Sunday, May 20, 2012

နိုင်ငံတော် သမ္မတကြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်

နိုင်ငံတော် သမ္မတကြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်နေပြီ ဖြစ်ကြောင်း  ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားလိုက်သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီအဖွဲ့ နှင့် ရှမ်းပြည်ပြန်လည်တည်ဆောက်ရေး ကော်မတီ RCSS/SSA အဖွဲ့တို့ ဂုဏ်ပြုညစာ စားပွဲ အပြီးတွင် ယခုလိုပြောကြားလိုက်ခြင်း ဖြစ်သည်။ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက “နိုင်ငံတော် သမ္မတကြီး အပူရှပ်သွားတာပါ ၊ အခုချိန်မှာ ရာသီဥတုက အရမ်းပူတော့ အပူရှပ်သွားတာပါ အခုတော့ ပြန်သက်သာသွားပါပြီ” ဟု သတင်းထောက်များက နိုင်ငံတော်သမ္မတကြီး၏ ကျန်းမာရေး အခြေအနေမေးမြန်း ချက်ကို ယခုကဲ့သို့  ပြန်လည်  ဖြေကြားခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။