Tuesday, February 5, 2013

နိုင်ငံတော် သမ္မတရုံး ၀က်ဘ်ဆိုက် DDoS ဖြင့် တိုက်ခိုက်ခံနေရကြောင်း သိရ

နိုင်ငံတော် သမ္မတရုံး ၀က်ဘ်ဆိုက်ကို ယနေ့ (ဖေဖော်ဝါရီလ ၅ရက်နေ့) နံနက်ပိုင်းမှ စတင်၍ အမေရိကန်၊ မလေးရှားနှင့် ရုရှ အိုင်ပီ လိပ်စာများမှ တစ်ဆင့် DDoS Request များ ပေးပို့ခြင်းဖြင့် တိုက်ခိုက်နေကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဋ္ဌေးက ၄င်း၏ Facebook စာမျက်နှာမှတစ်ဆင့် သတင်း ထုတ်ပြန်ခဲ့ပါသည်။

တိုက်ခိုက်မှုကို နံနက် ၉ နာရီ ၃၀ အချိန်မှ ၁၀ နာရီအတွင်း၌ လည်းကောင်း၊  နံနက် ၁၁ နာရီအချိန်တွင် လည်းကောင်း၊ နံနက် ၁၁ နာရီ ၅၃ မိနစ်တွင် IP-74.220.202.199 မှ DDoS Request သိန်းနှင့်ချီ ပေးပို့၍ လည်းကောင်း တိုက်ခိုက်နေကြောင်း ဦးဇော်ဋ္ဌေးက သတင်းထုတ်ပြန်ခဲ့ပါသည်။

ထိုသို့ တိုက်ခိုက်ခံနေရသည် ကာလအတွင်း နိုင်ငံတော် သမ္မတရုံး ဝက်ဘ်ဆိုက်အား ကြည့်ရှုရာတွင် အဆင် မပြေမှုများ ကြုံတွေ့နိုင်ပါ၍ နားလည်ပေးပါရန် မေတ္တာရပ်ခံကြောင်းနှင့် ဝက်ဘ်ဆိုက် တိုက်ခိုက် ခံရမှုနှင့် ပတ်သက်၍ လိုအပ်သည့် လုံခြုံရေး ဆိုင်ရာများ ဆောင်ရွက်နေကြောင်း ဦးဇော်ဋ္ဌေးက ဆက်လက် ရေးသားထားပါသည်။

"၀က်ဘ်ဆိုက်ကို လေးအောင် DDoS Request တွေပို့ပြီး တိုက်ခိုက်ခဲ့တာပါ။ ပြည်တွင်းကတော့ မဟုတ်ပါဘူး။ ပြည်ပက အိုင်ပီတွေနဲ့ တိုက်ခိုက်ခဲ့တာပါ"ဟု နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဋ္ဌေးက Eleven Media Group သို့ ပြောပါသည်။

ပြည်တွင်း မီဒီယာတစ်ခုဖြစ်သော The Voice Weekly ဂျာနယ်၏ Facebook စာမျာနှာမှာလည်း ဖေဖော်ဝါရီလ ၄ ရက်နေ့က တိုက်ခိုက်ခံခဲ့ရပြီး Admin account အားလုံးကို ဖြုတ်ချခံခဲ့ရကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းတွင် တိုက်ခိုက်ခံခဲ့ရသော The Voice Weekly ဂျာနယ် Facebook စာမျက်နှာတွင် Myanmar Express ၀က်ဘ်စာမျက်နှာတွင် ဖော်ပြခဲ့သော အကြောင်းအရာများကို တိုက်ခံခဲ့သူ (hacker) များမှ ဆက်တိုက် ဖြန့်ဝေခဲ့ပြီး မွန်းလွဲပိုင်း အချိန်တွင်မူ The Voice Weekly ၏ Facebook Page စာမျက်နှာမှာ Facebook လူမှုကွန်ယက်၌ မရှိတော့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။