Friday, May 17, 2013

မဟာစင် နောက်ဆက်တွဲအနေဖြင့် မုတ်သုံအ၀င်နောက်ကျနိုင်

မြန်မာနိုင်ငံတွင် မဟာစင်မုန်တိုင်းအပြီး၌  မုတ်သုန်အ၀င် နောက်ကျနိုင်ကြောင်း မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင်က ဆိုသည်။

 

မြန်မာပြည်အောက်ပိုင်းဒေသများတွင် မဟာစင်မုန်တိုင်း၏ နောက်ဆက်တွဲ အကျိုးဆက်အနေဖြင့် မိုး အနည်းငယ်နှင့်နေရာကွက်ကြား  ရွာသွန်းနိုင်ကြောင်း  ဒေါက်တာထွန်းလွင်က ခန့်မှန်းသည်။

 

`"မိုးကတော့ မုန်တိုင်းအရှိန်နဲ့ နည်းနည်းရွာနေမှာပဲဒါပေမဲ့ မိုးမကောင်းနိုင်သေးဘူး၊ မိုးပြန် ပြတ် သွားနိုင်သေးတယ်`" ဟု ဒေါက်တာထွန်းလွင်က ပြောသည်။

 

မြန်မာပြည် အလယ်ပိုင်းဒေသများတွင်  ယခုအခါမိုးရွာ သွန်းလျက်ရှိသော်လည်း မိုးပြတ်သွားနိုင်ကြောင်း၊ မေ ၂၀ ရက်နေ့ နောက်ပိုင်းမှသာ မုတ်သုန်မိုးရွာနိုင်မည်ဖြစ်ကြောင်းး မြန်မာပြည်အောက်ပိုင်းဒေသများ၌ မေလ ကုန်ပိုင်းမှသာ မုတ်သုန်မိုးရွာသွန်းနိုင်သည်ဟု ဆက်ပြောသည်။

 

မြန်မာပြည် တပြည်လုံးအနေနှင့် မုတ်သုန်အ၀င် နောက်ကျမည် ဆိုသော်လည်း မိုးဦးကျတွင်ဖြစ်ပေါ်သော မိုးတိမ်တောင်ထူထပ်ခြင်း၊ မိုးခြိမ်းခြင်း လေပြင်းတိုက်ခြင်း၊ မိုးကြိုးပစ်ခြင်းတို့ကို အနည်းငယ် ကြုံတွေ့နိုင် ကြောင်း သိရှိရသည်။


No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။