Wednesday, May 23, 2012

ထိုင်းအကျဉ်းထောင်မှ မြန်မာအလုပ်သမား ၇၀၀ ကျော်ကို နယ်စပ်ပြန်ပို့

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ခွန်ကဲန် ခရိုင် ဗဟိုအကျဉ်းထောင်က မြန်မာ အလုပ်သမားပေါင်း ၇၀၀ ကျော်ကို ကားကြီး ၂၅ စီးလောက်နဲ့ ထိုင်း လူဝင်မှုကြီးကြပ်ရေးဌာနက မေ ၂၂ ရက်နေ့မှာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကို ပြန်ပို့လိုက်ပြီလို့ ရ၀မ်ဖိုင်း ထိုင်းအွန်လိုင်း သတင်းမှာ ဖော်ပြသွား ပါတယ်။

မုံရွာမြို့မှာ လျှပ်စစ်မီးရရှိရေးအတွက် ဘာကြောင့် ဆန္ဒပြရတာလဲ

 စစ်ကိုင်းတိုင်းဒေသကြီးရဲ့ မြို့တော်ဖြစ်တဲ့ မုံရွာမြို့မှာ မေလ ၂၁ရက်နေ့က စတင်ခဲ့တဲ့ လျှပ်စစ်မီးရရှိရေးဆန္ဒပြမှုဟာ မနေ့က မေလ၂၂ရက်နေ့မှာလဲ ဆက်လက်ဖြစ်ပွားခဲ့တာ အားလုံးအသိပဲဖြစ်ပါတယ်။ ဒါပေမယ့်  လျှပ်စစ်မီးရရှိရေးအတွက် ဆန္ဒပြရတယ်လို့ပဲသိထားပြီး တကယ့် အစစ်အမှန်အရင်းအမြစ်ကို ဖော်ပြနိုင်ခြင်းမရှိတဲ့အတွက် မသိကြရပါဘူး။ ဒါကြောင့် မနေ့က မေလ၂၂ရက်နေ့ ည ၉နာရီခန့်မှာ စတင်လှည့်လည်ဆန္ဒပြခဲ့တဲ့ ဆန္ဒပြသူများထဲက ဦးဆောင်လှုပ်ရှားသူများကို မေးမြန်းကြည့်ခဲ့ပါတယ်။

တောက်ထန်ကျေးရွာအတွင်းရှိ အိမ်ခြံဝိုင်းများကို ဖယ်ရှားထွက်ခွာရန် အသိပေးအကြောင်းကြား



ပြီးခဲ့သည့် မတ်လ (၂၇)ရက် နေ့မှစတင်၍နေပြည်တော်ကောင် စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်ပြန်က  ပြေးကျေးရွာအုပ်စု၊ တောက်ထိန် ကျေးရွာအတွင်းရှိ သားစဉ်မြေးဆက်   အစဉ်အဆက်နေထိုင်ခဲ့သော ကျေးရွာသူ/သားများ၏ နေအိမ် ခြံဝိုင်းများကို ကျူးကျော်ဆောက် လုပ်ထားသောနေအိမ်များအဖြစ်  သက်မှတ်ပြီးမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဌာနကဖယ်ရှားခိုင်း ကြောင်း သိရှိရပါသည်။


သတင်းရေးသားသူ ဖော်ထုတ်ရန် လျှောက်ထားမှု The Voice အနိုင်ရ

သုံးပွင့်ဆိုင် စာချုပ်ကို တရားမဝင်ဟု ဆို၍ ဆံပင်တု စက်ရုံအလုပ်သမားများ ထပ်မံအရေးဆို

