ
သွားရောက်မည်ဖြစ်ကြောင်း သိရသည်။