Sunday, May 20, 2012

မန်း/စည်ပင်အတွင်းရေးမှူးသား ထိုးကြိတ်မှု ဖြစ်ရပ်မှန်

သစ်ထူးလွင်မှာတင်ထားတဲ့ သတင်းနဲ့ပတ်သတ်ပြီး အားလုံးကလဲသိချင်ကြမယ်ထင်တဲ့ အမှန်တကယ်ဖြစ်ခဲ့တဲ့အကြောင်းအရာတစ်ခုကိုပြောပြချင်ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း လန်ဒန်ရောက်

ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း နဲ့ ဘီဘီစီ မေးမြန်းခန်း

ဉရောပ နိုင်ငံတွေရှိ အနောက်တိုင်း ပါလီမန် တွေ လေ့လာရအောင် လန်ဒန်မြို့ကို ရောက်လာတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌ  သူရ ဦးရွှေမန်း က ဘီဘီစီ မြန်မာ ဌာန ကိုသီးသန့် တွေ့ဆုံ မေးမြန်းခွင့် ပေးရာမှာ အနောက်တိုင်း ပါလီမန် တွေနဲ့ မြန်မာ နိုင်ငံက ပြည်သူ့လွှတ်တော် ကို နှိုင်းယှဉ် ပြတဲ့ အချက်တွေ ရှင်းပြ သွားပါတယ်။

မင်္ဂလာဒုံ ADK အထည်ချုပ် လုပ်သားများ အခွင့်အရေး တောင်းဆို

ရန်ကုန်၊ မေ ၁၉

လုပ်ခလစာ ပြသနာဖြင့် ဆန္ဒပြမှုများ ဆက်တိုက် ဖြစ်ပေါ်နေသော ရန်ကုန်မြို့တော် မင်္ဂလာဒုံ စက်မှုဇုန်ရှိ A Dream of Kindness အထည်ချုပ် စက်ရုံတွင် လုပ်ခလစာ တိုးမြင့်ပေးရန်၊ အလုပ်သမား အခွင့်အရေးများ တောင်းဆိုနေကြကြောင်း အဆိုပါစက်ရုံ အလုပ်သမားများက ပြောကြားသည်။

ဗိုလ်ချုပ်မှုးကြီးရဟတ်ယာဥရပ်ရန်အသုံးပြုခံခဲ့ရသည့် လယ်ယာမြေများလျော်ကြေးမရသေး

မန္တလေး မေ(၁၉)ရက်
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် မင်းစုကျေးရွာတွင် ၂၀၁၀ ခုနှစ်ဧပြီလက ဗိုလ်ချုပ်မှူးကြီးသန်းရွှေလာရောက်စဉ် ရဟတ်ယာဉ်ရပ်နားရန် ခေတ္တအသုံးပြုခဲ့သာ လယ်ယာမြေ ၀.၄၃ဧက အတွက် လျော်ကြေးမရရှိသေးကြောင်း သတင်းရရှိသည်။

မနန်းဝိုးဖန်၏ ဂျပန်နိုင်ငံသားခင်ပွန်းကို စသုံးလုံးမှ ဖမ်းဆီး

မေလ ၁၉ ရက်၊ ၂၀၁၂ ခုနှစ်
ကျော်စိုးလင်း-အိမ့်ခိုင်ဦး (YPI)

လွန်ခဲ့သည့် မတ်လ ၂၄ ရက်နေ့က စသုံးလုံးရုံး ငါးထပ်မှ ပြုတ်ကျသေဆုံးခဲ့ရသည့် မနန်းဝိုးဖန်၏ ခင်ပွန်း ဂျပန်နိုင်ငံသား မစ္စတာနာမာဆဲကို ၁၉၅၀ ခုနှစ်အရေးပေါ် အက်ဥပဒေပုဒ်မ ၅ (ဇ) ဖြင့် စွဲဆိုကာ ဖမ်းဆီးလိုက်သည်ဟု သိရှိရသည်။

စစ်တွေ- ရန်ကုန်သွား ဘတ်စ်ကားများ သတ်မှတ် ခရီးသည်များထက် ပိုတင်မူကြောင့် အန္တရာယ် ကြုံတွေ့ရနိုင်

