Tuesday, May 29, 2012

ဒေါ်စု အကျိုးသက်ရောက်မှုကို ကမ္ဘာက သိပြီ


မြန်မာနိုင်ငံ အတိုက်အခံခေါင်းဆောင်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
ရှေ့လတွင် နိုဘယ်ငြိမ်းချမ်းရေးဆု လက်ခံရယူအပြီး အင်္ဂလန်နိုင်ငံ အောက်လွှတ်တော်တွင် မိန့်ခွန်းပြောလျှင် ယင်းသည် အရှေ့တောင်အာရှ ဒေသကြီးအတွက် သမိုင်းဝင် နေ့တနေ့ ဖြစ်လိမ့်မည်။

တရုတ် နယ်စပ် ကုန်သွယ်ရေးမှာ မြန်မာ အသာရပြီ

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး၌ ယခင်က တရုတ်နိုင်ငံဘက်က ကုန်သွယ်မှုပိုငွေရရှိနေရာမှ ပြီးခဲ့သည့်၂၀၁၁-၂၀၁၂ ဘဏ္ဍာ ရေးနှစ်တွင် မြန်မာဘက်က ပိုငွေရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန(စီးပွား/ကူးသန်း)မှ သိရသည်။
တရုတ်-မြန်မာ နယ်စပ် ဂိတ်တခုကို တွေ့ရစဉ်(ဓာတ်ပုံ - ဧရာဝတီ)

အိန္ဒိယနှင့် မြန်မာ ကဏ္ဍမျိုးစုံ ပါဝင်သည့် စီးပွားရေး စာချုပ်များ လက်မှတ်ထိုး

အိန္ဒိယ ဝန်ကြီးချုပ် ဒေါက်တာ မန်မိုဟန်ဆင်း နှင့် မြန်မာ သမ္မတ ဦးသိန်းစိန်တို့သည် နှစ်နိုင်ငံ ကုန်သွယ်ရေး သဘောတူညီမှု စာချုပ်များချုပ်ဆို။ Photo: President's office


မဇ္ဈိမ သတင်းဌာန ။            ။ မြန်မာနိုင်ငံ နှင့် အိန္ဒိယ နိုင်ငံတို့သည် ကဏ္ဍမျိုးစုံ ပါဝင်သည့် နှစ်နိုင်ငံ သဘောတူ စာချုပ်များ တနလာင်္နေ့က နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့ကြပြီး အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးနှင့် ပူးပေါင်း
ဆောင်ရွက်မှုများကို တိုးမြှင့်ကြမည် ဖြစ်သည်။

မဟာမြတ်မုနိ ဘုရားကြီး ဆိုင်ခန်းခများတိုး၍ ဆိုင်ပိတ်ဆန္ဒပြ

ရန်ကုန် (မဇ္ဈိမ) ။         ။ မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီးအတွင်းရှိ နိဗ္ဗာန်ကုန်ဆိုင်နှင့် အခြားဆိုင်ခန်းခများ တိုးမြှင့်ကောက်ခံခြင်းကို ကန့်ကွက်သည့် အနေဖြင့် တနင်္ဂနွေ နေ့လည်မှ စတင်ကာ ဈေးသည်များက ဆိုင်မထွက်ဘဲ ဆန္ဒပြနေကြသည်။

GSM နှင့် WCDMA ဖုန်း ကျပ်သန်းပေါင်း ကိုးသောင်းကျော်ဖိုး ရောင်းရ

ရန်ကုန် (မဇ္ဈိမ) ။      ။ မြန်မာ့ဆက်သွယ်ရေးသည် ကျပ်နှစ်သိန်းတန် GSM ဖုန်း စတင်ရောင်းချချိန်မှ ၂၄ ရက်အတွင်း ကျပ်သန်းပေါင်း ရှစ်သောင်းကျော် နှင့် ကျပ်နှစ်သိန်းခွဲတန် WCDMA ဖုန်း စတင်ရောင်းချချိန်မှ ၁ဝ ရက်အတွင်း ကျပ်သန်းပေါင်း တသောင်းကျော်၊ စုစုပေါင်း ကျပ်သန်းပေါင်း ကိုးသောင်းကျော် ရရှိခဲ့ပြီ ဖြစ်ကြောင်း အဆိုပါဌာနမှ တရားဝင်ထုတ်ပြန်သည့် စာရင်းအရ သိရသည်။

လားရှိုး – မူဆယ်လမ်းကို အသုံးမပြုရန် ပိတ်ပင်စာကြောင့် ဒေသခံများထိတ်လန့်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး – မူဆယ် ကားလမ်းမကြီးကို မေ ၂၈ ရက်နေ့တွင် အသုံးမပြုကြရန် မူဆယ်မြို့နယ် အတွင်းရှိ ကားဂိတ်အသီးသီးသို့ စာပို့ထားသဖြင့် ဒေသခံများ ထိတ်လန့်နေကြကြောင်း သတင်းရရှိသည်။
လားရှိုး - မူဆယ်လမ်းပေါ်တွင် မေ ၁၉ ရက်နေ့က ဗုံးခွဲခံခဲ့သည့် ကုန်တင်ယာဉ် (ဓာတ်ပုံ - မြန်မာ့အလင်း သတင်းစာမှ)

