Friday, May 17, 2013

နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်

မြန်မာနိုင်ငံအနှံ့အပြားရှိ အကျဉ်းဦးစီးဋ္ဌာန(၉)ခုမှ နိုင်ငံရေးအကျဉ်းသား(၂၃)ဦး လွတ်မြောက်ခဲ့သည်ဟု နိုင်/စစ် အဖွဲ့ဝင် ဦးထွန်းကြည်က ဆိုသည်။

 

"နိုင်ငံရေးအကျဉ်းသားဆိုတဲ့ ခေါင်းစဉ်အောက်ကလေ လွှတ်ပေးတာ ကျေးဇူးတင်ပါတယ်၊ ၄၀၁ ခေါင်းစဉ်တပ် လွှတ်ပေးတာမဟုတ်ပဲနဲ့ လွတ်လွတ်လပ်လပ်လွှတ်ပေးသင့်တယ်"ဟု နိုင်/စစ်(နိုင်ငံရေးအကျဉ်းသား စီစစ်ရေးကော်မတီ)မှ ဦးထွန်းကြည်က ပြောသည်။

 

နိုင်ငံရေးအကျဉ်းသား(၃၂)ဦးအား နိုင်ငံတော်အစိုးရမှ မေလ(၁၇) ရက်နေ့၌  လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ် ပေးမည်ဟု ထွက်ပေါ်နေသည့်သတင်းများအရ သိရှိရသည်။

 

အင်းစိန်ထောင်မှ (၁၀)ဦး၊ ပုသိမ်ထောင်မှ(၁)ဦး၊ မအူပင်(၁)ဦး၊ မန္တလေး(၁)ဦး၊ လားရှိုး(၁)ဦး၊ တောင်ငူ(၂)ဦး၊ တောင်ကြီး(၁)ဦး၊ သာယာဝတီထောင်မှ (၅)ဦး လွှတ်မြောက်လာခြင်းဖြစ်သည်။

 

တောင်ငူထောင်မှ လွတ် မြောက်ခဲ့သူ စောဂျက်တာမှာ ပုဒ်မ-၁၇(၁) ဖောက်ခွဲမှုအပါအ၀င် အမှု(၄)ခုဖြင့် ၂၀၀၈ခုနှစ် ထောင်ဒဏ် (၂၄)နှစ် ကျခံခဲ့ရသူ ဖြစ်သည်။

 

သာယာဝတီထောင်မှ မစမ်းစမ်းမော်၊ ကိုဇော်လွင်၊ ကိုအေးမင်းနိုင်၊ ကိုကျော်ဇင်ဦး၊ ကိုထက်ကိုလွင်တို့ လွတ်မြောက်ခြင်းဖြစ်ကြောင်း သိရသည်။ မအူပင်ထောင်မှ ဗိုလ်ကြီးဟောင်း နေမျိုးဇင် လွတ်မြောက်လာခြင်း ဖြစ်သည်ဟု သတင်းများအရ သိရသည်။

 

ယနေ့ လွတ်မြောက်လာသူများနှင့် မီဒီယာသမားများ မြေနီကုန်း၌ မေလ(၁၇)ရက်နေ့ ညနေပိုင်း၌ တွေ့ဆုံမည် ဟု သိရသည်။

 

လက်ရှိ လွတ်မြောက်ရန်ကျန်ရှိသည့် နိုင်/ကျဉ်သား (၁၈၀)ကျော် ကျန်ရှိနေသေးကြောင်း နိုင်/စစ်မှ သိရသည်။ 


No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။