Thursday, April 4, 2013

ရေစိုမိုဘိုင်းဖုန်းပြန်လည်အသုံးပြုနိုင်ရေး နည်းလမ်းကောင်းရှာဖွေခြင်း

သင်္ကြန်ကာလအတွင်း မိုဘိုင်းဖုန်းအသုံးပြုရာ၌ ရေစိုသွားပါက ဖုန်းကိုဓါတ်ခဲထုတ်ထားရန်နှင့် ဓါတ်ခဲ ထုတ်မရသည့် ဖုန်း များ ပါဝါပိတ်ထားရန်လိုအပ်သည်ဟု မိုဘိုင်းပြုပြင်ရေးဆိုင်ရာ ကျွမ်းကျင် ပညာရှင်များထံက သိရသည်။

 

အဓိကအချက်မှာ ရေစိုစိုချင်းဖုန်းပါဝါမဖွင့်စေရေးဖြစ်ကြောင်းနှင့် ရေစိုသွားသည့် ဖုန်းများမှာ display speaker Micro phone အပျက်များကြောင်းကိုလည်း သိရှိရသည်။

 

ရေစိုသွားသည့်ဖုန်းများအား နေပူလှမ်းခြင်း ခြောက်သွေ့သည့်နေရာတွင်းထား၍ ခြောက်သွေ့သွားပါက ပါဝါမဖွင့်စေရန် အရေးကြီးကြောင်းနှင့် ပါဝါ မဖွင့်မိပါက မိုဘိုင်းဖုန်းပြန်လည်ကောင်းမွန်စေရေး ၉၅% သေချာ ကြောင်းနှင့် display ပျက်သွားပါက ကျန် ၅%ကြောင့် ပြန်လည် အသုံးမပြုနိုင်ကြောင်းကိုလည်း လမ်း(၅၀) မိုဘိုင်းပြုပြင်ရေး စင်တာမှကျွမ်းကျင်ပညာရှင်က ဆိုသည်။

 

သင်္ကြန်တွင်းကာလ၌ ဖုန်းဆားဗစ်ဆိုင်များလည်း ညပိုင်းဖွင့်လှစ်ကြမည်ဖြစ်ကြောင်းကိုလည်း မိုဘိုင်ပြုပြင်ရေး ဈေးကွက်အတွင်းက သိရသည်။

 

"ကျွန်တော်တို့ ဆိုင်လည်း သင်္ကြန်အတွင်းမှာ ညနေ ၅နာရီကနေ ၉နာရီအထိဖွင့်မှာပါ၊ ဆိုင်မပို့နိုင်သေး ရင်တော့ အိမ်မှာထားပါ၊ ဖွင့်မကြည့်ဖို့နဲ့ ၂၄နာရီအတွင်း ပြင်ဆိုင်ပို့ဖို့လိုပါတယ်"ဟု လမ်း(၅၀) မိုဘိုင်း ဖန်ဂရုမှ တာဝန်ရှိသူက ပြောသည်။

 

သင်္ကြန်တွင်းကာလ အပျက်များသောမိုဘိုင်းဖုန်းများမှာ HTC, SAMSUNG, HAUWEI,SONY, I PHONE, NOKIA အမှတ်တံဆိပ်ဖုန်းများနှင့် တရုတ်နိုင်ငံထုတ်ဟန်းဆက်အမျိုးအစားများဖြစ်ကြောင်း သိရှိရသည်။

 

ပြင်ဆိုင်မပို့မီ မိုဘိုင်ဖုန်းပြန်မဖွင့်လျှင် မိုဘိုင်းပြန်လည်ကောင်းမွန်လာနိုင်ကြောင်းနှင့် display ပျက်သွားပါက ပြုပြင်ရ ခက်ခဲသွားကြောင်း ဆားဗစ်ပြုလုပ်သူတို့က ဆိုသည်။

 

မိုဘိုင်းဖုန်းရေစိုသွားပါက ဓါတ်ခဲထုတ်၍ ဆန်အိုးအတွင်း၌ (၁)ရက်ထားကာ၊  rice cookerဖြင့် ၁၅ မိနစ်မှ နာရီဝက်ခန့် ရေမထည့်ပဲ ဓါတ်ခဲမပါ ဖုန်းအလုံးချည်း ချက်၍ ပြန်ထုတ်ကာ dryer အပူအလျော့ဆုံးခလုတ်နှင့် ၁၅ မိနစ်မှ နာရီဝက်ခန့် မှုတ်၍ ဓါတ်ခဲတပ်ကာ ပါဝါပြန်ပွင့်ပါက ပြန်လည်သုံးစွဲနိုင်ကြောင်း ပြုပြင်သူများထံက သိရှိရသည်။

 

သင်္ကြန်ပြီးနောက်ပိုင်းတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးများ၌ တန်ဖိုးနည်း မိုဘိုင်းဖုန်းများကို နိုင်ငံတော်မှ ချထားပေးတော့မည်ဖြစ်သည့်အတွက် မိုဘိုင်းဟန်းဆက်ရေစို ပျက်စီးမှုမှာ ယခုထက်ပိုမို များပြားလာဖွယ် ရှိကြောင်းကိုလည်း မိုဘိုင်းဖုန်းပြုပြင်ဈေးကွက်အတွင်းက သိရသည်။

 


No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။