ထွန်းထွန်း
----------
စစ်တွေမှ ရန်ကုန်သို့သွားသည့် ဘတ်စ်ကားများသည် စည်းကမ်းမလိုက်နာဘဲ သတ်မှတ် ခရီးသည် အရေအတွက်ထက် ကျော်လွန်ပြီး လူပိုတင်နေမူကြောင့် အန္တရာယ် ကျရောက်ရန် အခြေအနေနှင့် အချိန်မရွေး ကြုံတွေ့ ရနိုင်ကြောင်း ခရီးသည်များက နိရဉ္စရာသို့ ထုတ်ဖေါ် ပြောကြားသည်။


 ရန်ကုန်သွား ရခိုင်က ဘတ်စ်ကား တစ်စီး ရခိုင်ဘက်တွင် မောင်းနှင် နေစဉ်။

ဇာတ်သဘင်မျိုးဆက်များ လက်ဆင့်ကမ်းခဲ့သူ

ဇာတ်သဘင်မျိုးဆက်များ လက်ဆင့်ကမ်းခဲ့သူ
ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
မေ ၁၉၊ ၂၀၁၂
စိန်မာဒင်အမည်ဖြင့် တခေတ်တခါက လူကြိုက်များခဲ့ပြီး မြန်မာနိုင်ငံသဘင်ပညာရှင်များ အစည်းအရုံး (ဗဟို) ၏ ဥက္ကဋ္ဌဖြစ်သူ ဦးစိန်မာဒင် အသက် (၇၉) နှစ်သည် ၁၃.၅.၂၀၁၂ ရက်နေ့ နံနက် (၇း ၄၅) နာရီအချိန်တွင် သုခကမ္ဘာအထူးကုဆေးရုံကြီး၌ အစာအိမ်၊ အူလမ်းကြောင်းနှင့် ကျောက်ကပ်ရောဂါဖြင့် ကွယ်လွန်သွားခဲ့ရာ နာရေးကူညီမှုအသင်း (ရန်ကုန်) မှ သွားရောက်၍ ကျန်ရစ်သောရုပ်ခန္ဓာအား

နိုင်ငံရေးကျိန်စာသင့်နေတဲ့ ဖားကန့်နယ်မြေ


– နိုင်ငံရေးကျိန်စာသင့်နေတဲ့ ဖားကန့်နယ်မြေ
မိုးမခမိတ်ဆွေတဦး (ခေတ္တဖားကန့်)။ မေ ၁၉ ၊ ၂၀၁၂

ကားတင်သွင်းရန် ဘဏ်စာရင်းဖွင့်သူများပြား

ကားတင်သွင်းရန်အတွက် မြန်မာ့ နိုင်ငံခြား ကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေး ဘဏ်တို့တွင် နိုင်ငံခြားငွေ စာရင်းသစ် လက်ခံဖွင့်လှစ်ပေးလျက်ရှိရာ ယခုရက်ပိုင်းအတွင်း ငွေစာရင်းသစ် ဖွင့်လှစ်သူများပြားလျက် ရှိသည်။
ကားတင်သွင်းရန်အတွက် နိုင်ငံခြားငွေ စာရင်းသစ် လက်ခံဖွင့်လှစ်ပေးလျက်ရှိရာ ငွေစာရင်းသစ် ဖွင့်လှစ်သူများပြား (ဓာတ်ပုံ-ဧရာဝတီ)

ရှမ်းလမ်းဈေးမီးလောင်မှုမှာ ရှို့မီးမဟုတ်ကြောင်း တိုင်းမီးသတ်ဦးစီးမှူးးပြောကြား

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ရှမ်းလမ်းတွင် လောင်ကျွမ်းခဲ့သော ဆိုင်ခန်းပေါင်း(၃၁၈)ခန်းရှိသော ရှမ်းလမ်း(ဂွ)ဈေး မီးလောင်ကျွမ်းမှုမှာ ရှို့မီးမပာုတ်ဘဲ သာမာန်ပေါ့ဆမီးသာဖြစ်ကြောင်း ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနမှ တိုင်းဦးစီးမှူးးထံက သိရသည်။

