Monday, August 19, 2013

ယခုလ အတွက် တန်ဖိုးနည်း မိုဘိုင်းဖုန်း Sim Card တစ်သောင်း ပိုမိုချထားပေး သွားမည်

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းရဲ့ သတင်း ထုတ်ပြန်ချက် အရ ယခု သြဂုတ်လ အတွက် ငွေကျပ် ၁၅၀၀ တန် တန်ဖိုးနည်း ဆင်းကဒ်များ ချထားပေးရာမှာ

မိုဘိုင်းဖုန်း ဆင်းကဒ် တစ်သောင်း ပိုမိုချထား ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ယခင်က အခုလို တန်ဖိုးနည်း မိုဘိုင်းဖုန်း ချထားပေးရာမှာ တစ်လကို လစဉ် တန်ဖိုးနည်း မိုဘိုင်းဖုန်း ၃ သိန်း ၅ သောင်းစီ ချပေးခဲ့ရာမှ ယခုသြဂုတ်လ မှာတော့ မိုဘိုင်း ဖုန်းဆင်းကဒ် အရေအတွက် ၃ သိန်း ၆ သောင်း ချထားပေး သွားမှာ ဖြစ်ပါတယ်။

 

ဒီလို ချထားရာမှာ ယခု သြဂုတ်လ အတွက် ကိုတော့ CDMA 800MHz ကို MEC Tel မှ အရေအတွက် ၁ သိန်း ၅ သောင်းနဲ့ GSM မိုဘိုင်းဖုန်း ၂ သိန်း ၁ သောင်းကို တစ်နိုင်ငံလုံး အတိုင်းအတာ အနေနဲ့ ချထားပေး သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ယခုသြဂုတ်လ အတွက် ငွေကျပ် ၁၅၀၀ တန် တန်ဖိုးနည်း မိုဘိုင်းဖုန်းများ ရောင်းချမှုကို ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့များရဲ့ အစီအစဉ်နဲ့ ယခုလ ၂၃ ရက်နေ့မှာ ဖြန့်ဖြူး ရောင်းချပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။