Saturday, May 5, 2012
လူ့အခွင့်အရေးချိုးဖောက်ခံရကြောင်း သတင်းမီဒီယာတွင် ခိုင်လုံစွာဖေါ်ပြထားပါက ကော်မရှင်မှ ၀င်ရောက်ဆောင်ရွက်မည်
မေလ ၄ ရက်၊ ၂၀၁၂ခုနှစ်-ကျော်စိုးလင်း (YPI)
မီဒီယာအသီးသီးရှိ သတင်းဖေါ်ပြချက်များတွင် လူ့အခွင့်အရေး အမှန်တကယ် ချိုးဖောက်ခံရကြောင်း ခိုင်လုံစွာ ဖေါ်ပြထားပါက ယင်းသတင်းပါကိစ္စများနှင့်ပတ်သတ်ပြီး မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ ပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း ကော်မရှင်၏ အတွင်းရေးမှူး ဦးစစ်မြိုင်ကပြောသည်။

SIM ကဒ် ဈေးမတည်ငြိမ်၍ ကုမ္ပဏီနှစ်ခုအား မြန်မာ့ဆက်သွယ်ရေးက သတိပေး
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ရောင်းချသည့် မိုဘိုင်းဖုန်း ဆင်းမ်ကဒ်များကို သတ်မှတ်
ဈေးနှုန်းထက် မြှင့်တင်ရောင်းချမှုများ ရှိနေ၍ Yadanarpon Teleport နှင့် E-lite Tech ကုမ္ပဏီတို့ကို မြန်မာ့ ဆက်သွယ်ရေးမှ ခေါ်ယူ သတိပေးထားကြောင်း မိုဘိုင်း အင်ဂျင်နီယာချုပ် ဦးသိန်းဝင်း က ပြောသည်။
ဈေးနှုန်းထက် မြှင့်တင်ရောင်းချမှုများ ရှိနေ၍ Yadanarpon Teleport နှင့် E-lite Tech ကုမ္ပဏီတို့ကို မြန်မာ့ ဆက်သွယ်ရေးမှ ခေါ်ယူ သတိပေးထားကြောင်း မိုဘိုင်း အင်ဂျင်နီယာချုပ် ဦးသိန်းဝင်း က ပြောသည်။
၂၀၁၂ သင်ခန်းစာဖြင့် ၂ဝ၁၅ အတွက် ကြံ့ခိုင်ရေးပါတီ ကြိုတင်ပြင်ဆင်
ချင်းမိုင် (မဇ္ဈိမ) ။ ။ ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်အရ ပြည်သူလူထုက
ကြံ့ခိုင်ရေးပါတီကို ယုံကြည်မှု မရှိခြင်း၊ မီဒီယာများနှင့် ဆက်ဆံမှု
အားနည်းခြင်း၊ ပါတီဝင်များ၏ ချို့ယွင်းချက်စသည့် သင်ခန်းစာများရရှိခဲ့ပြီး
၂ဝ၁၅
ရွေးကောက်ပွဲတွင် ထိုအားနည်းချက်များကို ပြင်ဆင်သွားမည်ဟု ကြံ့ခိုင်ရေးပါတီ၏ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးက မဇ္ဈိမကို ပြောသည်။
ရွေးကောက်ပွဲတွင် ထိုအားနည်းချက်များကို ပြင်ဆင်သွားမည်ဟု ကြံ့ခိုင်ရေးပါတီ၏ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးက မဇ္ဈိမကို ပြောသည်။
ဦးသိန်းစိန် ၂၀၁၅ တွင် အနားယူမည်
ဦးသိန်းစိန် ၂၀၁၅ တွင် အနားယူမည်
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲပြီးပါက သမ္မတ ဦးသိန်းစိန် ရာထူးမှ အနားယူဖွယ်ရှိကြောင်း သိရသည်။ ဦးသိန်းစိန် သည် လက်ရှိမြန်မာ ပြည်၏ အပြောင်းအလဲများကို ဦးဆောင်ပြုလုပ်သူဖြစ်ပြီး ၎င်း၏ ဒီမိုကရေစီရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်များကို တခြားသူ တဦးကို လွှဲပြောင်းသွားမည်ဖြစ်ကြောင်း သမ္မတ နိုင်ငံရေးအကြံပေးအဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်၏ ပြောကြားချက် ကို Bloomberg သတင်းဌာနက ယနေ့ ရက်စွဲဖြင့် ဖော်ပြထားသည်။မြန်မာပြည်မှာ ဘာတွေ တကယ်ဖြစ်နေသလဲ
မြန်မာပြည် လက်ရှိအပြောင်းအလဲနဲ့ ပတ်သက်ပြီး အတော်များများက လောလောဆယ်မှာ စိတ်လှုပ်ရှားစရာ ဖြစ်နေကြ ပေမယ့် တကယ်တမ်းပြောရရင် အခြေအနေက စိတ်ပျက်စရာ အခြေအနေတခုပါပဲ။ အခုဆိုရင် တစုံလုံး အနေအထားကိုသာမကပဲ အသေးစိတ်ကိုပါ လေ့လာရေးသားတင်ပြဖို့ ပိုလို့တောင် အရေးကြီးပါတယ်။
