Wednesday, May 29, 2013

ဒဂုံဆိပ်ကမ်း မြေသိမ်းထားမှုများ ကာလပေါက်ဈေးဖြင့် လျော်ကြေးပေးရန် ဝန်ကြီးဌာနသို့ တင်ပြမည်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ၆၁ နှင့် ၆၇ ရပ်ကွက်ရှိ အိုးအိမ်မှ တရားဝင်ဝယ်ယူ ထားသော မြေများ အိမ်ရာစီမံကိန်း ပြုလုပ်ရန်အတွက် ဖယ်ပေးခိုင်းပြီး ယင်းမြေများအတွက် လျော်ကြေး
ပေးရာတွင် ကာလပေါက် ဈေးဖြင့် ပေးလျော်ရန် ဆောက်လုပ် ရေး ဝန်ကြီးဌာနသို့ တင်ပြသွားမည်ဖြစ်သည် ဟု သင်္ကန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးသိန်းညွန့် က ပြောသည်။

ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ၆၁ နှင့် ၆၇ ရပ်ကွက်ရှိ အေ၁၈ နှင့် အေ ၁၉ မြေကွက်များပေါ်တွင် ၁၉၉၁ ခုနှစ်က အိုးအိမ်မှ တရားဝင် ဝယ်ယူခဲ့သော မြေများကို ၂ဝဝ၁ ခုနှစ်အတွင်းက အာဆီယံစီမံကိန်းကြောင့်
ရွှေ့ပြောင်း ခိုင်းခဲ့ရာ မပြောင်းသေးသောသူ ၁၈ ဦး ကျန်ရှိနေပြီး ¤င်းတို့ ကိုလည်း ယခုနှစ်အတွင်း အိမ်ရာ စီမံကိန်း ဆောက်လုပ်မည် ဖြစ်သောကြောင့် ရွှေ့ပြောင်းခိုင်းခဲ့သည်။ ၎င်းတို့ကလည်း မပြောင်းရွှေ့နိုင်သော
ကြောင့် ပြီးခဲ့သည့် ဇန်နဝါရီလကပင် နိုင်ငံတော်သမ္မတထံ အသနားခံစာ တင်ကြားခဲ့သည်ဟုလည်း
မြေကွက် ပိုင်ရှင်များက ပြောသည်။

အဆိုပါ ပိုင်ရှင် ၁၈ ဦးတွင် မြေကွက် ၃၄ ကွက် ရှိသည်ဟု သိရသည်။ ဦးသိန်းညွှန့်က ''တရားမျှတတဲ့ ကာလပေါက်ဈေးနဲ့ မူလတန်ဖိုး အဆောက်အအုံနှင့် အခြားသက်ဆိုင်ရာ နစ်နာကြေးများကို ပေးလျော်ဖို့ တင်ပြတာကို ပြည်ထောင်စု ဆောက် လုပ်ရေးဌာန ဝန်ကြီးဆီကို ကျွန်တော် ကိုယ်တိုင် လက်မှတ်ထိုးပြီး
မေလ နောက်ဆုံးအပတ်မှာ ပေးပို့သွားမယ်။ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ကလည်း နိုင်ငံသားတွေ အင်မတန် နစ်နာတဲ့ဟာကို သိဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၆ မှာ တရားဝင်ပိုင်ဆိုင်တဲ့ ရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်း၊ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းကို ကာကွယ်ပေးရမယ်။ ဒါလည်း ဆဌမအကြိမ် လွတ်တော်မှာ တုန်းကတင်
ပြခဲ့ပြီးပြီ ကာကွယ်ပေးမယ်ဆိုပြီး ပြည်ထဲရေးဝန်ကြီးက ပြန်ကြားခဲ့တာရှိတယ်။ ဒီအခြေခံကို မူတည်ပြီး ၆၁/၆၇ မှာ ရှိတဲ့ ၁၈ ယောက်ရဲ့ တင်ပြချက်ကိုကိုယ်တိုင် ကွင်းဆင်းချက်အရ မှန်ကန်တယ်လို့ ယူဆတဲ့အတွက် ကျွန်တော်တို့ရပ်တည်ပေးမယ်'' ဟု ပြောသည်။

