Friday, April 20, 2012

မိုးမောက်မြို့နယ်ရှိ စစ်ပြေးဒုက္ခသည်များ ဝမ်းပျက်၊ဝမ်းလျှောရောဂါအဖြစ်များနေ

မိုးမောက်မြို့နယ်ရှိ စစ်ပြေးဒုက္ခသည်များ ဝမ်းပျက်၊ဝမ်းလျှောရောဂါအဖြစ်များနေ



ကချင်ပြည်နယ် မိုးမောက်မြို့နယ်ရှိ စစ်ပြေးဒုက္ခသည်များ ဝမ်းပျက်၊ ဝမ်းလျှောရောဂါ အဖြစ်များနေပြီး မိုးရာသီ၌ ပိုမိုအဖြစ်များမည်ကို စိုးရိမ်နေရသည်ဟု ၎င်းမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးစိုင်းဇော်ထွန်းက ပြောသည်။

ဖွဲ့စည်းပုံကို လေးစားလိုက်နာမည်ပါမည်ဟု ပြင်ဆင်မှ ဒီချုပ်ကိုယ်စားလှယ်များ လွှတ်တော်တက်မည်ဟု နယက ဦးဝင်းတင် ပြောဆို




လွှတ်တော်တတိယပုံမှန်အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို စောင့်ရှောက်ပါမည်အစား လေးစား လိုက်နာပါမည်ဟူသော စကားရပ်ကို ပြင်ဆင်မှသာ အန်အယ်လ်ဒီပါတီ(ဒီချုပ်)ကိုယ်စားလှယ်များ လွှတ်တော် တက်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်၊ကျောက်တော်တွင် ကျွဲ၊နွား အခိုးခံရမှုများရှိနေဆဲ

ရခိုင်ပြည်နယ်၊ကျောက်တော်တွင် ကျွဲ၊နွား အခိုးခံရမှုများရှိနေဆဲ



ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် ကျွဲ၊ နွား အခိုးခံရမှုမှာပပျောက်သွားခြင်းမရှိပဲ ဆက်လက် အခိုးခံနေရ ဆဲဖြစ်ကြောင်း သိရှိရသည်။
 

တိုင်းရင်းသားညီလာခံကျင်းပပြီး လူမှုကယ်ဆယ်ရေးလုပ်ဆောင်ရန် UNFC က သတင်းထုတ်ပြန်

တိုင်းရင်းသားညီလာခံကျင်းပပြီး လူမှုကယ်ဆယ်ရေးလုပ်ဆောင်ရန် UNFC က သတင်းထုတ်ပြန်



တိုင်းရင်းသားအင်အားစုများနှင့် တိုင်းရင်းသားညီလာခံတစ်ရပ် ကျင်းပနိုင်ရန်အတွက် ညီညွတ်သောတိုင်းရင်း သားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီက ယနေ့ ဧပြီ(၁၉)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
 
အဆိုပါ သတင်းစာရှင်းလင်းပွဲကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ဧပြီ(၁၉)ရက်နေ့၊ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့ ခြင်းဖြစ်သည်။
 
သတင်းထုတ်ပြန်ချက်တွင် နိုင်ငံရေးဆွေးနွေးပွဲပဏာမအဆင့်အနေဖြင့် UNFCငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ အမြန်ဆုံးတွေ့ဆုံဆွေးနွေးကြရန် တောင်းဆိုထားသည်။
ငြိမ်းချမ်းရေးအကောင်အထည်ဖော်ဆဲကာလမှာပင် UNFC ထိန်းချုပ်မှုနယ်မြေများရှိ စစ်ပြေးဒုက္ခသည်နှင့် နယ်စပ်ဖြတ်ကျော် ဒုက္ခသည်များအတွက် နိုင်ငံတကာအဖွဲ့အစည်းများက အကူအညီရသည်နှင့်တပြိုင်တည်း လူမှုကယ်ဆယ်ရေးလုပ်ငန်းများအား UNFCက ဦးစာပေးလုပ်ငန်းအနေဖြင့် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရသည်။
 
