Sunday, May 20, 2012

ရှမ်းလမ်းဈေးမီးလောင်မှုမှာ ရှို့မီးမဟုတ်ကြောင်း တိုင်းမီးသတ်ဦးစီးမှူးးပြောကြား

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ရှမ်းလမ်းတွင် လောင်ကျွမ်းခဲ့သော ဆိုင်ခန်းပေါင်း(၃၁၈)ခန်းရှိသော ရှမ်းလမ်း(ဂွ)ဈေး မီးလောင်ကျွမ်းမှုမှာ ရှို့မီးမပာုတ်ဘဲ သာမာန်ပေါ့ဆမီးသာဖြစ်ကြောင်း ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနမှ တိုင်းဦးစီးမှူးးထံက သိရသည်။

 
“စမ်းချောင်းဂွဈေး မီးလောင်မှုပာာ သာမာန်မီးလောင်မှုတစ်ခုဘဲဖြစ်ပါတယ်။ ရှိ့မီးမပာုတ်ပါဘူး။”ပာု ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနမှ တိုင်းဦးစီးမှုးက ပြောသည်။
 
အဆိုပါ ဂွဈေးမီးလောင်ကျွမ်းမှုမှာ မေလ(၁၈)ရက်နေ့နံနက်(၁)နာရီကျော်မှစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး နံနက်(၄)နာရီကျော်မှ မီးညွှန့်ကျိုးခဲ့ကြောင်း (၃)နာရီကျော်ကြာလောင်ကျွမ်းခဲ့ကြောင်း မီးသွားရောက်ငြိမ်းသတ် ခဲ့စဉ်က ပါဝင်ခဲ့သောစမ်းချောင်းမီးသတ်မှ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးထံက သိရသည်။
 
“မီးလောင် ကျွမ်းမှုဟာ ရှမ်းလမ်းဈေး အတွင်းရှိ (ဃ) ရုံ ဈေးတန်း ဆိုင်ခန်း အမှတ် (၁)မှာ လေးပေမီးချောင်း မီးထွန်းထားရာက အပူလွန်ကဲပြီး လောင်ကျွမ်းခြင်း ဖြစ်ပါတယ်”ပာု ၄င်းကပြောသည်။
 
ထိုသိုမီးသတ်ဦးဌာနမှ သတင်းထုတ်ပြန်ထားသော်လည်း စမ်းချောင်းမြို့နယ်မှ ဂွဈေးအနီး၌ နေထိုင်ကြသော သူများဝန်းကျင်၌ အဖွဲ့အစည်းတစ်ခုတစ်ခုမှ လာရောက်ကြံစည်ခြင်းဖြစ်ကြောင်း ကောလပာာလသတင်းများ ပျံနှံလျက်ရှိသည်။
 
“မီးမလောင်ခင်က ဗပိာုလမ်းနဲ့ မကြီးကြီးလမ်းထောင့် နားမှာလူသံတွေဆူညံနေတာ ကြားရတယ်။ နောက်နာရီ ၀က်လောက် ကြာတော့ မီးလောင်နေတယ်ဆိုတဲ့ အော်သံကိုစပြီးကြားရတာပဲ”ပာု မကြီးကြီးလမ်းတွင် နေထိုင် သော ကိုဖြိုးသူရကပြောသည်။
 
အဆိုပါ မေလ(၁၉)ရက်နေကလောင်ကျွမ်းခဲ့သော ဂွဈေး(ခေါ်)ရှမ်းလမ်းဈေးသည် လွန်ခဲ့သောခြောက်လခန့်က (၈)ထပ်ဈေး    ဆာက်လုပ် မည်ပာု သတင်းများထွပ်ပေါ်ခဲ့ကြောင်းသိရသည်။
 
အထက်ပါ ရှိ့မီးပာုသတင်းထွက်ပေါ်မှုများနှင်ပတ်သတ်၍ အောက်မြန်မာပြည် မီသတ်ဦးစီးဌာနမှ အငြိမ်းစား ညွန်ကြားရေးမှူး ဦးဇော်ဝင်းက ယခုကဲ့သို့ဆိုသည်။
 
 “မြန်မာနိုင်ငံမှာရှိ့မီးဆိုတာက မရှိသလောက်နည်းပါတယ်။ ပေါ့ဆမီး(၉၇)ရာခိုင်နှုန်းရှိတယ် ဆိုရင်ရှိ့မီးက သုံးရာခိုင်နှုန်းဘဲရှိတယ်” ပာု ၄င်းက သုံးသပ်ပြောဆိုသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။