Wednesday, May 16, 2012

မအီ EPC ကို မကျေနပ်၍ လူ ၇၀ ချီတက် တောင်းဆို ဆန္ဒပြ

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်အတွင်းရှိ မအီမြို့နယ်ခွဲတွင် EPC လျှပ်စစ်ဌာနကို မကျေနပ်၍ လူပေါင်း ၇၀ ခန့်က မေလ ၁၂ ရက်နေ့တွင် ချီတက် တောင်းဆို ဆန္ဒပြ ခဲ့ကြသည်ဟု သတင်း ရရှိသည်။
မအီ EPC ကို မကျေနပ်၍ လူ ၇၀ ချီတက် တောင်းဆို ဆန္ဒပြ

သေမင်းတမန်ရထားလမ်း ပြန်ဖောက်လုပ်မည်ဟုဝန်ကြီးဦးအောင်မင်းပြော

ဒုတိယကမ္ဘာစစ်က ဖေါက်လုပ်ခဲ့သော ဘုရားသုံးဆူ-သံဖြူဇရပ် မီးရထားလမ်းကို ပြန်လည်ဖေါက်လုပ်တော့ မည်ဟု ပြည်ထောင်စု ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း ဘုရားသုံးဆူမြို့သို့ ယနေ့တွင်ရောက်ရှိစဉ် မိန့်ခွန်းတရပ်၌ ထည့်သွင်းပြောကြားခဲ့သည်။

မီးရထား ဝန် ဦးအောင်မင်း
မီးရထား ဝန် ဦးအောင်မင်း

KIO နဲ့ တပ်သားသစ် စုဆောင်းရေး

အစိုးရတပ်နဲ့ ကချင်ပြည် လွတ်လပ်ရေး တပ်မတော် KIA တပ်ဖွဲ့တို့ (၁၇) နှစ်တာ အပစ်အခတ် ရပ်စဲခဲ့ပြီး တိုက်ပွဲတွေ ပြန်ဖြစ်လာတာ အချိန် တနှစ်နီးပါး ကြာမြင့်ခဲ့ပါပြီ။ အခုလို အခြေအနေမှာ KIA က အင်အားသစ် စုဆောင်းနေတယ်ဆိုတဲ့ သတင်းတွေ ဒေသထဲမှာ ထွက်ပေါ်နေခဲ့ပါတယ်။
nmg-kachin-army
မေလဆန်းပိုင်းကစလို့ ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်အတွင်းက ကျေးရွာတွေမှာ စုဆောင်းနေကြ ပြီးတော့ ကြမ်းတမ်းတဲ့ အပြုအမူတွေ လုပ်ဆောင်ခဲ့ကြတယ်လို့လည်း ဒေသခံတွေက ပြောဆိုကြပါတယ်။ 

ကချင် စစ်ရှောင်စခန်းရှိ ကလေးငယ်များ ပညာသင်ရေး အခက်အခဲရှိနေ

ကချင်ပြည်နယ် မန့်ဝိုင်းကြီး စစ်ဘေးရှောင်စခန်း အနီးတစ်ဝိုက်မှလွဲ၍ ဝေးကွာသည့်နေရာများရှိ ကလေးငယ်များမှာ စာသင်ကြားခွင့် အခက်အခဲရှိနေကြသည်ဟု အကူ အညီ သွားရောက်ပေးအပ် နေကြသူအဖွဲ့များထံမှ သိရသည်။
ကချင်ပြည်နယ်တွင်း၌ ပြီးခဲ့သည့်နှစ် ဇွန်လမှစ၍ အစိုးရတပ်နှင့် ကေအိုင်အိုကြား ပဋိပက္ခများကြောင့် စစ်ဘေးရှောင်စခန်းများသို့ ရောက်ရှိနေသော ကလေးငယ် ၁ဝဝဝ ကျော်ထဲမှ အများစုမှာ ထိုကဲ့သို့ အခက်အခဲများရှိနေကြသည်ဟု မန့် ဝိုင်းကြီးစခန်းမှ ပြန်ရောက်လာသူ ဦးဘိုဘိုက ပြောသည်။

စစ်ဘေးဒုက္ခသည်များ လူကုန်ကူးသူတို့၏ ပစ်မှတ်ဖြစ်လာ

ရန်ကုန်၊ မေ ၁၅
 ပြည်တွင်းစစ်မီးကြောင့် စစ်ရှောင်စခန်းများတွင် ထွက်ပြေးတိမ်းရှောင်နေသူများအား ခေါင်း  ပုံဖြတ် အမြတ်ထုတ်၍ လူကုန်ကူးမှုများ ပြုလုပ်ရန် ကြိုးပမ်းမှုများရှိ လာကြောင်း သိရသည်။

