Monday, August 19, 2013

ဈေးကွက်တွင်း၌ ဓာတ်မြေသြဇာများနှင့် သိပ်ထားသည့် ငါးပိရည် ၉၉ ရာခိုင်နှုန်းခန့် တွေ့ရှိနေရ

မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ပြောကြားချက် အရ ဈေးကွက် အတွင်းမှာ ရောင်းချနေရတဲ့ ငါးပိရည်များရဲ့

၉၉ ရာခိုင်နှုန်းဟာ ဓာတ်မြေသြဇာများနဲ့ သိပ်ထားတဲ့ ငါးပိရည်များ ဖြစ်နေတယ်လို့ သိရပါတယ်။ အဲ့ဒီလို ဓာတ်မြေသြဇာ များနဲ့ သိပ်ထားတဲ့ ငါးပိရည်များ စားသုံးမိပါက အလွန်အန္တရာယ် ရှိနိုင်တာ ဖြစ်တယ် လို့လည်း သိရပါတယ်။ အဲ့ဒီလို ယူရီးယား ဓာတ်မြေသြဇာနဲ့ သိပ်ထားတဲ့ ငါးပိရည်များ စားမိပါက အစာအိမ် ကင်ဆာ၊ အူကင်ဆာ အစရှိတဲ့ ၀မ်းဗိုက်နဲ့ ပတ်သက်တဲ့ ကင်ဆာများ ဖြစ်ပွား နိုင်တယ်လို့ သတင်း ရရှိပါတယ်။

 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။