ဘုရားသုံးဆူ ပြန်ပေးမှုတွေ သောင်းကျန်းလာ

စံခလပူရီ (မဇ္ဈိမ) ။       ။ လူ ၁၀ ဦးခန့်ကို ဖမ်းဆီးသွားပြီး ပြန်လည် အကြောင်းကြားခြင်း မရှိသေးသည့် ပြန်ပေးဆွဲမှု တခု တနင်္ဂနွေနေ့ ညနေ ၄ နာရီခန့်က ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် ထပ်မံဖြစ်ပွားခဲ့သည်။

ဦးခင်ရွှေကို လယ်သမားများ တရားစွဲပြီ

ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာ ကျေးရွာမှ လယ်သမားများက ဇေကမ္ဘာ ကုမ္ပဏီ ဥက္ကဋ္ဌ နှင့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခင်ရွှေ အား လိမ်လည်ပြောဆိုမှုဖြင့် မင်္ဂလာဒုံမြို့နယ် တရားရုံး၌ ယနေ့ တရားစွဲဆိုလိုက်ပြီ ဖြစ်သည်။
၂၀၁၁ နိုဝင်ဘာ ၃ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်သည့် အစည်းအဝေး တခုတွင် တွေ့ရသော ဦးခင်ရွှေ (ဓာတ်ပုံ - Reuters)

Facebookပေါ်က အပြောင်းအလဲများ

အရင်တုန်းက facebook ကို တနေ့ကို ၁၂ နာရီ နီးပါးလောက် သုံးနေတတ်တဲ့ ကျမကို ခုတော့ ခင်ပွန်းသည်က   မေးလာခဲ့တယ်။ facebookကို ဘာကြောင့် အရင်တုန်းကလို မသုံးတော့တာလဲတဲ့။

အောင်မင်္ဂလာအဝေးပြေးအတွင်းရှိ လမ်းများအား ပြင်ဆင်ချဲ့ထွင်သွားမည်

၂၀၁၂-၂၀၁၃ ဘဏ္ဍရေးနှစ်တွင်း အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်းရှိ လမ်းများအား   ပြင်ဆင်ချဲ့ထွင်   ခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အောင်မင်္ဂလာယာဉ်ရပ်နားစခန်းရှိ စည်ပင်အခွန်ဌာနခွဲက သိရသည်။ 
 

သက်ကြီးရွယ်အို၊ အလုပ်လက်မဲ့နှင့် အာမခံလုပ်သားများအတွက် လူမှုဖူလုံရေးရရှိစေရန် ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုရန်သာလို

အာမခံအလုပ်သမားများသာမက လူမှုဖူလုံရေးကတ်ပြားကိုင်ဆောင်သူ သက်ကြီးရွယ်အိုများနှင့် အလုပ်လက်မဲ့ များအား လူမှုဖူလုံရေး  စရိတ်ခံစားခွင့်ရစေရန် အက်ဥပဒေသစ်ရေး ဆွဲထားပြီး လာမည့်ပြည်ထောင်စုလွှတ်တော် ကျင်းပချိန်တွင် အတည်ပြုရန်သာ ကျန်ရှိတော့ကြောင်း သိရှိရသည်။
 

လွှတ်တော်တွင်း တခြားပါတီတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမည်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

လွှတ်တော်တွင်း တခြားပါတီတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမည်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော
2012-05-28
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ အတိုက်အခံ ပါတီကြီးတစ်ခု ဖြစ်တဲ့အလျောက် လွှတ်တော်တွင်းက တိုင်းရင်းသားပါတီတွေ၊ အခြား အတိုက်အခံ ပါတီတွေနဲ့ ပူးပေါင်း လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
RFA

နှစ်နိုင်ငံ အကျိုးတူ သဘောတူချက်များ လက်မှတ်ရေးထိုး

နှစ်နိုင်ငံ အကျိုးတူ သဘောတူချက်များ လက်မှတ်ရေးထိုး
2012-05-28
သမ္မတကြီး ဦးသိန်းစိန်နဲ့ အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းတို့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးအတွက် သဘောတူညီချက် ၂ ချက်နဲ့ နားလည်မှု စာချွန်လွှာ ၁၀ ခုကို လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။
AFP

စစ်ပြေးဒုက္ခသည်များ မှတ်ပုံတင် ပြန်ထုတ်ပေး

စစ်ပြေးဒုက္ခသည်များ မှတ်ပုံတင် ပြန်ထုတ်ပေး
2012-05-28
စစ်ကြောင့် ရွာပုန်း၊ ရွာရှောင် ထွက်ပြေးနေရတဲ့ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်က ကရင် စစ်ပြေးဒုက္ခသည်တွေကို လဝက ဝန်ကြီး ဦးခင်ရီ ကိုယ်တိုင် မှတ်ပုံတင် ကတ်ပြားတွေ ဒီကနေ့ ညနေပိုင်းမှာ လာရောက် ပေးအပ်သွားပါတယ်။
RFA

ကချင်ပြည်နယ်အတွင်း တင်းမာမူတွေ ပိုဖြစ်နေ

ကချင်ပြည်နယ်အတွင်း တင်းမာမူတွေ ပိုဖြစ်နေ
2012-05-28
ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ကေအိုင်အေနဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီတွေနဲ့ အလုပ်သမားတွေကို နမ္မတီးဘက်ကို ပြောင်းနေကြဖို့ အာဏာပိုင်တွေက ညွှန်ကြားထားတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
(Photo: Kachin News Group