Tuesday, March 12, 2013

နာဂလူမျိုးများအား ချင်းမျိုးနွယ်စုထဲ သွတ်သွင်းမှုကို ကန့်ကွက်

ရန်ကုန်(မဇ္ဈိမ)။    ။ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဦးဝင်းမြင့်က မြန်မာနိုင်ငံရှိ နာဂလူမျိုးများအား ချင်းမျိုးနွယ်စု ၅၃ စုတွင် ထည့်သွင်း သတ်မှတ်ခြင်းကို နာဂတိုင်းရင်းသားက သဘောမတူကြောင်း နာဂကျောင်းသားလူငယ်များ  အဖွဲ့ချူပ် ရန်ကုန် ဥက္ကဌ ဦးနော်အောင်ဆန်းက ပြောသည်။

နာဂတိုင်းရင်းသားများ သဘောမတူခြင်းမှာ ဘိုးဘွားအမျိုးအနွယ် တိဘက်-မြန်မာ အုပ်စုမှစ၍ အိန္ဒိယနှင့်
မြန်မာနှစ်နိုင်ငံတွင် နေထိုင်ကြသည့် အပြင် ကိုယ်ပိုင် ဘာသာစကား ယဉ်ကျေးမှု ဓလေ့ထုံးတန်း အစဉ်အလာ ကြီးမား ခိုင်ခံ့သော သမိုင်းများ ရှိခဲ့သည့်အတွက် ဖြစ်ကြောင်း ဦးနော်အောင်ဆန်းက ယနေ့ပြုလုပ်သည့် ယုဇနဂါးဒင်း
ဟော်တယ်တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ရှင်းပြခဲ့သည်။

၎င်းက "အခုလို  ချင်းမျိုးနွယ်စု ၅၃ စုတွင် ပါဝင်သော  မျိုးနွယ်စု တစ်ခု အဖြစ်တရားဝင်ထည့်သွင်းပြီး ပြန်လည်
ဖြေကြားမှုက ၁၉၈၃ ခုနှစ်က အခြေခံတဲ့ သန်းခေါင် စာရင်း အရ ပြောတာက ပြည်စုံမှု မရှိဘူး။ဒီလိုပြောတာတွေက နာဂ လူမျိုး အချင်းချင်းကို စိတ် အနာတရဖြစ်စေပါတယ်။"ပာု ပြောသည်။

နာဂလူမျိုးများသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ အဖြစ် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် အတည့်အလင်း သတ်မှတ်ပြဌာန်းထားကြောင်း အထက်ပါ ပုဂ္ဂိုလ်၏ ပြောကြားချက်အရ သိရသည်။

နာဂ လူမျိုးများသည် မြန်မာနိုင်ငံရှိ လူမျိုး ၁၃၅မျိုး ထဲတွင် ၁၉၃၁ ခုနှစ် ခန့် မှစ၍ ပါဝင်ခဲ့ ခြင်းဖြစ်ပြီး ယခု အချိန်မှ ချင်းလူမျိုးအတွင်းသို့   ထည့်သွင်းခြင်း ခံရကြောင်း နာဂနှစ်ချင်း ခရစ်ယာန် အဖွဲ့ ချုပ် အထွေထွေ အတွင်းရေးမှုး ဆရာတော် ဦးစိန်မောင်ကပြောသည်။

"ကျွန်တော်တို့  က ချင်းလူမျိုးမဖြစ်ချင်လို့  မပာုတ်ပါဘူး။တကယ်အမှန်ကို သိစေချင်လို့ပါ။ တိုင်းရင်းသားအားလုံးကို
လေးစားပါတယ်။"ပာု ဆရာတော် ဦးစိန်မောင်က ဆိုသည်။

ထိုကိစ္စနှင့် ပတ်သတ်၍ ချင်း အမျိုးသား ပါတီမှ ကိုငယ်ပီးက "နာဂလူမျိုးတွေကို ချင်းအမျိုးသားထဲ မလိုလားဘဲ သွတ်သွင်းခံရတာပာာ စိတ်မကောင်းစရာပါ။ကျွန်တော်တို့က နယ်နမိတ်ချင်း ထိစပ်ပြီးတော့ သမိုင်းမှာ အဆက်အဆံ ရှိခဲ့ကြတယ်။ကျွန်တော်တို့ က ညီရင်းအစ်ကိုတွေပါပဲ။"ပာု ပြောသည်။

ချင်းလူမျိုးများနှင့် နာဂလူမျိုးများသည် ၀တ်စားဆင်ယင်ပုံများမှာ အနည်းငယ်သာ ကွဲပြားကြောင်း ကိုငယ်ပီးက ဆက်ပြောသည်။

နာဂလူမျိုးများသည့် အိန္ဒိယ၊မြန်မာ၊တရုတ်ပြည်ကြား ပတ်ကွိုင်တောင်တန်းဒေသနှင့် ထိစပ်လျှက် ဒေသများတွင်
နေထိုင်သည်။

မြန်မာနိုင်ငံတွင် နာဂလူမျိုး သုံးသိန်းကျော် ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီး ရှိ လေရှီး၊လပာယ် နှင့် နန်းယွန်းစသည့်  မြို့ များတွင် လည်းကောင်း၊ကချင်ပြည်နယ် ရှင်ဗွေယန် မြိုနယ်ခွဲ၊ တနိုင်းမြို့နယ်နှင့် မြစ်ကြီးနားစသည့် မြိုနယ်များတွင် လည်းကောင်း နေထိုင် ကြသည်ဟု အဆိုပါ သတင်းစာရှင်းလင်းပွဲမှ သိရှိရသည်။

ဖေဖော်ဝါရီလ ၂၇ရက်နေ့တွင် ပြုလုပ်ခဲ့သော ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဌမပုံမှန် အစည်းအဝေး (၂၀) ရက်နေ့မြောက်တွင် ရှမ်းပြည်နယ်၊ ဓနု ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရ ဒေသ ရွာငံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်း၏ တိုင်းရင်းသား လူမျိုးနွယ်စု (၁၃၅)မျိုးနှင့် စပ်လျဉ်း၍ မေးခွန်းမေးမြန်းရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဝင်းမြင့်က ပြန်လည်ဖြေကြားမှု အပေါ် နာဂလူမျိုးက သဘောထား ထုတ်ပြန် ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။