အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင် ရခိုင်အမျိုးသား (၅) ဦး ဗဟို ထိပ်ပိုင်း ခေါင်းဆောင်များ နေရာတွင် ရွေးချယ်ခံခဲ့ရသည်ဟု သတင်း ရရှိသည်။

(ဓါတ်ပုံ- Mizzima)
တောင်ကုတ်မြို့မှ ၁၉၉၀ ခုနှစ် ရွှေးကောက်ပွဲနိုင် NLD အမတ် ဦးကျော်ခိုင်မှာ သဘာပတိ အဖွဲ့ဝင် ဖြစ်လာပြီး ၁၉၉၀ ခုနှစ် ဂွမြို့နယ် NLD အမတ် ဦးညီပုမှာ CEC (ဗဟို အလုပ်အမူဆောင်) အဖြစ် ရွေးချယ် တင်မြှောက်ခြင်း ခံခဲ့ရသည်။
ဗဟိုကော်မီတီ (CC) အဖြစ် လေးဦးရွေးချယ် တင်မြှောက်ခံခဲ့ရပြီး၎င်းတို့မှာ တောင်ကုတ်မြို့မှ ဦးမင်းအောင်၊ မာန်အောင်မြို့မှ ၁၉၉၀ ရွှေးကောက်ပွဲနိုင် NLD အမတ် ဦးသိန်းမောင်၊ ရသေ့တောင်မှ NLD အမတ် ဦးမောင်ကြွင်းအောင်နှင့် ဂွမြို့နယ် ၁၉၉၀ အမတ် ဦးညီပု တို့ ဖြစ်ကြသည်။
ညီလာခံသို့ ရခိုင်မှ ကိုယ်စားလှယ် ၄၁ ဦး တက်ရောက်ခွင့် ရခဲ့သော်လည်း (၂) ဦးပျက်ကွက်ခဲ့သဖြင့် ၃၉ ဦးသာ တက်ရောက်နိုင်ခဲ့သည်ဟု ဆိုသည်။
မတ်လ ၈ ရက်နေ့က စတင်ပြီး သုံးရက်တိုင်တိုင် ကျင်းပခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ညီလာခံကို ၂၅ နှစ်တာကာလတွင် အောင်မြင်အောင် ကျင်းပနိုင်ခဲ့ပြီး ရခိုင်ခေါင်းဆောင်များကို နေရာပေးမူ အတွက် ၀မ်းမြောက်ကြိုဆိုကြောင်း NLD ရခိုင်ကိုယ်စားလှယ်များက ပြောသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။