High-Art စက်ရုံမှ အလုပ်သမားခေါင်းဆောင် မမြနှင်းရီမှထပ်မံဆန္ဒပြရခြင်းအား စာနယ်ဇင်း သမားများကို ရှင်းလင်းနေပုံ
ရန်ကုန်၊ မေ ၂၁
အခြေခံ လုပ်သားများ၏ လုပ်ခလစာတိုးမြှင့်တောင်းဆိုမှုကို ကုမ္ပဏီ အနေဖြင့်လိုက်လျော ပေးမည်မဟုတ်ဟု မှော်ဘီမြို့၊ ရန်ကုန်၊ မေ ၂၂
High-Art (Hi Mo) ဆံပင်တုစက်ရုံတွင် အလုပ်သမားဝန်ကြီး ဌာန၊ အလုပ်ရှင်နှင့် အလုပ်သမား သုံးပွင့်ဆိုင်သဘောတူ ထားသော စာချုပ်ကို အလုပ်ရှင်မှ တရားမဝင် ဟုဆို၍ အလုပ်သမားများထပ်မံ ဆန္ဒဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

Taxi ယာဉ်များ အစီးရေ ၁၅၀ စတင် တင်သွင်း

သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရ အဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ တင်သွင်း ခွင့်ပြု လျက်ရှိတဲ့ Taxi ယာဉ်တင်သွင်းမှုမှာ မေလ(၁၈)ရက်နေ့အထိ ယာဉ်အစီးရေ ၁၅၀စီး
တင်သွင်းပြီး ဖြစ်တယ်လို့ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနက ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒီလို တင်သွင်းမှုမှာ Brand New Sonata ယာဉ်အစီး ၅၀ ကို Firsheries and Marine Pdt 2000 Ltd က တင်သွင်းတာ ဖြစ်ပါတယ်။

မြောင်းတကာ သံရည်ကျိုစက်ရုံ လုပ်သားများ တိုးတောင်းသည့် လစာ မပေးနိုင်ဟု ထုတ်ပြန်

မေလ ၂၁ ရက်နေ့ မွန်းလွဲ ၁နာရီခန့်တွင် Yangon Crown စက်ရုံရှေ့၌ ဆန္ဒဖော်ထုတ်နေသော လုပ်သားများ
ရန်ကုန်၊ မေ ၂၁
အခြေခံ လုပ်သားများ၏ လုပ်ခလစာတိုးမြှင့်တောင်းဆိုမှုကို ကုမ္ပဏီ အနေဖြင့်လိုက်လျော ပေးမည်မဟုတ်ဟု မှော်ဘီမြို့၊ မြောင်းတကာစက်မှုဇုန်ရှိရန်ကုန်သရဖူသံ ရည်ကျိုသံမဏိစက်ရုံမှ ကြေညာချက် ထုတ်ပြန်လိုက်သည်။

ကားတင်သွင်းခွင့်ပြုနောက် တိုးမြင့်လာသည့် ကန်ဒေါ်လာငွေလဲနှုန်း

နိုင်ငံသားတိုင်းအား ကားတင်သွင်းခွင့်ပြုလိုက်ပြီး (၁၀)ရက်တာကာလအတွင်း အမေရိကန်ဒေါ်လာ လဲလှယ်နှုန်း သိသိသာသာမြင့်တက်ခဲ့ကြောင်း ပြည်တွင်းငွေလဲကောင်တာများနှင့်နိုင်ငံခြားငွေရောင်း ဝယ်သည့်ဈေးကွက်အတွင်းက သိရှိရသည်။

လှိုင်သာယာမှ ဆန္ဒပြလုပ်သားများအား အကြမ်းမဖက်ရန် မင်းကိုနိုင်မှာကြား

(၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင်းများက လှိုင်သာယာ ဆန္ဒပြလုပ်သားများရှိရာ စက်ရုံ(၅) ရုံသို့သွားရောက်၍ အလုပ်သမားများအားအကြမ်းမဖက်ရန်နှင့်ဂရုစိုက်ကြရန် မှာကြားခဲ့ကြောင်း ကျောင်းသားခေါင်းဆောင်များထံက သိရသည်။