လေးလအတွင်း ဖုန်းဖြင့် လူကုန်ကူး တိုင်ကြားမှု ၃ဝဝ ကျော် ရှိ

(ရန်ကုန်၊ မေ ၁၄)
ယခုနှစ် လေးလတာ ကာလအတွင်း လူကုန်ကူးမှု ကာကွယ်တားဆီးရေး ဗဟိုအဖွဲ့သို့ တိုင်ကြားခဲ့သည့် လူကုန်ကူးမှု အမှုပေါင်း သုံးရာကျော် အနက် တိကျစွာ သတင်းပေး တိုင်ကြားမှု အလွန်နည်းကြောင်း လူကုန်ကူးမှု ကာကွယ် တားဆီးရေး ဗဟိုအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြန်မာ့ဆက်သွယ်ရေးဂြိုဟ်တု ၂ဝ၁၅ တွင် လွှတ်တင်ရန် တရုတ်၊ အီးယူတို့နှင့် ဆွေးနွေးနေ

ရန်ကုန်၊ မေ ၁၄
 ဆက်သွယ်ရေးဂြိုဟ်တု လွှတ်တင်ရန်အတွက် တရုတ်၊ အီးယူတို့နှင့် စတင် ဆွေးနွေးမှုများ ပြုလုပ်နေပြီဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

မန္တလေး တိရစ္ဆာန်ဥယျာဉ် ၀င်ကြေးတိုးမြှင့်၍ လာရောက်သူနည်းပါး

မန္တလေး တိရစ္ဆာန်ဥယျာဉ် ၀င်ကြေးတိုးမြှင့်၍ လာရောက်သူနည်းပါး

မန္တလေး ရတနာပုံ တိရစ္ဆာန်ဥယျာဉ် ၀င်ကြေးများ နှစ်ဆခန့် တိုးမြှင့်လိုက်မှုကြောင့် ဒေသခံများ လာရောက်ကြည့်ရှု အပန်းဖြေခြင်း နည်းပါးသွားကြောင်း သိရသည်။ ဧပြီလမှစတင်ပြီး ၀င်ကြေးများမှာ လူကြီးတဦး ၁၀၀၀ ကျပ်နှင့် ကလေးတဦး ကျပ် ၅၀၀ ပေး ရကြောင်း၊ ယခင်က လူကြီး တဦး ကျပ် ၅၀၀ ၊ ကလေး တဦး ကျပ် ၂၀၀ ကောက်ခံခြင်းဖြစ်ပြီး အစိုးရပိုင် ဖြစ်ကြောင်း၊ ၂၀၁၀ ပြည့် နှစ်တွင် ထူး ကုမ္ပဏီသို့ လွှဲပြောင်းခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ ၀င်ကြေးများကို တိုးမြှင့် ကောက်ယူခြင်း ဖြစ်ကြောင်း မန္တလေးဒေသခံ တဦးက ပြောပြသည်။

ကြံ့ခိုင်ရေး ရုံးနှင့် အုပ်ချုပ်ရေးမှူးရုံး ဗုံးခွဲသူ ABSDF အဖွဲ့ဝင်ဟု ဆို

ကြံ့ခိုင်ရေး ရုံးနှင့် အုပ်ချုပ်ရေးမှူးရုံး ဗုံးခွဲသူ ABSDF အဖွဲ့ဝင်ဟု ဆို

ဧရာဝတီတိုင်း မြန်အောင်မြို့ ကြံ့ခိုင်ရေး ပါတီရုံးနှင့် ဟင်္သာတမြို့ အုပ်ချုပ်ရေးမှူးရုံး များကို ဖောက်ခွဲရေးပြုလုပ်သူသည် မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF) အဖွဲ့ဝင် ဖြစ်ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများက ရေး သား သည်။ ၂၀၁၁ ခု နိုဝင်ဘာ ၂၀ ရက် မြန်အောင်မြို့နှင့် ၂၀၁၂ ခု မတ်လ ၆ ရက် ဟင်္သာတမြို့များ၌ ဖောက်ခွဲမှုများပြုလုပ်သူ ABSDF မှ ကိုသန်းကိုဦး ခေါ် ကိုမင်းဇော်ကို မေလ ၁၁ ရက်နေ့က ထိုင်းနိုင်ငံ မဲဆောက်မြို့မှ ဖမ်းဆီးရမိခဲ့သည်ဟု သတင်းစာများက ဓာတ်ပုံ နှင့်အတူ ဖော်ပြထားသည်။

