Tuesday, May 15, 2012

ကချင် ငြိမ်းချမ်းရေး တရုတ်ကို အကူအညီတောင်း

ကချင် ငြိမ်းချမ်းရေး တရုတ်ကို အကူအညီတောင်း

သမ္မတ ဦးသိန်းစိန်က ကချင်ပြည်နယ် ငြိမ်းချမ်းရေး အတွက် တရုတ်နိုင်ငံသို့ အကူအညီ တောင်းလိုက်သည်။ မြန်မာနိုင်ငံသို့ ရောက်ရှိလာသော တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင် မစ္စတာ ၀မ်ဂန်း နှင့် ယမန်နေ့က နေပြည်တော် ပြည်တော်၌ တွေ့ဆုံရာဆွေးနွေးရာတွင် ဦးသိန်းစိန်က ပြောဆိုခြင်း ဖြစ်ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြ ထားသည်။ မစ္စတာ ၀မ်ဂန်း နှင့် ကိုယ်စားလှယ် အဖွဲ့ဝင်များသည် မြန်မာ အပါအ၀င် နမီးဘီးယား၊ ဂျော်ဒန် နှင့် အိုင်ယာလန် နိုင်ငံ များသို့ တနင်္ဂနွေနေ့က စတင်ပြီး ချစ်ကြည်ရေး ခရီးစဉ်ထွက်ခွာလာခြင်း ဖြစ်ကြောင်း သိရသည်။

ဦးသိန်းစိန်ခေတ်မှာ ပုံစံပြောင်းလာတဲ့ ပေါ်လစီသီချင်း

အပြောင်းအလဲတွေ ဖော်ဆောင်နေတဲ့ သမ္မတ ဦးသိန်းစိန်လက်ထက်မှာ သေချာပေါက် ပြောင်းလဲသွားပြီလို့ ဆိုနိုင်တာကတော့ ပေါ်လစီသီချင်း ထုတ်လွှင့်မှု ဖြစ်ပါလိမ့်မယ်။
ဦးသိန်းစိန် သမ္မတ ဖြစ်လာပြီး  ပထမဆုံး ထွက်ပေါ်လာတဲ့ “အနာဂတ် မြန်မာပြည်” ဆိုတဲ့ ပေါ်လစီသီချင်းရုပ်သံဟာ ဒီရက်ပိုင်းအတွင်း အွန်လိုင်းကို ရောက်လာပါတယ်။ သီချင်းစာသားနဲ့ ရိုက်ချက်တွေက ပြီးခဲ့တဲ့ အနှစ် ၂၀ ကျော် ၀ါဒဖြန့်ပေါ်လစီသီချင်းပုံခွက်ထဲကနေ လုံးဝ ထွက်လာပါပြီ။

နှင်းခါးမရိုက်၍ စိန်တလုံးသရက် ရန်ကုန်တိုင်းတွင် ထွက်နှုန်းကောင်း ဟောင်ကောင်ဈေးကွက်အထိရောက်

စိန်တလုံးသရက်မှာ ရန်ကုန်ရာသီဥတုနှင့် စိုက်ပျိုးရန်အဆင်မပြေသော်လည်း ယခုနှစ် သရက်သီး ရာသီချိန် တွင် နှင်းခါးရိုက်ခြင်းမရှိပဲ အထွက်နှုန်းကောင်းခဲ့၍ ဈေးကွက်တွင်း ရောင်းအားကောင်းနိုင်ကြောင်း သရက် စိုက်သူများက ပြောသည်။  

တာင်ကိုရီးယား သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေး

တာင်ကိုရီးယား သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေး
2012-05-15
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ်နဲ့ ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
Photo courtesy of NLD
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ်တို့ ၂၀၁၂ ခုနှစ် မေလ ၁၅ ရက်က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် တွေ့ဆုံဆွေးနွေးနေစဉ်။

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် အီမြောင်ဘတ် သတင်းစာရှင်းလင်းပွဲ

တောင်ကိုရီးယား နိုင်ငံသမ္မတ အီမြောင်ဘတ်က မြန်မာလူမျိုးတို့၏ လူမှုဘဝများ တိုးတက်ကောင်းမွန်စေရန် ကြိုး ပမ်းဆောင်ရွက်သွား မည် ဖြစ်ကြောင်း ပြောကြားလိုက်သည်။ 

