![]() |
| တိုယိုတာ ဘိုရှိုကူ (Toyota Boshoku) ၏ ကားအစိတ်အပိုင်း မြင်ကွင်းပြပုံ |
Wednesday, May 23, 2012
တိုယိုတာကား အစိတ်အပိုင်းစက်ရုံ မြန်မာနိုင်ငံတွင် တည်ဆောက်ရန် စဉ်းစားပြီ
ဒဂုံမြောက်တွင် တန်ဖိုး နည်းအိမ်ရာလာမည်
ဒဂုံမြောက်မြို့နယ်တွင် တန်ဖိုး နည်းအိမ်ရာများ တည်ဆောက်မည့် စီမံကိန်းကို
မြို့တော်စည်ပင်က ပထမဆုံးအကြိမ် စတင်အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်
ကြောင်း ရန်ကုန်မြို့ တော်စည်ပင် သာယာရေး ကော်မတီ အတွင်းရေးမှူး
ဦးကျော်စိုး ကထုတ်ဖော် ပြောကြား သည်။
မှားယွင်းဖမ်းဆီးထားသော ဆက်သွယ်ရေးဝန်ထမ်းအား ပြန်လွှတ်ပေးစေလို
ဟင်္သာတမြို့မှာ ၆-၃-၂၀၁၂ ရက်နေ့က မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာဗုံးကွဲမှုနှင့်
ဟင်္သာတဆက်သွယ်ရေးရုံး အတွင်း ဗုံးတွေ့ရှိမှုတို့ကြောင့် မြန်မာ့ဆက်သွယ်ရေး
လုပ်ငန်း၊ အော်တိုရေဒီယိုတယ်လီဖုန်းဌာန၊ ဟင်္သာတမြို့ မှ ၀န်ထမ်းတစ်ဦးအား
မသင်္ကာမှုနှင့် ဖမ်းဆီးခဲ့ပါသည်။ ၄င်းဝန်ထမ်း၏ ဇနီးသည် (အိတ်ချိန်းဝန်ထမ်း)
ကိုလည်း ရဲစခန်းတွင် (၃)ညအိပ် (၄)ရက် ခေါ်ထားသေးပါတယ်။ မသိနားမလည်
သေးသော သမီးငယ်(၂)ယောက်ကိုလည်း ည (၁၁) နာရီလောက် ၄င်းဝန်ထမ်း
ဖမ်းဆီးထားသော ဆည်မြောင်းရိပ်သာသို့ ခေါ်ဆောင်လာပြီး ကြည့်ခိုင်းခဲ့ပါတယ်။
ဒီလောက်ရက်စက်ယုတ်မှာတဲ့ ရဲများ ကို တစ်မြို့လုံးက အံ့သြလို့ မဆုံးဖြစ်ခဲ့ရပါတယ်။
ယခုအခါ ဗုံးခွဲခဲ့သော တရားခံအား ဖမ်းဆီးနိုင်ခဲ့ပြီလို့ နိုင်ငံပိုင် သတင်းစာများတွင်

လျှပ်စစ်မီးရရှိရေးအတွက် ရန်ကုန်လူထု ပထမနေ့အဖြစ် ဆန္ဒပြ
ရန်ကုန်မြို့တော် လျှပ်စစ်မီးအပြည့်အ၀ရရှိရေးအတွက် ပြည်သူများမှ
ဖယောင်းတိုင်ကိုယ်စီကိုင်ကာ လမ်းပေါ်ထွက်၍ ဆန္ဒဖော်ထုတ်တောင်းဆိုမှုတစ်ရပ်ကို
မေလ ၂၂ ရက် ည ၇ နာရီမှ စတင်ကာ ၉ နာရီခန့်အထိ လူပေါင်း ၂၀၀ ကျော်ခန့်
ဆူးလေဘုရားတ၀ိုက်လှည့်လည်ပြုလုပ်ခဲ့ကြသည်။
မုံရွာလျှပ်စစ်မီးရရှိရေး ဒုတိယနေ့ ဖယောင်းတိုင်မီးထွန်း ဆန္ဒပြ
နယူးဒေလီ (မဇ္ဈိမ) ။ ။ မုံရွာမြို့ခံလူငယ်များက ဦးဆောင်ကာ
လျှပ်စစ်မီး ပုံမှန်ရရှိရေး ဖယောင်းတိုင်မီး ထွန်းညှိ ဆန္ဒပြခြင်းကို မေလ
(၂၂) ရက်နေ့ တွင် ဒုတိယနေ့အဖြစ် ည (၈) နာရီခန့်မှစတင်ကာ အသံတိတ်
ငြိမ်းချမ်းစွာ ဆန္ဒပြ လမ်းလျှောက် ချီတက်ခဲ့ကြကြောင်း ဆန္ဒပြပွဲတွင် ပါဝင်သူ
