Monday, January 28, 2013

သင်္ဃန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်းနှင့် ပြည်သာယာလမ်းထောင့်ရှိ စစ်တပ်မှ သိမ်းယူထားသော မြေနေရာအား ယခင်စစ်အစိုးရလက်ထက် အတင်းကျပ်ပြောင်းရွေ့ခံရသူများမှ ဆန္ဒထုတ်ဖော်

သင်္ဃန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်းနှင့်ြ1ပည်သာယာလမ်းထောင့်ရှိ စစ်တပ်မှသိမ်းယူထားသောမြေ ယခင်မိချောင်းကန်ရပ်ကွက် (၁၊၂၊၃) နေရာအား ယခင်စစ်အစိုးရလက်ထက် အင်အားသုံး၍ အတင်းကျပ် ပြောင်းရွေ့ခံရသူများမှ ဆန္ဒထုတ်ဖော်မူကို ဇန်န၀ါရီ ၂၇ ရက်နေ့ မနက် ၉ နာရီတွင် ပြုလုပ်ခဲ့သည်။

ထိုသို့ ဆန္ဒထုတ်ဖော်ရခြင်းမှာ ယခင်စစ်အစိုးရလက်ထက်တွင် စစ်အစိုးရမှ နိုင်ငံတော်အတွက် အမှန်တကယ် လိုအပ်သောနေရာ မဟုတ်ဘဲနဲ့ မိမိတို့အပေါ် နိုင်ငံရေးအမုန်းတရား ကြီးစွာဖြင့် ဒီရပ်ကွက်ကို ဖျက်ဆီးလုပ်ဆောင်ခြင်း၊ ပြည်သူများအပါ် အင်အားသုံးဖယ်ရှားမှုများကြောင့် မိမိတို့အနေနဲ့ ဆန္ဒထုတ်ဖော်မူများ ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

"ဇေယျာသိရီလမ်းဘက်မှာရှိတဲ့ လူတချို့တ၀က်ကို ဖျက်သိမ်းတာကို ကျေနပ်ပါတယ်ဆိုတဲ့ လှိုဝှက်ဆန္ဒမဲတွေ ကောက်တယ်၊ ဒါပေမဲ့ကျွန်တော်တို့ကို သင်းကွဲခွဲပြီးတော့ လှိုင်သာယာ၊ ရွှေပြည်သာ၊ အေးမြသာယာ၊ ဒဂုံတောင်၊ ဒဂုံမြောက် ခုနက ကျွန်တော်ပြောတဲ့နေရာတွေကို ပို့တဲ့အခါမှာ နောက်ဆုံးကျန်တဲ့သူတွေကို လျှို့ဝှက်ထားပြီးတော့ ကျွန်တော်တို့ရဲ့ ဟိုဘက်ရပ်ကွက် တဖက်စွန်းမှာရှိတဲ့ ဇ/တောင်ရပ်ကွက် တိုက်ခန်းတွေကို နစ်နာလျော်ကြေးအနေနဲ့ ပေးလိုက်ပါတယ်။ လူ့အခွင့်ရေးအနေနဲ့ ဆတူမရခဲ့ဘူး၊ ကျွန်တော်တို့အလှည့်ကျမှ ကျန်တဲ့သူတွေကို ပေးလိုက်တယ်၊ မယူတဲ့သူတွေကို ၁၉၉၁ ခုနှစ်လောက်က နစ်နာကြေးအနေနဲ့ ငွေငါးသိန်းပေးတယ် ကျွန်တော်တို့ကိုကျတော့ ငွေသွင်းခိုင်းတယ်။ ပေနှစ်ဆယ်ကို ကာလတန်ကြေး ၄၈၀၀ နဲ့ယူ၊ မယူနိုင်တဲ့သူတွေ မတတ်နိုင်ဘူး။ အဲ့ချိန်အဲခါက ငွေကြေးတွေရှားပါးတယ် ငွေကာလတန်ဖိုးကလည်း မြင့်မားတယ် မပေးနိုင်တဲ့သူတွေကျတော့ အေးသုခ၊ အေးမြသာယာ၊ ပဲခူးတိုင်း ဟိုးတောထဲမှာပို့ထားတယ် အဲ့ကိုရောက်တဲ့သူတွေက မြွေဆိုးတွေကိုက်၊ ငှက်ဖျားရောဂါတွေနဲပသေတဲ့သူက သေ၊ ပီလောပီနှံတွေ စိုက်စားနေခဲ့ရတာ ဒီလို နှစ်၂၀ ကျော်ခံစားလာခဲ့ရတာ အခုကျွန်တော်တို့ပြည်သူတွေ မခံစားနိုင်တော့ဘူး၊ ကျွန်တော်တို့ ဘိုးဘွားတွေလည်း ဒီလိုအဖြစ်ဆိုးတွေကြောင့် စိတ်ရောဂါရပြီး သေဆုံးသွားရပြီ နိုင်ငံတော်အတွက် အမှန်တကယ်လိုအပ်တဲ့ နေရာလည်းမဟုတ် အာဂတကြီးစွာနဲ့ ကျောင်းသားခေါင်းဆောင်ဟောင်း မိုးသီးဇွန်နေတဲ့ရပ်ကွက် ဖြစ်နေတာကြောင့် ဖျက်သိမ်းခိုင်းတယ်လို့ ကျွန်တော်တို့ ယူဆတယ်၊ အခုတော့ ဒီနေရာက ပန်းအလှ စိုက်ပျိုးတဲ့လူတွေကို မြေနေရာ ငှားစားတယ်၊ စိုက်ခင်းလုပ်တဲ့သူတွေကို ငှားစားတယ်၊ ယခင်မဖယ်တုန်းက ကျွန်တော်တို့ကို စစ်အစိုးရက ဘူဒိုဇာနဲ့ ထိုးပြီး ဖျက်သိမ်းတဲ့အပြင် ကျွန်တော်နဲ့ မိသားစုတွေကိုပါ ဖမ်းဆီးထိန်းသိမ်းတာတွေ ပြုလုပ်ခဲ့ပါတယ်" ဟု အဆိုပါ ဆန္ဒပြပွဲ ဦးဆောင်သူ ဦးစိန်သန်းက ပြောပြခဲ့သည်။

အဆိုပါ ရပ်ကွက်ဖျက်သိမ်းခံရခြင်းနှင့် ပတ်သက်၍ တရားဥပဒေစိုးမိုးရေး ကော်မတီ၊ ပွင့်လင်းလူ့အဖွဲ့အစည်း၊ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စသည့်အဖွဲ့အစည်းများထံသို့ လိပ်မူ၍ ရေးသားပေးပို့ထားကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။