ဖားကန့်မြို့နယ်တစ်ခွင်က လူငယ်နှင့် မူးယစ်ဆေးပြသာာနာ

ဂျာတော့ပ် (မြစ်မခ)
by Myit Makha Mediagroup on 15 May, 2012


ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာသို့ မရောက်သည်မှာ လေးနှစ်ခန့်ပင် ကြာနေပြီဖြစ်သည်။ မူလတန်း ကျောင်း တက်ခဲ့သည့်   ကျေးရွာမို့ သံယောဇဉ်က ကြီးလှပေသည်။ ရောက်ရောက်ချင်းပင် အမောမပြေနိုင် ငယ်ငယ်က သူငယ်ချင်း အကြောင်းမေးနေရင်းက ထိုဇတ်နာသည့်ဇတ်လမ်းအား မြင်တွေ့ခွင့်ရခဲ့သည်။

၈၈ ပွင့်လင်းခရီးစဉ် လောင်းလုံအာဏာပိုင်များ ဟန့်တားနှောင့်ယှက်

ပွင့်လင်း လူ့အဖွဲ့အစည်း ခရီးစဉ် အတွက်  ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ အဖွဲ့ဟာ တနင်္သာရီတိုင်း ထားဝယ်ခရိုင်ကို ခရီးထွက်ရာ မှာ လောင်းလုံမြို့အ၀င် မှာ နှောင့်ယှက်ခံခဲ့ရပါတယ်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ ကို လှိုက်လှဲစွာကြိုဆိုပါ၏လို့ ရေးသားထားတဲ့ ဗီနိုင်း ဆိုင်းဘုတ် ကို လောင်းလုံမြို့နယ် အုပ်ချုပ်ရေးမှူးက ဥပဒေနဲ့ညီညွတ်မှု မရှိတဲ့ အတွက် ဖြုတ်ချခိုင်းတယ် လို့ ကိုမင်းကိုနိုင် တို့ ခရီးစဉ်ကို လိုက်ပါ အကူအညီပေးနေတဲ့ ထားဝယ်မြို့ခံ ကိုကျော်ကျော်သက် က ပြောပါတယ်။ 

လွတ်မြောက်ခြင်းအတွက် ရုန်းကန်မှုများ ဒေါ်စု ပါဝင်ဆွေးနွေးမည်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အခု မေလ ၁၅ ရက်နေ့၊ အမေရိကန် စံတော်ချိန် မနက်ပိုင်းမှာ ကမ္ဘာအရပ်ရပ်က လွတ်မြောက်ရေး လှုပ်ရှားမှုတွေနဲ့ပတ်သက်လို့ တိုက်ရိုက်ဆွေးနွေး စကားပြောဆိုဖို့ ရှိနေပါတယ်။

ပိတ်ဆို့မှု ရုပ်သိမ်းရေး သတိထားသင့်

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ လမ်းလွဲမသွားရလေအောင်နဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဟန့်တားရာ ရောက်ဖို့အတွက်သတိထားဆောင်ရွက်ဖို့ အမေရိကန် အခြေစိုက် ကျင့်ဝတ်သိက္ခာနဲ့ညီတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ကို အားပေးတဲ့ အဖွဲ့ပေါင်း ၁၂ ခုက သမ္မတ အိုဘားမားအစိုးရကို တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ အချိန်မတန်သေးဘူးလို့လည်း သူတို့က ပြောပါတယ်။ ဘာကြောင့် အခုလို ပြောဆိုကြတာ ပါလဲဆိုတာ အပြည့်အစုံကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

မူးယစ်ဂိုဏ်း အဖွဲ့ဝင် ၂၅ ဦး လက်နက်ချ အလင်းဝင်

ရွှေတြိဂံနယ်မြေက မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး နာမည်ကြီးတဲ့ စိုင်းနော်ခမ်းရဲ့ အဖွဲ့ဝင် ၂၅ ဦးဟာ တာချီလိတ်မြို့နယ်က တပ်စခန်းတစ်ခုမှာ မနေ့ညနေပိုင်းက လက်နက်နဲ့ငြိမ်းချမ်းရေး လဲလှယ်ဝင်ရောက်ခဲ့ပြီး ဒီကနေ့ မနက်ပိုင်းမှာတော့ အခမ်းအနားနဲ့ ကြိုဆိုခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