ပြည်မြို့မှာလည်း လျှပ်စစ်မီးရရှိရေး ဆန္ဒပြ

ပြည်မြို့မှာလည်း လျှပ်စစ်မီးရရှိရေး ဆန္ဒပြ
2012-05-22
ပဲခူးတိုင်း ပြည်မြို့ မှာ မနေ့ ည ရှစ်နာရီခွဲခန့် က ပြည်သူလူထု ၁၀၀ ခန့် က လျှပ်စစ်မီးရရှိရေးအတွက် ဖယောင်းတိုင်များ ထွန်းညှိကာ ချီတက် ဆန္ဒပြကြတယ်လို့ သိရပါတယ်။
(Photo: AFP)
လျှပ်စစ်မီးများ ထိန်ညီးနေသော နေပြည်တော်မြို့သစ်ကို ၂၀၀၈ မတ်လ ၂၇ ရက်နေ့က တွေ့မြင်ရပုံ ဖြစ်ပါသည်။ ရန်ကုန်မြို့ကြီးနှင့်တကွ အခြားမြို့ရွာများတွင် လျှပ်စစ်မီးပုံမှန် မရရှိပါ။ (Photo: AFP)

၂၄နာရီပြည့်ဝစွာ မီးရရှိရေးအတွက် ရန်ကုန်တွင် ပထမဦးဆုံးအကြိမ်ငြိမ်းချမ်းစွာတောင်းဆို

မေလ(၂၂)ရက်နေ့ ည(၇း၀၀)နာရီတွင် ရန်ကုန်မြို့လယ်ရှိ ဆူးလေဘုရားတ၀ိုက်တွင် လူအယောက် ခြောက်ဆယ်ခန့် ၂၄ နာရီ ပြည့်ဝစွာ လျှပ်စစ်မီးရရှိရေးအတွက် ဖယောင်းတိုင်များ ကိုင်ဆောင်ကာ  လမ်းလျှောက် တောင်းဆိုခဲ့ကြောင်း သိရသည်။
 

ရန်ကုန်တွင် လျှပ်စစ်မီးမရ၍ အအေးခန်းစက်ရုံ(၇၀)ကျော် မလည်ပတ်နိုင်

ရန်ကုန်မြို့အတွင်းတွင် လျှပ်စစ်မီးမရရှိမှုကြောင့်  လျှပ်စစ်မီးမရရှိမှုကြောင့် အအေးခန်းစက်ရုံ(၇၀)၀န်းကျင်ခန့် ရပ်နားထားကြောင်း အအေးခန်းစက်ရုံပိုင်ရှင်များထံက သိရသည်။

ထုတ်/တင်စနစ်တွင် ရသစာရေးဆရာများ၏ စာပေဖန်တီးမှုစွမ်းအားမြင့်မားလာနိုင်

ဝတ္ထုများအား ထုတ်/တင်စနစ်သို့ဖြေလျော့ပြောင်းလဲလိုက်ရာတွင် ကမ္ဘာနှင့်ရင်ဘောင်တန်းနိုင်သော စာပေဖန်တီးမှုစွမ်းအားများ ပိုမိုထွက်ပေါ်လာနိုင်ကြောင်း ရသစာရေးဆရာများထံက  ပြောကြားသည်။
 
“အခုစဖွင့်စမှာတော့ ပိတ်ဆို့နေတဲ့မြောင်းကြီးဖွင့်လိုက်သလို အမှိုက်သရိုက်စာပေတွေလည်း ပါလာနိုင်တယ်။ တဖြည်းဖြည်းနဲ့သန့်စင်သွားမှာပါ။ အဲဒီအခါ ကမ္ဘာနဲ့ရင်ဘောင်တန်းနိုင်တဲ့ စာပေဖန်တီးနိုင်စွမ်းတွေ ပိုထွက် လာနိုင်ပါတယ်။” ဟု ဆရာနွမ်ဂျာသိုင်းကပြောသည်။
 

Flower News Journal အတွဲ(၈) အမှတ်(၁၈)

Flower News Journal အတွဲ(၈) အမှတ်(၁၈)

နိုင်ငံတော်သမ္မတဦးသိန်းစိန် အာဆီယံနိုင်ငံ ရဲချုပ်များနှင့် ဆွေးနွေး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်အားယနေ့ မွန်းလွဲ (၂) နာရီတွင် နေပြည်တော်၌ ကျင်းပနေသည့် (၃၂)ကြိမ်မြောက် အာဆီယံရဲအဖွဲ့ ရဲချုပ်များ အစည်းအဝေး(နေပြည်တော် ​- မေ ၂၂)