Tuesday, February 5, 2013

 ရန်ကုန်မှ လိုင်ဇာသို့ ငြိမ်းချမ်းရေးအတွက် လမ်းလျောက်သူများအား ဖြတ်သန်းသွားလာရာ မြို့နယ်၁၀မြို့နယ်မှ ခံဝန်ကတိထိုးခိုင်း

ရန်ကုန်မှ လိုင်ဇာသို့ ငြိမ်းချမ်းရေးအတွက် လမ်းလျောက်သူများအား လိုင်ဇာသို့ ဖြတ်သန်းသွားလာရာလမ်းရှိ မြို့နယ်(၁၀)မြို့နယ်မှ ဆိုင်းဘုတ်ကိုင်ဆောင်ခြင်း၊ အော်ဟစ်ဟောပြောခြင်း၊အလံကိုင်ဆောင်ခြင်းများ မပြုလုပ်ဘဲ ငြိမ်းချမ်းစွာ လမ်းလျောက်ရန်အတွက် ခံဝန်ကတိလက်မှတ် ထိုးခိုင်းခဲ့ကြောင်း ဖေဖော်ဝါရီ၅ရက်နေ့က ငြိမ်းချမ်းရေးအတွက် လမ်းလျောက်သူ ကိုဇင်ကိုထံမှသိရသည်။

အဆိုပါမြို့နယ်များမှာ ပဲခူး၊ဖြူး၊ အုတ်တွင်း၊တောင်ငူ၊လယ်ဝေး၊ပျဉ်းမနား၊ဇေယျသီရိ၊တပ်ကုန်း၊ရမည်းသင်း၊ ပျော်ဘွယ် စသမြို့နယ်များဖြစ်ပြီး လမ်းခရီးတစ်လျောက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အပါအ၀င် ကျန်မြို့နေ ပြည်သူလူထုများက ၎င်းတို့အား အစားအသောက်နှင့် ဆေးဝါးများ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

''KIAနဲ့အစိုးရပိုင်းက ငြိမ်းချမ်းရေး ကော်မရှင်ကလည်း အခုငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်နေတယ်လို့ ကြားပါတယ်။စစ်အရှိန်လျော့ဖို့ လုပ်နေကြတာကိုလည်း ၀မ်းသာတယ်။အဲဒါနဲ့ပတ်သက်လို့ နိုင်ငံတော်အစိုး ရပိုင်းကို တောက်လျောက် ကြိုဆိုတယ်။ ကျွန်တော်တို့အနေနဲ့လည်း ငြိမ်းချမ်းရေးအတွက် တစ်ဖက်တစ်လမ်းကနေ လုပ်ဆောင်သွားပါမယ်။''ဟု ငြိမ်းချမ်းရေးအတွက် လမ်းလျောက်သူ ကိုဇင်ကိုမှ ပြောသည်။

အဆိုပါ ငြိမ်းချမ်းရေးအတွက် လမ်း  လျောက်သူများဦးရေသည် လက်ရှိတွင် သံဃာ၁၃ပါးအပါအ၀င်၊လူပုဂ္ဂိုလ် ၄၄ဦး ရှိနေပြီဖြစ်ပြီး ရန်ကုန်မှ စတင်ထွက်ခွာလာစဉ်ကထက် လူဦးရေ များပြားလာကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။