နှစ်ဘက်ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုအပြီးတွင် UNFC အဖွဲ့ဝင်မဟုတ်သော တိုင်းရင်းသားအင်အားစုများနှင့်  တိုင်းရင်းသားညီလာခံတစ်ရပ်ကျင်းပရန်နှင့် တိုင်းရင်းသားညီလာခံက ထွက်ပေါ်လာသည့်ရလာဒ်အတိုင်း ပြည်ထောင်စုအစိုးရအပါအ၀င် လူမျိုးပေါင်းစုံပါဝင်သောတစ်မျိုးသားလုံးဆိုင်ရာညီလာခံတစ်ရပ်ကိုလွှတ်တော် ပြင်ပတွင် ကျင်းပသွားရန်တို့ ပါဝင်သည်။
 
ဆက်လက်၍ တစ်မျိုးသားလုံးဆိုင်ရာညီလာခံတွင် သဘောတူညီချက်ခဲ့သည့်အတိုင်း တစ်မျိုးသားလုံးဆိုင်ရာ သဘောတူညီချက်ချမှတ်နိုင်ရန်အတွက် ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီက ဧပြီ(၁၉) ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
UNFCသည် ကြားဖြတ်ရွေးကောက်ပွဲတွင် ရာနှုန်းပြည့်နီးပါး အနိုင်ရရှိခဲ့သောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်က ချမှတ်ထားသော ပြည်တွင်းငြိမ်းချမ်းရေး၊၊ တရားဥပဒေစိုးမိုးရေးနှင့် (၂၀၀၈)ဖွဲ့စည်း ပုံအခြေခံဥပဒေပြင်ဆင်ရေးကို လွှတ်တော်ပြင်ပမှဖြစ် လွှတ်တော်တွင်းမှဖြစ်စေကြိုးပမ်း ဆောင်ရွက်သည့် အပေါ်တွင် အပြည့်အ၀ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။
 
UNFC ကို ၂ဝ၁၁ ခုနှစ် အတွင်းက စတင်ဖွဲ့စည်းခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(၆) ဖွဲ့၊ မဟာမိတ်(၆)ပါဝင်သည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။
 
လက်ရှိအချိန်အထိ ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ပဏာမသဘောတူလက်မှတ်ရေး ထားသော UNFC ဝင် အဖွဲ့အစည်းများမှာ ကရင်အမျိုးသားအစည်းအရုံး၊ ချင်းအမျိုးသားတပ်ဦး၊ မွန်ပြည်သစ် ပါတီ၊ ရှမ်းပြည်မြောက်ပိုင်း/တောင်ပိုင်းတပ်မတော်နှင့် ကရင်ငြိမ်းချမ်းရေးကောင်စီတို့ဖြစ်သည်။




ဗိုဟိန်(မြစ်မခ)

လေးလခန့်အေးခဲ့သည့် ပြင်ဦးလွင်အိမ်မြေဈေး ပြန်လည်လှုပ်ခတ်



ကောင်းမြတ်ဖြိုး(မြစ်မခ ရှမ်းပြည်နယ်)
by Myit Makha Mediagroup on 19 Apr, 2012


ပြင်ဦးလွင်မြို့နယ်တွင် အိမ်ခြံမြေအရောင်းအ၀ယ် လုပ်ငန်းများ လေးလခန့်အေးနေခဲ့ရာမှ သင်္ကြန်အပြီးတွင် အိမ်ခြံမြေ၀ယ်ယူရန် စုံစမ်းသူများလာကြောင်း မြို့ခံအိမ်ခြံမြေအကျိုးဆောင်များထံက သိရသည်။
 

လှိုင်သာယာတွင် ရေကန်သန့်ရှင်းရေးလုပ်ရင်း သေနတ်ကျည်ဆံများတွေ့ရှိ

ဧပြီလ ၁၈ ရက်နေ့  ၂၀၁၂
ယနေ့နံနက်ပိုင်းက လှိုင်သာယာတွင် ရေကန်သန့်ရှင်းရေးလုပ်ရင်း သေနတ်ကျည်ဆံများတွေ့ရှိခဲ့သည်။