မုံရွာမြိုခံ ကိုရဲရင့်ကျော်က ပြောသည်။မြန်မာအလုပ်သမားသမဂ္ဂ ဘုရားသုံးဆူတွင် ဖွဲ့စည်း
စံခလပူရီ (မဇ္ဈိမ) ။ ။ ထိုင်းနိုင်ငံသား အလုပ်သမားများကဲ့သို့ တန်းတူ
အခွင့်အရေး ရရှိရေး စသည့် ရည်ရွယ်ချက် များဖြင့် ထိုင်း-မြန်မာ နယ်စပ်
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့တွင် အင်္ဂါနေ့က
အထည်အလိပ်နှင့် သားရေအလုပ်သမား သမဂ္ဂကို ဖွဲ့စည်းလိုက်ပြီး၊ ယခုလအတွင်း
မှတ်ပုံတင်သွားမည် ဖြစ်ကြောင်း သမဂ္ဂ ဥက္ကဋ္ဌ ထံမှ သိရသည်။
“နတ်ကာ ရေလှောင်တမံ ” စီမံကိန်းမှ ဒေသခံတောင်သူများ၏ လယ်မြေများကို အတင်းအဓ္ဓမတူးယူနေ
မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ယင်းတော်ကန် အနီး ဒဟတ်ကုန်း
ကျေးရွာအုပ်စုအတွင်းရှိ ကန်ဖျား (၅ )ရွာဖြစ်သော( ဒဟတ်ကုန်း ၊ စည်ပင်သာ ၊
ကန်ဖျား ၊ ကန်စွယ် ၊ ကျောင်းရွာ ) ရွာတို့တွင် ဆင်းရဲသား တောင်သူလယ်သမားများ
ပိုင်ဆိုင်သော လယ်ယာမြေများအတွင်းမှ စိုက်ပျိုးလယ်ယာမြေများကိုမြေတူးယာဉ်
ကြီးများဖြင့် အတင်းအဓ္ဓမ တူးဆွ သယ်ယူလျှက်ရှိပါသည် ။

ရန်ကုန် မြို့ တော်ခန်းမရှေ့ တွင် လုံခြုံရေးအဖွဲ့ များ နေရာယူထား
ရန်ကုန်မြို့ တော်ခန်းမရှေ့ တွင် နေရာယူထားသော လုံခြုံရေးအဖွဲ့ များ (ဓါတ်ပုံ-7Day News Journal)![]() |
မန္တလေးတွင် ဆန္ဒဆက်ပြပါက ဖမ်းဆီးအရေးယူတော့မည်
![]() |
| လျှပ်စစ်မီးရရှိရေးဆန္ဒပြကြတဲ့ မန္တလေးပြည်သူများ(ဓါတ်ပုံ-အောင်ရှင် - ဖေ့စ်ဘုတ်) |
လျှပ်စစ်မီးများ မကြာခဏပြတ်တောက်သဖြင့် မြို့သူ၊ မြို့သားများ နှစ်ရက်ဆက်တိုက် ငြိမ်းချမ်းစွာ ဆန္ဒပြလျက်ရှိသော မန္တလေးမြို့တော်တွင် မေလ ၂၂ ရက်(ယနေ့)တွင် ဆန္ဒဆက်ပြပါက တရားဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုးက The Voice Weekly သို့ ပြောကြားသည်။
ဆန္ဒပြနေတဲ့ သံမဏိစက်ရုံ အလုပ်သမားတွေကို ရွှေည၀ါဆရာတော် သွားရောက်အားပေး
ရန်ကုန်တိုင်း မှော်ဘီ၊ မြောင်းတကာ
စက်မှုဇုံ၊ Crown Steel Industry စက်ရုံ အလုပ်သမားများ ဆန္ဒပြမှုကို ရွှေည၀ါ
ဆရာတော်က ကြားဝင် စေ့စပ်ညှိနှိုင်းရန် အလုပ်ရှင်နှင့်
တွေ့ဆုံဆွေးနွေးခွင့်တောင်းခဲ့ရာ အလုပ်ရှင်ဘက်မှ
ငြင်းဆိုလိုက်ကြောင်းသိရပါတယ်။
![]() |
| YANGON CROWN စက်ရှုံဆန္ဒပြအလုပ်သမားများအ |
Subscribe to:
Posts (Atom)