လွှတ်တော်အမတ်တချို့ ပြည်ပခရီးသွားမည်
လွှတ်တော်အစည်းအဝေးတွေ ရပ်နားထားချိန်မှာ လွှတ်တော် ကိုယ်စားလှယ်တချို့
ဥရောပနိုင်ငံတွေက လွှတ်တော်တွေကို လေ့လာဖို့ လေ့လာရေး ခရီးထွက်ကြမှာ
ဖြစ်ပါတယ်။ မေလ ၅ ရက်နေ့၊ စနေနေ့ကျရင် ဂျာမနီနိုင်ငံကို သွားမယ့်ခရီးစဉ်တခု
ရှိသလို မေလထဲမှာလည်း တခြားဥရောပ နိုင်ငံတွေဆီကို သွားမယ့်
ခရီးစဉ်တွေရှိနေပါတယ် အခုလို မြန်မာနိုင်ငံက လွှတ်တော် ကိုယ်စားလှယ်တွေ
နိုင်ငံခြား သွား လေ့လာ ကြတဲ့အခါမှာ ဘယ်လိုအတွေ့အကြုံတွေ ရရှိဖို့
မျှော်လင့်နေကြပါသလဲ။ ဘယ်ပါတီကိုယ်စားလှယ်တွေက ဘယ်နိုင်ငံတွေဆီကို
သွားမှာလဲဆိုတာကို ခရီးထွက်မယ့် ကိုယ်စားလှယ်တွေကို ဘန်ကောက်ကနေ
ဆက်သွယ်မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။၈၈ မျိုးဆက် ရှမ်းပြည်နယ် လူထုနဲ့ ချစ်ကြည်ရင်းနှီးစွာ တွေ့ဆုံဆွေးနွေး
၈၈ မျိုးဆက် ရှမ်းပြည်နယ် လူထုနဲ့ ချစ်ကြည်ရင်းနှီးစွာ တွေ့ဆုံဆွေးနွေး
Courtesy of 88 Generation Students Group
SSA မြောက်ပိုင်း နယ်မြေထဲ အစိုးရစစ်ကြောင်း အလုံးအရင်းနဲ့ ၀င်ရောက်လှုပ်ရှား
SSA မြောက်ပိုင်း နယ်မြေထဲ အစိုးရစစ်ကြောင်း အလုံးအရင်းနဲ့ ၀င်ရောက်လှုပ်ရှား
(Photo: AFP)
ထိုင်း-မြန်မာနယ်စပ်၊ ဒွိုင်တလန် စခန်းတွင် စစ်လေ့ကျင့်နေသော ရှမ်းပြည်တပ်မတော် (SSA) တပ်ဖွဲ့ဝင်များ ဖြစ်ပါသည်။ (Photo: AFP)
NLD က ပညာရေးရန်ပုံငွေ ပေးအပ်လှူဒါန်း
NLD က ပညာရေးရန်ပုံငွေ ပေးအပ်လှူဒါန်း
NLD (ပညာရေးကွန်ရက်)
၂၀၁၂ ခုနှစ် မေလ ၄ ရက်က အမျိုးသားဒီမိုကရေစီ
အဖွဲ့ ချုပ်၊ ရွှေဂုံတိုင် အဖွဲ့ ချုပ်ရုံးတွင် ပညာရေးကွန်ရက် ရန်ပုံငွေ
ပေးအပ်လှူဒါန်းပွဲ ပြုလုပ်နေစဉ်။
KIO အပေါ် အစိုးရထိုးစစ် အရှိန်မြှင့်
အစိုးရနဲ့ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကြား ထာဝရငြိမ်းချမ်းရေး ရဖို့
ဆွေးနွေးမှုတွေ ရှေ့မတိုးနောက် မဆုတ် ဖြစ်နေချိန်မှာပဲ KIO ရဲ့
ဌာနချုပ်ရှိရာ လိုင်ဇာမြို့ကို မြန်မာ အစိုးရတပ်ဖွဲ့က လမ်းကြောင်းသုံးခု
ကနေ ချဉ်းကပ်နေပါတယ်။ လိုင်ဇာမြို့ကို ပစ်ခတ်နိုင်တဲ့နေရာတွေမှာ
လက်နက်ကြီးတွေ နေရာ ချထားနိုင်ပြီဆိုရင် အစိုးရတပ်ဘက်က ထိုးစစ်
စတင်လာနိုင်တယ်လို့ KIO ဘက်က သုံးသပ်နေပါ တယ်။
မဲဆောက်မြို့ ဆန္ဒပြ မြန်မာအလုပ်သမားများ တောင်းဆိုချက် ရရှိ
မဲဆောက်မြို့ ဆန္ဒပြ မြန်မာအလုပ်သမားများ တောင်းဆိုချက် ရရှိ
RFA
သောက်သုံးရေ ပြတ်လပ်ဒေသ NLD က ရေဖြန့်ဝေပေး
သောက်သုံးရေ ပြတ်လပ်ဒေသ NLD က ရေဖြန့်ဝေပေး
အသတ်ခံရတဲ့ မက္ကဆီကို သတင်းထောက်အလောင်းများ တွေ့ရှိ
မက္ကဆီကိုနိုင်ငံမှာ မူးယစ်ရာဇာတွေရဲ့
အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့်လို့ ပြောဆိုကြတဲ့ လူ အများအပြား
သေဆုံးမှုတွေထဲမှာ ကြာသာပတေးနေ့ကတော့ အရှေ့ပိုင်း Veracruz ပြည်နယ်မှာ
မက္ကဆီကန် လူမျိုး သတင်းသမားသုံးယောက်ရဲ့ ရုပ်ပျက်နေတဲ့ အလောင်းတွေကို
တွေ့ခဲ့ရပါတယ်။
Subscribe to:
Posts (Atom)