ရန်ကုန်သင်္ကြန် ယာဉ်မတော်တဆမှု ၄ ဦးသေ၊ ၁၀၀ ကျော် ဒဏ်ရာရ

မဟာသင်္ကြန် အကြတ်နေ့ (ပထမရက်) ရန်ကုန်မြို့တော် မြင်ကွင်း
ယခုနှစ်မဟာသင်္ကြန်ပွဲတော်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးတွင်

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံရေး အခွင့်အလမ်းနဲ့ စိန်ခေါ်မှုများ

မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ ပွင့်လင်းလာတာနဲ့အမျှ စီးပွားရေးမှာ ဖွံ့ဖြိုးမှု အလားအလာတွေ ရှိနေပေမဲ့ သတိထားစရာတွေ အများအပြား ရှိနေတယ်လို့ နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းက တာဝန်ရှိသူတွေ

NLD ကိုယ်စားလှယ်များ လွှတ်တော် တက်ရေး ဒီကနေ့  ဆုံးဖြတ်မည်

ရန်ကုန်၊ ဧပြီ ၁၈

ကြားဖြတ် ရွေးကောက်ပွဲတွင် အနိုင် ရရှိခဲ့ ကြသည့် ဒေါ်အောင်ဆန်းစုကြည် အပါ အဝင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ် များ ဧပြီ ၂၃ ရက်နေ့ တွင် ပြန်လည် စတင်မည့်

ဒုက္ခသည်စခန်းမှာ ၀က်သက်ရောဂါအဖြစ်များနေ

ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ စစ်ပြေးဒုက္ခသည် စခန်းမှာ အခုတလော ၀က်သက်ရောဂါတွေ အဖြစ်များနေပြီး သေဆုံးတာလည်း ရှိတယ်လို့ သိရပါတယ်။ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီတွေ အများကြီးလိုအပ်နေတယ်လို့ ဒုက္ခသည်စခန်းက တာဝန်ရှိသူတွေက
ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပြည်ပ ခရီးစဉ် အမေရိကန်ကြိုဆို

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ (၂၄) နှစ်အတွင်း ပထမဆုံး နိုင်ငံရပ်ခြား ခရီး စတင်မယ့်အပေါ် အမေရိကန်အစိုးရ က ကြိုဆိုလိုက်ပါတယ်။

ကျမ်းသစ္စာစကားရပ် ပြင်ဆင်နိုင်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် မျှော်လင့်

လာမယ့် ဧပြီလ ( ၂၃) ရက်နေ့ အမျိုးသားလွှတ်တော်မှာ ကျမ်းသစ္စာ ကျိန်ဆိုတဲ့အခါ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ကာကွယ်စောင့်ရှောက်ပါမည် ဆိုတဲ့ စကားရပ်အစား လေးစားလိုက်နာပါမည်

ငြိမ်းချမ်းရေး အစီအစဉ်သစ် ဆီးရီးယားနဲ့ကုလ သဘောတူ

ကုလသမဂ္ဂနဲ့ အာရပ်အဖွဲ့ချုပ်တို့ရဲ့ ငြိမ်းချမ်းရေးသံတမန် ကိုဖီအာနန်တင်ပြခဲ့တဲ့ ငြိမ်းချမ်းရေး သဘောတူညီ

ဒေါ်အောင်ဆန်းစုကြည် အောင်မြင်မှု နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင်များ ချီးကျူး

ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကိုယ်စားလှယ်တွေ ဧပြီလ တစ်ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အများစုကြီးအနိုင်ရပြီး

ဧပြီ ၂၃ ရက် လွှတ်တော် နှစ်ရပ် ပြန်လည် ကျင်းပမည်


ဓာတ်ပုံ REUTERS
ပြည်သူ့ လွှတ်တော် အစည်းအဝေး၊ ဇန်နဝါရီ ၂၆၊ ၂၀၁၂။