လက်ရှိအချိန်တွင် ယင်းမြေနေရာကို စီမံကိန်း လုပ်ကိုင်ရန်အတွက်မြေနေရာ လာရောက် သတ်မှတ်ထား
ခြင်းများ ရှိနေ၍ ထပ်မံဖယ်ခိုင်းမည်ကို ပိုင်ရှင်များက စိုးရိမ်နေကြခြင်းဖြစ်ရာ မြေပိုင်ရှင် တစ်ဦးဖြစ်သူ ဦးမင်းတလဉာဏ်က'' ၆၁/၆၇ မှာ ကိုယ့်မြေကွက်တွေ ပါတယ်။

ကျွန်တော်တို့ကို သိမ်းထားတယ်။ ကျွန်တော်တို့က မအပ်တဲ့အတွက် ကျွန်တော်တို့ဟာပဲ သိမ်းတာ အထ မမြောက်ဘူး။ ဒီလိုကြော်ငြာတွေ့တဲ့အတွက် တိုက်တွေဆောက်ဖို့ ကိုယ့်ကို ဖယ်ထုတ်မှာ စိုးရိမ်တယ်။ ကူညီဆောင်ရွက်ပေးပို့ ပထမ အသနား ခံစာပို့တယ်။ အစည်းအဝေးတက်ရောက်ဖို့ ခေါ်ပြီး ဒါတွေက သိမ်းပြီးသား ဖြစ်ပါတယ်။ နောက် လုပ်ငန်းတွေ ဆောင်ရွက်မယ်။ ဖယ်ရှားဖို့ ဆောင်ရွက်မှာ ဖြစ်တဲ့အတွက် ရာပြတ်တွေနဲ့ခြံတွေကို ရှင်းခိုင်းတယ်။

ဘာပြန်လိုချင်လဲလို့ မေးပါတယ်။ ဒီမှာပဲ ပြန်လိုချင်တယ်။ ဟိုတစ်ကွက် ဒီတစ်ကွက် ဖြစ်နေတဲ့အတွက် တူရာတူရာ စုပြီ ဒီနားလေး မှာပဲ ချပေး။ မဖြစ်နိုင်ဘူးဆိုမှာ တရားမျှတတဲ့ လျော်ကြေး ပြန်ပေးဖို့ သမ္မတဆီ အသနားစာ တင်တယ်။ ရွာသာကြီးမှာပဲ ထွက်ပေးဖို့ ပြောတယ်။ သူတို့ပေးပြီးသား ပြောတယ်။ ကျွန်တော်တို့ ယူပြီးသားပါလို့ မသတ်မှတ်ဘူး'' ဟု ပြောသည်။ လက်ရှိတွင် တန်ဖိုးနည်း အိမ်ရာ စီမံကိန်းအတွက် မြို့ရွာနှင့် အိုးအိမ်ဌာနမှ ယခုနှစ် မတ်လ ၆ ရက်တွင် တစ်ကြိမ်၊ မေလ ၆ ရက်တွင် တစ်ကြိမ် မြေပိုင်ရှင်များကို
ခေါ်ယူညှိနှိုင်းခဲ့သည်။ ထိုသို့ ညှိနှိုင်းရာတွင်နှစ် ၆ဝ ဂရန်ပိုင်ဆိုင်ထားသော မြေကွက်နှင့် အဆောက်အဦး
အတွက် တရားမျှတမှု မရှိပါသောကြောင့် အိမ်ရာအတွင်း နေထိုင်သူမည်သူမျှ လက်ခံခြင်းမရှိဟု သိရသည်။

လက်ရှိအချိန်တွင် အိုးအိမ်ဦးစီးဋ္ဌာနနှင့် အိမ်ရာနေ ပြည်သူများ ညှိနှိုင်းဆောင်ရွက်ခြင်းမှာ အဆင်ပြေမှု မရရှိသေးသော်လည်း ကုမ္ပဏီများမှ ဆောက်လုပ်ရေး လုပ်ငန်းသုံးယာဉ်များ၊ စက်ယန္တရားများနှင့် အခြား ဆက်စပ်ပစ္စည်းများအား နေအိမ်ခြံဝင်းအနီးသို့ ဝင်ရောက်ထားရှိခြင်း၊ အများပြည်သူသုံး လမ်းမပေါ်တွင် ယာဉ်ကြီးများ ပိတ်၍ ရပ်ထားခြင်းများ ရှိနေသူဟု ရပ်ကွက်နေ ပြည်သူအချို့က စွပ်စွဲပြောဆို မှုများရှိနေသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။