ကျန်ရှိ စာနယ်ဇင်း ၃ မျိုး စိစစ်မှုဖျက်သိမ်းမည်

စာပေစိစစ်ရေးသို့ မူကြမ်းတင်ပြနေရဆဲဖြစ်သည့် သတင်းဂျာနယ်၊ နိုင်ငံရေးနှင့် ဘာသာရေး စာနယ်ဇင်းအမျိုးအစားများ စိစစ်မှုကို သမ္မတ အမိန့်ဖြင့် ဖွဲ့စည်းမည့် စာနယ်ဇင်းကောင်စီ ပေါ်ပေါက်လာပါက ဇွန်လတွင် ဖျက်သိမ်းမည်ဖြစ်ကြောင်း သိရသည်။
စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန ညွှန်ကြားရေးမှူး ဦးတင့်ဆွေ (ဓာတ်ပုံ - ဧရာဝတီ)

ဆန္ဒပြမှုကြောင့် ရှားခဲအင်း လေလံ ရပ်ဆိုင်းရုပ်/သံ

ရာဝတီတိုင်း ကျုံပျော်မြို့နယ်ရှိ ရှားခဲအင်းကြီးကို စီးပွားရေးလုပ်ငန်းရှင်များအား လေလံပေး ရောင်းချခြင်း မပြုရန် ဒေသခံများက ဆန္ဒပြတောင်းဆိုသဖြင့် ယမန်နေ့က ပုသိမ်မြို့ပေါ်တွင်ပြုလုပ်သော အင်း လေလံပွဲတွင် ရှားခဲအင်းအား ခြံလှပ်လိုက်ကြောင်း လေ လံပွဲ တက်ရောက်သူ စီးပွားရေးလုပ်ငန်းရှင်များထံမှ သိရသည်။

ရှားခဲအင်း ဆန္ဒပြသူများ (ဓာတ်ပုံ - ဧရာဝတီ)

အလုပ်သမားလစာမှ လူမှုဖူလုံရေးနှင့် ၀င်ငွေခွန်နှစ်မျိုးသာ အလုပ်ရှင်က တရားဝင်နုတ်ယူနိုင်

အလုပ်ရှင်များအနေဖြင့် အလုပ်သမားများ၏ လစာထဲမှ နုတ်ယူရာတွင် လူမှုဖူလုံရေးနှင့် ၀င်ငွေခွန် နှစ်မျိုးတည်းကိုသာ   နုတ်ယူခွင့်ရှိသည်ဟု နိုင်ငံတော်မှ ပြဋ္ဌာန်းထားကြောင်း MHR ကျောင်းအုပ်ကြီး ဆရာဦးအေးကျော်၏ ပြောကြားချက်အရ သိရှိရသည်။

တ.စ.ည ပါတီက လယ်သမားသမဂ္ဂနှင့် ကျောင်းသားသမဂ္ဂ ပေါ်ထွန်းရေး ဆောင်ရွက်မည်

လာမည့်လွှတ်တော်အစည်းအဝေးတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက လယ်သမားသမဂ္ဂနှင့် ကျောင်းသားသမဂ္ဂ အဖွဲ့အစည်းပေါ်ပေါက်ရေးအပါအ၀င် မေးခွန်း(၃)ခုအား ဆွေးနွေးရန် အစီအစဉ်ရှိကြောင်း သိရှိရသည်။

ဆင်ဆာဘုတ်စနစ် ဇွန်လတွင် ဖျက်သိမ်းမည်

ချင်းမိုင်(မဇ္စျိမ) ။       ။ ပြန်ကြားရေးဝန်ကြီးဌာန လက်အောက် စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနမှ စာမူကြမ်းများကို စိစစ်သည့် စနစ် ဇွန်လ နောက်ပိုင်းတွင် ရှိတော့မည် မဟုတ်ကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဒု-ညွန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ပြောသည်။

ယိုးဒယားသစ်သီးများ ၀င်ရောက်မှုများလာ၍ သစ်သီးဈေးနှုန်းကျဆင်း

 










ယိုးဒယားသစ်သီးများရန်ကုန်ဈေးကွက်တွင်းသို့ ၀င်ရောက်မှုများပြားနေခြင်းကြောင့် သစ်သီးဈေးနှုန်းများ ကျဆင်းကာ အရောင်းအ၀ယ်အေးနေကြောင်း သီရိမင်္ဂလာဈေးရှိ သစ်သီးပွဲရုံများက သိရှိရသည်။