ရှမ်းတပ်တွင် ဘုန်းကြီးတစ်ပါးက လယ်ယာမြေများ သိမ်းယူ၍သံဃာ့မဟာနာယကအဖွဲ့သို့ တိုင်ကြားထား

ကောင်းမြတ်ဖြိုး ( မြစ်မခ )
မေ(၁၄)ရက်၊၂၀၁၂ခုနှစ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ အုံးတောကျေးရွာအုပ်စုရှိ၊ ရှမ်းတပ်ကျေးရွားတွင်ဘုန်းကြီးတစ်ပါးမှ တောင်သူလယ် သမားတို့၏ လယ်ယာမြေများအားသိမ်းယူထားခြင်းကြောင့် တောင်သူလယ်သမားများမှ စစ်ကိုင်းတိုင်းသံဃာ့မဟာနာယကအဖွဲ့သို့ တိုင်ကြားထားကြောင်း သိရသည်။

လမ်းတံတားစီမံကိန်းများကြောင့် မြောက်ဒဂုံမြေဈေး အဆမတန်မြင့်တတ်

ယမင်း(မြစ်မခ)
မေ(၁၄)ရက်၊၂၀၁၂ခုနှစ်။
 
လမ်း၊ တံတား ပြုပြင်ခြင်းလုပ်ငန်းများကြောင့်ဒဂုံမြို့သစ်မြောက်ပိုင်းရှိ အိမ်ခြံမြေဈေးနှုန်းများ ဆက်လက် မြင့်တက်နေပြီး  မတန်တဆဈေးပေး၍ ဝယ်ယူမှုများရှိနေသည်ဟုအိမ်ခြံမြေအကျိုးတော်ဆောင်များထံမှ သိရသည်။

ဓါတ်ငွေ့ပိုက်လိုင်းကိစ္စနှင့်ပါတ်သက်ရ်ျ မတရားမှုအား တင်ပြခြင်း

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ကျောက်ပန်းတောင်းမြို့နယ် သံဘိုကျေးရွာအုပ်စု သံဘို(အလယ်)ရွာ မှတောင်သူလယ်ယာ သမားများသည် မိမိတို့ လယ်ယာ များကို ဓါတ်ငွေ့ပိုက်လိုင်း တည်ဆောက်မှုကြောင့် ပျက်စီးသွားပြီး  လျှော်ကြေးမရမှုကြောင့် သက်ဆိုင်ရာကို တိုင်ကြားထားကြောင်းသိရပါတယ်။
Myanmar News Now


ဓါတ်ငွေ့ပိုက်လိုင်း တည်ဆောက်မှုကြောင့် ပျက်စီးသွားသောလယ်မြေများ

မုံရွာမြို့၏နယူးဖက်ရှင်၊ အာရှဖက်ရှင် သရုပ်ပျက် အလှပြင်ဆိုင်များ

နယူးဖက်ရှင် အလှပြင်ဆိုင်
စစ်ကိုင်းတိုင်း မုံရွာမြို့၊ ကျောက္ကာလမ်းမကြီးပေါ်တွင် နယူးဖက်ရှင်၊ အာရှဖက်ရှင်
အမည်များဖြင့် အလှပြင်ဆိုင်(၅)ဆိုင်ကို ခမ်းနားစွာဖွင့်လှစ်လုပ်ကိုင်နေပါသည်။

မြန်မာအပေါ် ပိတ်ဆို့မှု ဆိုင်းငံ့ဖို့ McCain တိုက်တွန်း

မြန်မာနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ အရေးယူဒဏ်ခတ်မှုတွေကို ဆိုင်းငံ့ဖို့ အချိန်ရောက်ပြီလို့ အမေရိကန်နိုင်ငံရေးမှာ သြဇာကြီးမားတဲ့ ရီပတ်ပလင်ကန် အထက် လွှတ်တော်အမတ် ဂျွန်မက်ကိန်း