ဟိုက်မိုဆံပင်တုစက်ရုံလုပ်သားများ စာချုပ်ချိုးဖောက်ခံရမှု့အတွက် ဆက်လက်ဆန္ဒပြမည်

လှိုင်သာယာစက်မှုဇုန် Hi-Art ကုမ္ပဏီ ဟိုက်မိုဆံပင်တုစက်ရုံမှ အလုပ်သမားသည် အလုပ်ရှင်ဘက်က စာချုပ်ချိုးဖောက် ခဲ့သည့်အတွက် ယနေ့ မေ(၁၉)ရက် နေ့တွင် နေ့တစ်ဝက်ဆန္ဒပြခဲ့ပြီး မေလ(၂၁)ရက် နေ့တွင်လည်း  ဆက်လက် ဆန္ဒပြတောင်းဆိုသွားမည် ဖြစ်သည်။

လက်ကျန်ဆန်ဟောင်းများကြောင့် နယ်မြို့များတွင် ဆန်ဈေးတက်နေ

နေခြင်းကြောင့် နယ်မြို့များတွင် ဆန်းဈေးမြင့်တက်လျက်ရှိကြောင်း သိရှိ ရသည်။
 
“ဆန်သစ်တွေလည်း ၀င်တယ်။ ဒါပေမယ့် ဆန်အဟောင်းလက်ကျန်တွေပါ ဆက်တိုက်ဝင် နေသေး တော့  ဆန်ဈေးက ချရောင်းလို့ မရသေးဘူး။ ချလိုက်ရင် အရင်ဝယ်ထားတဲ့ ဆန်လက်ကျန်တွေ အတွက် အရင်းတောင် ပြန်ရမှာ မဟုတ်ပါဘူး”ဟု ပခုက္ကူမြို့မှ ဒေသခံ ဆန်ရောင်းဝယ်ရေးသမား တစ်ဦးဖြစ်သူ ဦးမျိုးမြင့်က ပြောသည်။

တရုတ်ပြည်သို့ နွားခိုးသွင်းသည်ဟု ယူဆရသူများနှင့်ကွဲ/နွားများအား နောင်ချိုမြို့နယ်တွင် ဖမ်းဆီးမိ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ ဆမ္မဆယ်ကျေးရွာအနီးတွင် တရုတ်ပြည်အတွင်းသို့ နွားခိုးသွင်း နေသည်ဟု ယူဆရသူများနှင့် နွားများအာ  ပြည်သူ့စစ်နှင့်ဒေသခံများက ဖမ်ဆီးမိခဲ့သည်။
 

မတ္တရာမြို့နယ်က သိမ်းဆည်းခံ လယ်မြေဧကတစ်ထောင်ကျော်အတွက် သမ္မတထံတိုင်ကြားမည်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ စလေကျေးရွာတွင် ၁၉၉၂ခုနှစ်က တ.စ.က.(၂)မှ သိမ်းဆည်းထားသော လယ်ယာမြေဧက တစ်ထောင်ကျော်အား ပြန်လည်ရရှိရေးအတွက် ဒေသခံများက နိုင်ငံတော်သမ္မတထံ တိုင်ကြားသွားမည်ဖြစ်ကြောင်း သိရှိရသည်။
 

ရန်ကုန်တက္ကသိုလ် ဂုဏ်သိက္ခာ ပြန်လည်တည်ဆောက်ရေး သမ္မတ အကြံပေးရဲ့ အိတ်ဖွင့်ပေးစာ

ရန်ကုန်တက္ကသိုလ် ဂုဏ်သိက္ခာ ပြန်လည်တည်ဆောက်ရေး သမ္မတ အကြံပေးရဲ့ အိတ်ဖွင့်ပေးစာ
2012-05-19
ရန်ကုန်တက္ကသိုလ်ရဲ့ အစဉ်အလာ ဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်ရေး အတွက် Myanmar Development Resource Institute- MDRI မြန်မာ့ဖွံ့ဖြိုး တိုးတက်ရေး အရင်းအမြစ် အဖွဲ့အစည်း ခေါင်းဆောင်လည်းဖြစ် နိုင်ငံတော် သမ္မတရဲ့စီးပွားရေး အကြံပေးလည်း ဖြစ်တဲ့ ဦးမြင့်က ပြည်သူသို့ အိတ်ဖွင့်ပေးစာ တစ်စောင် ဒီနေ့ ဖြန့်ချိလိုက်ပါတယ်။
Courtesy of Mizzima